Containers

ကွန်တိန်နာ သင်္ဘောများ ချာတာအငှားများ ဈေးကောင်းရ

ကွန်တိန်နာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကြီးများသည် အဓိကကျသည့် ကုန်သွယ်ရေကြောင်း လမ်းကြောင်းများတွင် ကွန်တိန်နာဖြင့် ပို့ဆောင်ခြင်းများ ရုတ်ချည်းမြင့်တက်လာခဲ့ပြီး ပို့ဆောင်ခများ ထိုးတက်ကုန်သဖြင့် ကွန်တိန်နာ သင်္ဘောအကြီးစားများကို စင်းလုံးငှားချာတာ ငှားရမ်းကာ လုပ်ကိုင်နေကြသည်။ 

7,500-11,000 teu ကွန်တိန်နာသင်္ဘောများသည် ဇူလိုင်လကတည်းက နေရာမကျန်အောင် ရောင်းချပြီးသား ဖြစ်နေကြသည်။ သို့ဖြစ်ရာ ကွန်တိန်နာပွဲစားလုပ်ငန်းများက အလုအယက် ငှားရမ်းကြခြင်းကြောင့် ဖြစ်သည်။

 

သို့ဖြစ်ရာ ကွန်တိန်နာကုန်စည်ပို့ဆောင်ရေး ထိပ်တန်းလုပ်ငန်းကြီးများသည် ဘယ်ဈေးပေးရပေးရ ကွန်တိန်နာကုန်စည်ပို့ဆောင်ရန်အတွက် သင်္ဘောရဖို့ အဓိကထားပြီး ငှားရမ်းလာကြရာ ကွန်တိန်နာ သင်္ဘောအကြီးစားများကို စင်းလုံးငှားချာတာ ငှားရမ်းကြသည်။

 

အလွန်ကြီးမားသော ကွန်တိန်နာသင်္ဘော VLCS (7,500-11,000 teu) များကို ငှားရမ်းကြသည်။ VLCS တစ်စီး မရလျှင် ပနားမားတူးမြောင်း ဝင်ဆန့်မှု ကန့်သတ်ချက်အရ အကြီးဆုံးအရွယ်အစားpanamaxes (4,000-5,100 teu) နှစ်စီးကို ငှားဖို့ ရှာဖွေကြသည်။

 

MSC သည် ဈေးကွက်ထဲတွင် အကြမ်းဆုံး ချာတာငှားသည့်လုပ်ငန်း ဖြစ်နေသည်။ 8,208 teu တင်ဆောင်နိုင်သည့် Navios Utmost ကို ၂နှစ် စင်းလုံးငှားသည်။ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၂၂,၀၀၀ ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ၁၄ နှစ် သက်တမ်းရှိပြီး ယခင်အမည် Yang Ming ဖြစ်သော အဆိုပါ ကွန်တိန်နာ ငှားရမ်းခသည် ပြီးခဲ့သည့် တစ်လတုန်းက ပေါက်ဈေးထက် ၈၀% မြင့်တက်သည်အထိ ခုန်တက်သွားခြင်း ဖြစ်သည်။

 

Alphaliner တွင် ဖော်ပြထားသည်မှာ 8,000 teu-class သင်္ဘောဖြစ်ပြီး အအေးခန်း ကွန်တိန်နာ အလုံး ၇၀၀ အတွက် ပလပ်ပေါက်များ ပါရှိသည်။ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်တုန်းက ထိုအရွယ်အစား ကွန်တိန်နာသင်္ဘောများအဖို့ ငှားရမ်းခ ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ တစ်နေ့လျှင် $12,000-$15,000 ဖြင့် စင်းလုံးငှားနှုန်းထားမျှသာ ရှိခဲ့သည်။ ငှားရမ်းကာလမှာလည်း တစ်နှစ်ထက် ပိုကြာခြင်း မရှိချေ။ ယခုလို နှစ်နှစ်ဆက်တိုက် ငှားရမ်းခြင်းမျိုး မရှိခဲ့ချေ။ ထို့ပြင် ငှားရမ်းသက်တမ်း ကုန်ဆုံးရက်ကို အတိုးအဆုတ် ပြုခွင့် ရယူထားပြီး ငှားရမ်းကြလေ့ရှိသည်။

 

panamax ကွန်တိန်နာသင်္ဘောများ ငှားရမ်းခသည်လည်း ဇူလိုင်လကုန်တွင် တစ်ရက် အမေရိကန်ဒေါ်လာ ၉၀၀၀ ရဖို့ အတော်ကြိုးစားနေခဲ့ကြရသည် အခြေအနေမှ ယခု ဩဂုတ်လကုန်တွင် တစ်ရက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ သို့ မြင့်တက်ရောက်ရှိနေသည်။

 

By Myanmar Logistic Guide

Ref: gcaptain.com

Read times
Rate this item
(0 votes)