Containers

သင်္ဘောကုန်တင်ကုန်ချလုပ်ငန်း နှင့် ဆိပ်ကမ်းများတွင် ဝင်ထွက်သွားလာနိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးနေ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလဖြစ်ပွား‌ဆဲကာလတွင် သင်္ဘောများ ကုန်တင်ကုန်ချလုပ်ငန်းများနှင့် ဆိပ်ကမ်းများသို့ အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ရေးအတွက် အွန်လိုင်းအသုံးပြုကာ စီမံဆောင်ရွက်ပေးလျက်ရှိ‌ ကြောင်း ယင်းဌာန မှ သိရသည်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးစိန်ဝင်း က “ဒီကာလမှာ ကျွန်တော်တို့ရုံးကို လာပြီး လုပ်ငန်းဆောင်ရွက်ကြတဲ့ ထုတ်ကုန်လုပ်ငန်းရှင်တွေ ၊ သွင်းကုန်လုပ်ငန်းရှင်တွေ၊ ကိုယ်စားလှယ်တွေအနေနဲ့ မဖြစ်မနေ လာရောက် ဆောင်ရွက်ရမယ့် အပိုင်းလောက်ကိုပဲ ဆောင်ရွက်ပြီးတော့ အချို့ကိစ္စတွေ မှာ အီးမေးလ်နဲ့ အွန်လိုင်းကနေ ဆက်သွယ်ပြီး ဆောင်ရွက်ပေးနေပါတယ်" ဟု ပြောကြားသည်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများနှင့် သင်္ဘောများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ဆိုက်ကပ်ထွက်ခွာနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဆိပ်ခံဗောတံတားများမှ တာဝန်ခံများ၊ သက်ဆိုင်ရာ သင်္ဘောလိုင်း ဌာနေကိုယ်စားလှယ်များနှင့် နေ့စဥ် Berthing Meeting အစည်းအဝေးကျင်းပရာတွင် ယခင်က ပုံမှန်သာကျင်းပခဲ့သော်လည်း ယခု Covid-19 ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် အွန်လိုင်း အသုံးပြု၍ အစည်းအဝေးများ ပုံမှန် ကျင်းပလျက် ရှိသည် ။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သော ၂၀၂၀ ပြည့်နှစ်မတ်လမှ စက်တင်ဘာလအထိ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်သည့် ကုန်တန်ချိန်ပမာဏကို ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၂၀၁၉ ခုနှစ်တွင် မတ်လမှ စက်တင်ဘာလအထိ အထွေထွေကုန်စည်တန်ချိန် ၅၃၂၁၁၉၇ တင်သွင်း/တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် ယင်းကာလတွင် ကုန်တန်ချိန် ၆၉၀၀၀၄၀ တင်ပို့နိုင်ခဲ့သည့်အတွက် ပမာဏအားဖြင့် ကုန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ပိုမိုတင်ပို့/တင်သွင်းခြင်း ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်။နိုင်ငံခြားသင်္ဘောကြီးများ အဝင်အထွက်နှင့် ကုန်သေတ္တာ တင်သွင်း တင်ပို့မှုမှာလည်း ၂၀၁၉ ခုနှစ်နှင့် ကာလတူနှိုင်းယှဥ်ပါက များစွာ ကွာခြားမှု မရှိကြောင်း သိရပါသည် ။

 

ယခုနှစ် ဇူလိုင်လမှစတင်၍ ရန်ကုန်မြစ်အတွင်း ခွင့်ပြုရေစူးအနက်ပေပိုမိုရရှိခဲ့သဖြင့် ယခင်ထက် အရွယ်အစားကြီးမားသော သင်္ဘောကြီးများ ဝင်ထွက်ခွင့်ရရှိခဲ့ခြင်းကြောင့် ကုန်တန်ချိန်ပမာဏ ပိုမိုကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

" လက်ရှိကိုဗစ်ကာလမှာလေကြောင်းတွေကလဲ ပိတ်တယ်။တခြားနယ်စပ်ဌာနတွေကလဲ ပိတ်တယ်။ဆိုတော့ ကျွန်တော်တို့ရေကြောင်းကပါပိတ်လိုက်မယ်ဆိုရင် အဆင်မပြေတော့ဘူး။ဒါကြောင့်ကိုဗစ်ကာလမှာလဲ မြန်မာတစ်နိုင်ငံလုံးထုတ်ကုန်သွင်းကုန် အကုန်လုံးကို ရေကြောင်းကပဲဆောင်ရွက်နေတာရှိပါတယ်။ အရင်ကဆို ၈၅ ရာခိုင်နှုန်း အခုဆို ရာနှုန်းပြည့် ဆိပ်ကမ်းကပဲတာဝန်ယူပြီးဆောင်ရွက်နေပါတယ်။ကိုဗစ်ဖြစ်တာကြောင် ဆိပ်ကမ်းကို သင်္ဘောအဝင်အထွက်တွေလျော့သွားတယ်ဆိုတာမရှိပါဘူး။

 

ကျွန်တော်တို့ဆီက ကန့်သတ်လိုက်ပြီဆိုရင် ဝန်ဆောင်မှုတွေတော်တော်များများအကြပ်အတည်းဖြစ်သွားမှာပါ။Pilot တွေစီစဉ်တဲ့နေရာမှာလည်း သင်္ဘောတစ်စီးမဝင်ခင် သုံးရက်အလိုတည်းက သင်္ဘောရဲ့အခြေအနေကို လှမ်းသတင်းပေးတယ်။ဒါပေမယ့် သင်္ဘောတွေ မှာတစ်ယောက်ယောက်နေမကောင်းတာပါပြီဆိုရင် Pilot တွေ PPE ဝတ်စုံတွေဝတ်ပြီးမောင်းရပါတယ် " ဟု မြန်မာ့ဆိပ်ကမ်းဏာပိုင် ရေကြောင်းဌာနမှ ဒုတိယရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့်အောင် က ပြောသည်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ်အတွင်း ရေစူးများပြီးတန်ချိန်ကြီးမားသော သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအသစ်အား ရှာဖွေခဲ့ရာ ရေစူး ၉ ဒသမ ၃ မီတာရှိ သင်္ဘော ကြီး များဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း အသစ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းအတွင်း လက်ရှိအ သုံးပြုနေသော မူလရေလမ်းကြောင်း အပြင် ရေစူးပိုမိုများပြားပြီး တန်ချိန်ကြီးမားသော သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည် သာမက သောင်တူးဖော်ခြင်းလုပ်ငန်း ကြောင့် ရင်ဆိုင်နေရသည့် နှစ်စဉ်ကုန်ကျစရိတ်များ ကိုပါ လျှော့ချနိုင်သည့် သဘာဝရေလမ်း ကြောင်း အသစ်တစ်ခုအား ရှာဖွေ ခြင်းလုပ် ငန်းစဉ်ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန် မာ့ ဆိပ်ကမ်းအာဏာ ပိုင်မှ သိရသည်။

 

Transcom News Journal

Read times
Rate this item
(0 votes)