Containers

တုံးလုံးလဲနေတဲ့ ကားတင်သင်္ဘော Golden Ray ကြီးကို ဖယ်ဖို့ US$ သန်း၄၀၀ ကျော် ကုန်ကျနိုင်

တုံးလုံးလဲနေတဲ့ ကားတင်သင်္ဘော Golden Ray ကြီးကို ဖယ်ဖို့ US$ သန်း၄၀၀ ကျော် ကုန်ကျနိုင် Captain Win

North P&I Club ရေကြောင်းဆိုင်ရာ အကျိုးစီးပွားအာမခံ လုပ်ငန်းကြီးက၊ တုံးလုံးလဲနေတဲ့ Golden Ray ကားတင်သင်္ဘောကြီးကို ဖယ်ရှားရန် US$ သန်း ၄၀၀ ကျော်နိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ P&I Club အာမခံ အုပ်စုအတွက် အကြီးမားဆုံး အလျော်ပေးရခြင်းဖြစ်ပါတယ်။

 

ထိုလျော်ကြေးပေးချေရခြင်းကို၊ ကမ္ဘာ့ရေကြောင်းသွားလာရေး ရဲ့ ၉၀% ကျော်ကို တာဝန်ယူ အာမခံပေးနေတဲ့၊ P&I Club အာမခံလုပ်ငန်းကြီး ၁၃ ခု ပေါင်း၍ ပေးလျော်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုသင်္ဘောကြီးကို ဖယ်ရှားရေး စီမံကိန်းသည်လည်း၊ ယူအက်စတွင် အကြီးဆုံးဖြစ်ခဲ့ပါတယ်။

 

ထိုကားသင်္ဘောမှာ လွန်ခဲ့သည် စက်တင်ဘာ ၂၀၁၉က ယူအက်စ ဂျော်ဂျီယာပြည်နယ် စိန့်ဆိုင်မွန် ရေလမ်းကြောင်းရှိ ဘရမ်းဝခ့် ဆိပ်ကမ်း က အထွက်မှာ သောင်တင်ပြီး၊ ဟန်ချက်ပျက် (Stability ပျောက်) တုံးလုံးသွားခဲ့တာပါ။ ကား ၄၂၀၀ စီးကို တင်ထားပြီး၊ ထိုကားများအားလုံး သင်္ဘောထဲတွင်ရှိနေပါတယ်။

 

သင်္ဘောကို ပြန်ဖေါ်မယ့် (Salavage) လုပ်ငန်းတွင်၊ သင်္ဘောကို အပိုင်းပိုင်းဖြတ်ထုတ်ပြီး၊ VB-10,000 Heavy Lift ဝန်ချီစက် ဖေါင်ပေါ်မှ၊ ဝန်ချီစက်ဖြင့် ဆွဲဖယ်မည်ဖြစ်ပါတယ်။ အဏ္ဏဝါဗေဒနှင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် ရန် သင်္ဘောပျက်ဘေးတွင်၊ အစီအမံများ လုပ်ထားပြီးဖြစ်ပါတယ်။

 

Salvage သင်္ဘောဖျက်ဖယ်သည့် လုပ်ငန်းကို နံမည်ကျော် T & T Salvage လုပ်ငန်းကတာဝန်ယူပြီး၊ အချိန် မည်မျှကြာမည် ကို ခန့်မှန်းနိုင်ခြင်း မရှိသေးပါ။

ဆက်စပ်ဖတ်ရှုရန် ပုံကို ထိပါ

တိမ်းစောင်းနစ်မြှုပ် Golden Ray အတွင်းအပြင်မြင်ကွင်း

 

 

လေးစားလျက် Captain Win

Read times
Rate this item
(6 votes)