Containers

သင်္ဘောဝမ်းဖောက်၍တမင်မြှပ်ပစ်သည့် Stellar Banner သင်္ဘော

ဘရာဇီးရဲ့ အာဏာပိုင် အဖွဲ့ အစည်းတွေဟာ ၂၀၁၆ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တဲ့ Stellar Banner အမည်ဖြင့် ကြီးမားတဲ့ သတ္တုရိုင်းသယ်ဆောင်တဲ့ Very Large Ore Carrier  ( VLOC ) သင်္ဘောကြီးကို မာရမ်ဟောင်ကမ်းခြေဒေသမှာ ဝမ်းဗိုက်ဖောက်၍ မြှပ်နှံ လိုက်တယ်လို့ ၎င်းတို့အနေနဲ့ မှတ်ချက်ချလိုက်တယ်သိရပါတယ်။ထိုသို့ မြှုပ်နှံလိုက်ရခြင်းမှာ အပြုသဘောဆောင်တာဖြစ်ပြီး သူတို့ အနေနဲ့ အာမခံကြေးငွေ ရယူလိုသောကြောင့်လို့သိရပါတယ်။

 

အဆိုပါ သင်္ဘောကြီးဟာ သံ သတ္တုတွေကို တရုပ်ပြည်သို့ သယ်ယူသွားစဉ် ဘရာဇီးရဲ့ ပင်လယ်ကမ်းစပ် မာရမ်ဟောင်မှာ သင်္ဘောစတင်မြှပ်တယ်သိရပါတယ်။သင်္ဘောပေါ်တွင်သင်္ဘောသား အယောက် ၂၀ ပါဝင်ပြီး ၎င်းတို့ အနေနဲ့ လုံခြုံ စိတ်ချ ရတဲ့ အခြေအနေမှာ ရှိပါတယ်။သင်္ဘော ကပ်ပတိန်ကတော့ ခေတ္တ အထိန်သိမ်းခံရတယ်လို့သိရပါတယ်။

 

Stella Banner သင်္ဘောဟာ ၂၀၂၀ ဖေဖော်ဝါရီ ၂၅ ရက်နေ့ က ပျက်စီးသွားခဲ့တာ ဖြစ်ပြီး အစက သင်္ဘော ကပ်ပတိန် အနေနဲ့ ကမ်းတင်ဖို့ ရယ်ရွယ်ချက်ချခဲ့တယ်သိရပါတယ်။သင်္ဘောဟာ ယခင်အပတ်က ပြန်လည်ပေါ်လာတယ်သိရပြီး ထိုသို့ ပြန်လည်ပေါ်ပေါက်လာခြင်းမှာ ဘရာဇီးရေတပ်မှ သင်္ဘောပေါ်မှ သံထည်ပစ္စည်း တစ်သိန်းလေးသောင်းတန်ချိန် နဲ့ ဆီ သုံးထောင့်ကိုးရာ ဂါလံ ဖယ်ထုတ်လိုက်တဲ့ အခါမှာ ရေပေါ်ပြန်ပေါ်လာခဲ့တာပါ။

 

ဘရာဇီးရေတပ် အနေနဲ့ ထိုကိစ္စကိုကိုင်တွယ်တဲ့ နေရာမှာ အတော်လေး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့ရပါတယ် သည့်ထက် ပင်လယ်ပြင်မှာ လုပ်ကိုင်စားသောက်နေရတဲ့ လူတွေရဲ့ ဘ၀ တွေ ကို အန္တရာယ်မများစေဖို့ရယ်ရွယ်ပုံပါပဲ။ဆီတွေ ပင်လယ်ထဲ အများအပြား မမှောက်ကျ စေဖို့ကို ရယ်ရွယ်ခဲ့ပြီး မျက်မြင်စောင့်ကြည့်ကာ ရေတပ်လူအင်အားကို များပြားစွာ အသုံးပြုခဲ့တယ်သိရပါတယ်။

 

လက်ရှိမှာတော့ အဆိုပါ Stelllar Banner သင်္ဘောဟာ ၂၅ မီတာမှာ ဆီမဖိတ်စင်ပဲ သင်္ဘောတွင် ဆီအပြည့်ရှိလျက် တွေ့ရကာ ဘရာဇီး ရေတပ်သားများမှ ထိုဆီများ မယိုဖိတ်ခင် ဆယ်ယူလိုက်နိုင်ပါတယ်။အခုအချိန်မှာတော့ ပင်လယ်ရေနက်ခြား ရဲတပ်ဖွဲ့ဟာ ထိုဖြစ်စဉ် ကို သေချာအောင် စိစစ် နေပြီလို့သိရပါတယ်။

 

<<< Zawgyi >>>

 


--------------------------------------------------------------------------

 


 


 


 


 


 

Ref : Splash 

Read times
Rate this item
(9 votes)