Containers

တရုတ် ကုန်သည်များဆိပ်ကမ်း လုပ်ငန်း၊ အလီဘာဘာနှင့် အန့် ပူးပေါင်းခြင်း

တရုတ်ပြည်၏ အကြီးဆုံးဆိပ်ကမ်းစီမံခန့်ခွဲရေးလုပ်ငန်း China Merchants Port Group၊ e-commerce လုပ်ငန်းကြီးဖြစ်သော Alibaba နှင့် Ant ငွေကြေးရင်းနှီးမြုပ်နှံမှု အုပ်စုတို့ပေါင်း၍၊ Smart Port လုပ်ငန်းစဉ် တစ်ခုအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

 

ထို လုပ်ငန်းစုကြီး ၃ ခုပေါင်း၍ ဆိပ်ကမ်းဝန်ဆောင်မှုများ၊ အင်တာနက်နှင့် သတင်းအချက်အလက်များ၊ ငွေကြေးနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ တခြား ဝန်ဆောင်မှု အသစ်များကို ပူူးပေါင်း၍ interconnected digital port logistics ecosystem ကြီးတစ်ခု တည်ထောင်ရန်ဖြစ်ပါတယ်။

 

ထိုလုပ်ငန်းသည် Blockchain အခြေခံ နည်းပညာများကို သုံးစွဲမည်ဖြစ်ပြီး၊ ရောင်းသူဝယ်သူကြား ထိတွေ့မှု မရှိဘဲ၊ ဒီဂျစ်တယ် သွင်းကုန် နှင့် ထုတ်ကုန်များ လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

 

“Belt and Road Initiative” ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း ရည်မှန်းချက်ဖြစ်သော၊ ကမ္ဘာ့ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး၊ နိုင်ငံများ စည်းစနစ်ကျကျ ပူးပေါင်းနိုင်ရေး အတွက်များစွာ အထောက်အကူဖြစ်စေပါမယ်။

 

Captain Win

Read times
Rate this item
(0 votes)