Containers

ကိုယ်ပိုင်ဉာဏ်ရည်ဖြင့် သွားလာမည့် ကွန်တိန်နာသင်္ဘော စတင်တည်ဆောက်

Qingdao သင်္ဘောကျင်းသည် တရုတ်နိုင်ငံ၏ မောင်သူမဲ့ အလိုအလျောက် ထိန်းချုပ်စနစ်သုံး ကွန်တိန်နာ Zhi Fei ကို စတင်ဆောက်လုပ်သည်။

တည်ဆောက်ရေးလုပ်ငန်းကို မေလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး သံမဏိဖြတ်တောက်မှုအခမ်းအနားဖြင့်စတင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်မီဒီယာများမှ သိရသည်။

TEU ၃၀၀ အရွယ်အစား ကွန်တိန်နာသင်္ဘောတွင် အသိဉာဏ်ရှိသော ရေကြောင်းသွားလာရေးစနစ်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ် အပါအ ၀ င်သင်္ဘော၏ နိုင်တြိုဂျင်အောက်ဆိုဒ်၊ ဆလာဖာဒိုင်အောက်ဆိုဒ်နှင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် ဆူညံသံများကို လျှော့ချနိုင်သည့် အဆင့်မြင့်သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော ဖြေရှင်းချက်များ တပ်ဆင်ထားမည် ဖြစ်သည်။

ထို့အပြင် မီးစက်နှင့်ပါဝါဘက်ထရီတို့ကို ပေါင်းစပ်ထားသော hybrid ဖြေရှင်းချက်သည် သင်္ဘော၏စွမ်းအင်သုံးစွဲမှုကို အကောင်းဆုံးဖြစ်စေသည်။

သင်္ဘောသည် အရှည် ၁၁၇ မီတာ၊ တန်ချိန် ၅၀၀၀၊ အကျယ် ၁၅ မီတာရှိလိမ့်မည်။ အမြင့်ဆုံးအမြန်နှုန်း ၁၂ မိုင်ဖြင့် ခုတ်မောင်းနိုင်သည်။

၎င်းကို Shanghai Bestway Marine Engineering Design၊ Navigation Brilliance (Qingdao) Technology ၊ Shanghai Marine Equipment Research Institute နှင့် China Waterborne Transport Research Institute တို့က ပူးတွဲတီထွင်ခဲ့သည်။

၎င်းသည် ဉာဏ်ရည်ပါရှိသော ရေကြောင်းသွားလာမှုစနစ် ဖြစ်ပြီး လူမပါဘဲ သီးခြား အမှီအခို ကင်းကင်းဖြင့် လုပ်ကိုင်နိုင်သော ပထမဆုံးကွန်တိန်နာ သင်္ဘောဖြစ်သည်။

သင်္ဘောကို ၂၀၂၁ ခုနှစ်ဇွန်လတွင်ပြီးစီးရန်နှင့်ဖြန့်ဝေရန်စီစဉ်ထားသည်။

turkishmaritime.com

 

ကိုယ္ပိုင္ဉာဏ္ရည္ျဖင့္ သြားလာမည့္ ကြန္တိန္နာသေဘၤာ စတင္တည္ေဆာက္

Qingdao သေဘၤာက်င္းသည္ တ႐ုတ္ႏိုင္ငံ၏ ေမာင္သူမဲ့ အလိုအေလ်ာက္ ထိန္းခ်ဳပ္စနစ္သုံး ကြန္တိန္နာ Zhi Fei ကို စတင္ေဆာက္လုပ္သည္။

တည္ေဆာက္ေရးလုပ္ငန္းကို ေမလ ၁၅ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ၿပီး သံမဏိျဖတ္ေတာက္မႈအခမ္းအနားျဖင့္စတင္ခဲ့ျခင္းျဖစ္သည္ဟု တ႐ုတ္မီဒီယာမ်ားမွ သိရသည္။

TEU ၃၀၀ အ႐ြယ္အစား ကြန္တိန္နာသေဘၤာတြင္ အသိဉာဏ္ရွိေသာ ေရေၾကာင္းသြားလာေရးစနစ္ႏွင့္ လွ်ပ္စစ္ဓာတ္အားေပးစနစ္ အပါအ ၀ င္သေဘၤာ၏ ႏိုင္ႀတိဳဂ်င္ေအာက္ဆိုဒ္၊ ဆလာဖာဒိုင္ေအာက္ဆိုဒ္ႏွင့္ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈႏွင့္ ဆူညံသံမ်ားကို ေလွ်ာ့ခ်ႏိုင္သည့္ အဆင့္ျမင့္သဘာဝပတ္ဝန္းက်င္ႏွင့္သဟဇာတျဖစ္ေသာ ေျဖရွင္းခ်က္မ်ား တပ္ဆင္ထားမည္ ျဖစ္သည္။

ထို႔အျပင္ မီးစက္ႏွင့္ပါဝါဘက္ထရီတို႔ကို ေပါင္းစပ္ထားေသာ hybrid ေျဖရွင္းခ်က္သည္ သေဘၤာ၏စြမ္းအင္သုံးစြဲမႈကို အေကာင္းဆုံးျဖစ္ေစသည္။

သေဘၤာသည္ အရွည္ ၁၁၇ မီတာ၊ တန္ခ်ိန္ ၅၀၀၀၊ အက်ယ္ ၁၅ မီတာရွိလိမ့္မည္။ အျမင့္ဆုံးအျမန္ႏႈန္း ၁၂ မိုင္ျဖင့္ ခုတ္ေမာင္းႏိုင္သည္။

၎ကို Shanghai Bestway Marine Engineering Design၊ Navigation Brilliance (Qingdao) Technology ၊ Shanghai Marine Equipment Research Institute ႏွင့္ China Waterborne Transport Research Institute တို႔က ပူးတြဲတီထြင္ခဲ့သည္။

၎သည္ ဉာဏ္ရည္ပါရွိေသာ ေရေၾကာင္းသြားလာမႈစနစ္ ျဖစ္ၿပီး လူမပါဘဲ သီးျခား အမွီအခို ကင္းကင္းျဖင့္ လုပ္ကိုင္ႏိုင္ေသာ ပထမဆုံးကြန္တိန္နာ သေဘၤာျဖစ္သည္။

သေဘၤာကို ၂၀၂၁ ခုႏွစ္ဇြန္လတြင္ၿပီးစီးရန္ႏွင့္ျဖန႔္ေဝရန္စီစဥ္ထားသည္။

turkishmaritime.com

Read times
Rate this item
(0 votes)