Containers

နှစ်၁၀၀အတွင်း အဆိုးဆုံး တရုတ်ရေကြီးမှုက ဆီတင်သင်္ဘောလုပ်ငန်းကို ထိခိုက်လာနိုင်

နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုသည် ရေနံတင်သင်္ဘောများရောင်းဝယ်ဖောက်ကားမှုအပေါ် သိသိသာသာသက်ရောက်မှုများရှိနေပါတယ်။

 

ယခုလအများစုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်တိုင်းပြည်တွင် ရေကြီးမှုများ၊ သေဆုံးမှုများနှင့် ကြီးမားသောမြစ်ဆုံဆည် ၃ ခုသည် ရေလွှမ်းမိုးခြင်းကို ခံနိုင်ရည်မရှိတာကြောင့် စိုးရိမ်ပူပန်မှုတွေ ပိုလို့များလာခဲ့ပါတယ်။

 

tanker ပွဲစားများကအစီရင်ခံစာသစ်တွင် ရေကြီးမှုကြောင့် ၀ယ်လိုအားကျဆင်းခြင်းနှင့် Covid-19ကြောင့် စီးပွားရေးကျဆင်းမှုများရှိနေပြီး စီးပွားရေး ပြန်လည် နာလန်ထူလာစေနိုင်ဖို့အတွက် စိုးရိမ်းမှုများရှိနေတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

 

Chinese တွင် ၎င်းသည်လာမည့်လများအတွင်း ရေနံစိမ်းတင်သွင်းမှုကိုလျှော့ချနိုင်ပြီး မေလတွင် ဈေးနှုန်းမြင့်မားသောရေနံစိမ်း ၀ယ်ယူမှုများကြောင့် တရုတ်သိုလှောင်မှုများမြင့်တက်နေခြင်းနှင့်ရေနံတင်သင်္ဘောဈေးကွက်အတွက်အချို့သော “ စိုးရိမ်းစရာအချက်များ” ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

 

ယန်စီမြစ်အတွင်း ကုန်စည်စီးဆင်းမှုများ၊ ရေနံစိမ်း သိုလှောင်မည့် စရိတ်တက်လာသည့် ပြသနာများ၊ ဆိပ်ကမ်းများ ကျပ်တည်းမှုများ ဖြစ်နေပြီး၊ ရေနံမှ တစ်ဆင့်ထုတ်သည့် အထည်အလိပ် ထုတ်လုပ်မှုများလည်း ရေကြီးမှုကြောင့် လျော့ကျခဲ့ပါတယ်။

Read times
Rate this item
(0 votes)