Containers

ရေမျောကမ်းတင် MV Jakarta

အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၊ Da Nang မြောက်ပိုင်း၊ Thua Thien Hue ပြည်နယ်ကမ်းခြေမှာ လာတင်နေသည့်

ကွန်တိန်နာသင်္ဘောတစ်စီးကို တွေ့ရှိခဲ့သည်။ သင်္ဘောသည် ညအချိန်တွင် မုန်တိုင်းတိုက်ခတ်သဖြင့် အကြီးအကျယ်ပျက်စီးခဲ့ပုံရ သည်။ 

 

သင်္ဘော ခါးကျိုးနေပြီ ဖြစ်သော်လည်း မြှုပ်မသွားဘဲ ပေါ်လောမျောနေနိုင်သည်။

 

သတင်းရရှိသဖြင့် ပြည်နယ်အာဏာပိုင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် သင်္ဘော ကမ်းတင်နေသည့် ကမ်းခြေသို့ ရောက်ရှိလာပြီး VHF နှင့်အသံချဲ့စက်မှတစ်ဆင့် သင်္ဘောနှင့်ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။ သင်္ဘောပေါ်တွင် လူတစ်ဦးမှ ပါမလာချေ။

 

JAKARTAmystery3.jpg

 

ပဲ့စင် Bridge nameplate တွင်သော်လည်းကောင်း၊ superstructure front တွင်သော်လည်းကောင်း IMO နံပါတ်မရှိပါ။

BeanBag_Square_250x250.png

 

သင်္ဘော အမည် JAKARTA ကို သင်္ဘောဦးတွင် တွေ့မြင်ရသည်။ ဟောင်ကောင် သို့မဟုတ် ထိုင်ဝမ်မှတ်ပုံတင်အလံအဖြစ် ယူဆကြသည်။

 

JAKARTAmystery2.jpg


ရရှိထားသော အချက်အလက် အနည်းငယ်ဖြင့် ဒေတာဘဏ်တွင် ရှာဖွေကြရာမှ အပျက်အစီးမှတ်တမ်းဓာတ်ပုံများနှင့် ဗီဒီယိုများအရ CMA CGM JAKARTA ကွန်တိန်နာအထွေထွေကုန်တင်သင်္ဘောဖြစ်မည်ဟု သိရသည်။
မကြာသေးမီအထိ ၎င်းသင်္ဘောကို CMA CGM မှ မောင်းနှင်ခဲ့သည်။ သူမသည် စက်တင်ဘာ ၂၉ ရက်တွင် CMA CGM JAKARTA အမည်ရှိ သင်္ဘေအဖြစ် ဟောင်ကောင်မှ ထွက်ခွာခဲ့ပြီး ၁၁ ရက်အကြာတွင် ဗီယက်နမ်မြောက်ပိုင်းကမ်းရိုးတန်းတွင် ပျက်ခဲ့ခြင်း ဖြစ်မည်ဟု ကနဦးကောက်ချက်ချသည်။ သင်္ဘောဦး အနီးကပ်ဓါတ်ပုံတွင် JAKARTA ဟု စာလုံးကို ရှင်းရှင်းလင်းလင်းမြင်သာသည်။

 

နောက်တစ်နေ့ အောက်တိုဘာလ ၁၁ ရက်တွင် MV Jakarta ၏ပိုင်ရှင်များဖြစ်သည့် NKD Maritime Limited မှ အောက်တိုဘာ ၁၀ ရက်တွင်မိုးသည်းထန်စွာရွာသွန်းသော ရာသီဥတုနှင့်ပင်လယ်အခြေအနေတွင် သင်္ဘောသည် ဗီယက်နမ်၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် သောင်တင်သွားကြောင်း အတည်ပြုပြောကြားသည်။

 

ဖြစ်ရပ်ဖြစ်ပွားချိန်တွင် သင်္ဘောကို ဆွဲသင်္ဘောဖြင့် ဆွဲယူပြီး ခရီးနှင်နေပြီး သင်္ဘောပေါ်တွင် မည်သည့်ကုန်ပစ္စည်းနှင့် လောင်စာဆီမျှ သယ်ဆောင် မထားပါ။ ဝန်ထမ်းသင်္ဘောသားများလည်း တစ်ဦးမှ လိုက်ပါခြင်း မရှိပါဟု အတည်ပြုပြောကြားခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်များနှင့် အဖွဲ့အစည်းများထံသို့လည် အသိပေးအကြောင်းကြားခဲ့ပြီး ဖြစ်သည်။ သင်္ဘောကို ပြန်ဆွဲယူရန်အတွက်လည်း စီစဉ်ထားပြီးဖြစ်သည်။ ရာသီဥတု ပြန်လည်ကောင်းမွန်ပြီး အခြေအနေ ပေးသည်နှင့် လုပ်ငန်းစတင်မည်ဟု ဆိုသည်။

 

fleetmon.com

 

Read times
Rate this item
(2 votes)