Containers

သင်္ဘောပေါ်မှ ကွန်တိန်နာအလုံး ၄၀ ပြုတ်ကျပြီးနောက် မတ်စ်များ ဆစ်ဒနီကမ်းခြေပေါ် ရောက်ရှိ

 ကွန်တိန်နာသင်္ဘော APL England သည် ပင်လယ် လှိုင်းကြမ်းသဖြင့် သြစတြေးလျ၏ အရှေ့ဘက်ကမ်းရိုးတန်းတွ င်ပင်လယ်ပြင်၌ ကုန်သေတ္တာ အလုံး ၄၀ ပြုတ်ကျဆုံးရှုံးခဲ့သည်။

APL England သည်  တရုတ်နိုင်ငံမှ မဲလ်ဘုန်းမြို့ သို့ ၂၄ ရက်နေ့တွင် ပင်လယ်ပြင်၌ ကုန်သေတ္တာများ ပြုတ်ကျခဲ့ပြီး သင်္ဘောကို ဘရစ္စဘိန်းသို့  ဦး လှည့်ခဲ့သည်။

 

 

သင်္ဘောပေါ်မှ ဆုံးရှုံးခဲ့ရသော ကုန်သေတ္တာများသည် အိမ်သုံးပစ္စည်းကိရိယာများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ အပါအ ၀ င်ကုန်ပစ္စည်းအမျိုးမျိုးကို ထည့်သွင်းထားသည်။

ရေထဲကျပြီးနောက် ကုန်သေတ္တာများ တံခါးပွင့်ထွက် သွားသဖြင့် အထဲတွင် ရှိသေ မတ်စ် အများအပြားတို့ အပြင်သို့ ရောက်ရှိ မျောပါပြီး  ဆစ်ဒနီမြို့ မြောက်ဘက်ရှိ Magenta Beach ပေါ် လာတင်နေသည်ကို တွေ့ကြရသည်။

 

 

Australian Maritime Safety Authority  AMSA  က တွစ်တာတွင် နောက်ဆုံးရသတင်းကို တင်ပြခဲ့ရာ၌ “ ထပ်မံ၍ ကွန်တိန်နာ ၇၄ လုံးပျက်စီးသွားပြီး သင်္ဘော၏ ကုန်းပတ်ပေါ်ပြိုကျသွားသည်။

နောက်ထပ်ကွန်တိန်နာ ၆ ခုသည် starboard side (ယာဘက်ခြမ်း) မှာ ထွက်နေပြီး 

port side (ဝဲဘက်ခြမ်း) မှ ကွန်တိန်နာသုံးခု ထွက်နေသည်” ဟု ပြောကြားခဲ့သည်။

 

 

စင်ကာပူတွင် မှတ်ပုံတင်ထားသော APL England သည် ၅၅၁၀ TEU (twenty-foot equivalent unit) တင်ဆောင်နိုင်စွမ်း ရှိပြီးvesselfinder.com ဖော်ပြချက်အရ 

ဧပြီလ ၂၅ ရက်တွင် စင်ကာပူ၊

 

ဧပြီလ ၃၀ ရက်တွင် ဖိလစ်ပိုင်၊ 

မေလ ၈ ရက်တွင် တရုတ်ပြည် ရှန်ဟိုင်း၊ 

မေလ ၁၀ ရက်တွင် နင်ဘို ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချ ပြခဲ့သည်။

 ယခု နင်ဘိုမှ ဩစတေးလျနိုင်ငံ မဲလ်ဘုံးသို့ ခုတ်မောင်းစဉ် ကွန်တိန်နာများ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ BRISBANE ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပြီး စစ်ဆေးမှု ခံယူနေသည်ဟု သိရသည်။

 

 

 

ပြုတ်ကျသွားသည့် ကွန်တိန်နာ ၄၀ အပြင် သင်္ဘောပေါ်တွင်နောက်ထပ် ၇၄ လုံးပျက်စီးခဲ့သည်။

APL England သည် ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဩစတေးလျ ပင်လယ်ပြင်တွင် လှိုင်းကြမ်းသဖြင့် ကွန်တန်နာ ၃၇ လုံး ရေထဲ ပြုတ်ကျခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင် ပင်လယ် လှိုင်းကြီးနေစဉ် အင်ဂျင် စက်သေနေသဖြင့် လှိုင်းများကို သင်္ဘောဦးဖြင့် ခွဲပေးဖို့အတွက် ထိန်းကျောင်းနိုင်ခြင်း မရှိရာမှ ယခုလို ကွန်တိန်နာများ ဆုံးရှုံးရခြင်း ဖြစ်သည်။

APL ( American President Lines)ကို အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၁၇၀ က ထူထောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် စင်ကာပူမှ Neptune Orient Lines က ဝယ်ယူခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် CMA CGM သင်္ဘောလိုင်းသို့ ရောင်းချခဲ့သည်။

Read times
Rate this item
(2 votes)