Containers

ဩစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့မှာ Car Carrier တစီးကို AMSA ထိမ်းသိမ်း

ဂျပန်ပို င် ပနားမား အလံတင် Metis Leader သင်္ဘောကို ITF နဲ့ AMSA တို့ပေါင်း ပြီး မဲလ်ဘုန်း မြို့မှာ ဖမ်းလိုက်တာပါ။ ထုံးစံ အတိုင်း MLC ချိုးဖောက်မှုတွေကြောင့်ပေါ့။ အဆိုပါသင်္ဘောပေါ်က ဝန်ထမ်းတွေဟာ MLC ကခွင့်ပြုတဲ့ ၁၁ လ၊ PMA က ခွင့်ပြုတဲ့ ၁၄ လ ကို ကျော်လွန်နေကြပါပြီ။

 

ဖမ်းစဉ်အခါရဲ့အခြေအနေ

- ဝန်ထမ်း ၅ ယောက် ၁၂လ ကျော်

- ဝန်ထမ်း ၂ ယောက် ၁၄ လကျော်

- သူကြီး အပါအဝင် ဝန်ထမ်း ၃ ယောက် ၁၅လ ကျော်နေကြပါပြီ။

 

ပြောရိုးပြောစဉ်အတိုင်း လကျော်နေစေ ချင်းဟာ သူတို့ရဲ့ ရပိုင်ခွင့် ကို မျက်ကွယ်ပြု တာဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုလဲ ဖြစ်ပါတယ် လို့ဆိုတယ်။ စာချုပ် သက်တမ်း ကုန်သွားရင် အလုပ်လုပ်ရန် ငြင်းဆိုခွင့်ရှိသလို ပေးမပြန် ခြင်းဟာ အဓမ္မ စေခိုင်း နေတာနဲ့ တူတယ်လို့ ITF ကထပ်ပြောပါတယ်။

 

Manning ကုမ္ပဏီနဲ့ အေးဂျင့်တို့ဟာ ITF INSPECTORတွေ သင်္ဘောပေါ် မတက်နိုင်အောင် နီးမျိုးစုံနဲ့ ကြိုးစား ပါသေးတယ်။ ကိုဗစ် ကို အကြောင်း ပြပြီး ငြင်းတာပေါ့။ အဓိက အချက်ကတော့ မတရား လကျော်နေတာကို မသိစေချင်လို့ပါဘဲ။ ကံကောင်းစွာ ဘဲ အဆိုပါ အချက်တွေ ITF က သိလိုက်ရပြီး AMSA ကနေတဆင့် ထိမ်းသိမ်းစေတာပါ။

 

250x250_beanbag_3.jpg

 

သင်္ဘော အဖမ်းခံရပြီးတော့ ကပ္ပတိန် အပါအဝင် ဝန်ထမ်း ၅ ယောက် အိမ်ပြန်ပို့ပေးရန် စီစဉ်နေပါပြီ။ သူတို့အတွက် လူစား မလာမခြင်း သင်္ဘောထွက်ခွင့် မရှိပါဘူး။

 

ဗုဒ္ဓဟူးနေ့ ညနေ ထွက်ဖို့ လျာထားရာ ကနေ ပိတ်ပင်ခံရတာပါ။ အခုလို အဖမ်းခံရတဲ့အတွက် သင်္ဘော ကုမ္ပဏီ NYK အနေနဲ့ တနေ့ ဒေါ်လာ တသိန်း လောက် နစ်နာမှာ ဖြစ်ပါတယ်။ စာချုပ် သက်တမ်း စပြည့်တဲ့ အချိန် ကထဲက crew change လုပ်ခွင့်ရှိတဲ့ ဆိပ်ကမ်းများ အကြိမ်ကြိမ် ရောက်ခဲ့ပေမယ့်လဲ ကတိအမျိုးမျိုး ပေးပြီး ပျက်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

 

အခုတောင် ရမလားလို့ လုပ်ကြည့်တာ။ မမိရင် နောက်ဆိပ်ကမ်း အင်ဒို နီးရှား ဂျကာတာ မှာ ပေးဆင်းမယ်ဆို တဲ့ နောက်ကတိ ထပ်ပေးဦးမှာ။ ဒါဟာ ခေါင်းလောင်းထိုးသံပါဘဲ။ စာချုပ်သက်တမ်း ကျော်လွန်နေတဲ့ သင်္ဘောသား တွေရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒကို ဆန့်ကျင် ရင် ဘာကြီးဘဲ ဖြစ်နေပါစေ ဩစတြေးလျ မှာ ဖမ်းဆီးခြင်း ခံရမယ် လို့ အချက်ပေးလိုက်တာပါ။

 

Key workers ဖြစ်တဲ့ သင်္ဘောသားတွေ ကို အချိန်မီ အိမ်ပြန် ပို့ရေးဟာ အလုပ်ရှင်တိုင်းရဲ့ စောင့်ထိမ်းရမဲ့ တာဝန်ပါ။

 

PMA ထုပ်ပြန်ချက်

- စက်တင်ဘာ ၁၄ မတိုင်ခင် MLC ခွင့်ပြုတဲ့ ၁၁ လ ထက်ပိုပြီး ၃ လ သက်တမ်းတိုး ခွင့်ပြုတယ်

- အဆိုပါရက် နောက်ပိုင်းမှာတော့ အထူး ကိစ္စ ရပ်များမှ အပ ၁၁ လထက်ကျော်ခွင့် မပေးတော့ပါဘူး

- အထူးခွင့်ပြုချက် အရ သက်တမ်းတိုးရင်လဲ ကုမ္ပဏီ ကခိုင်လုံတဲ့အကြောင်းပြချက်နဲ့အတူ စီမံဆောင်ရွက်ထားပုံ ကို တင်ပြရပါမယ်။

 

အောက်တိုဘာ ၁ ရက်နေ့က စပြီး ဩဇီဝင်တဲ့ သင်္ဘော တွေမှာ ၁၄ လထက် ကျော်လို့ မရတော့ပါဘူး။ ဖား ၅ ယောက်ဟာ အခုတော့ အိမ် ပြန် ခွင့်ရသွားပြီး သူတို့နေရာမှာ ဩဇီ သူကြီးနဲ့ အင်ဂျင်နီယာ တွေ အစားထိုး လိုက်တယ်လို့ နောက်ဆုံး သတင်းရပါတယ်။ အကွက်လေး တွေ က အရမ်းလှပါတယ်။ ဩဇီ တွေဆိုရင် လခ ၂ဆကျော် ၃ ဆလောက် ပေးရတော့မယ်။

 

336x280_Office_Living_3.jpg

 

သိပ်မကြာခင်ကဘဲ ဆောင်းပါးတခု ဖတ်မိတယ်၊ ဩဇီမှာ အလုပ်လက်မဲ့ သင်္ဘောသား ဦးရေ ရာကဏန်း ရှိတယ် ဆိုပြီးတော့။ ကိုယ်ကျိုးစီးပွား ဟာ ပထမ ပါ။

 

အဲဒါနဲ့ ဆက်စပ်ပြီး စလုံးမှာ Oil Major တွေ အရေးစယူတော့မယ့်ပုံစံလေး အသိပေး ချင်ပါသေးတယ်။ စလုံး Shell Terminal တွေဟာ ၈ လကျော် နေတဲ့ သင်္ဘောသား တွေ ပါရင် အကပ် မခံတော့ဘူး လို့ပြောတယ်။

 

OCIMF ရဲ့ Crew Matrix ကို ကိုင်ပြီး စကားပြောတာပါ။ Shell က စ ပြီ ဆိုတော့ Bp, Exxon Mobil, Chevron, Total နဲ့ Conoco Phillips တို့လဲ နောက် က ဆက်လိုက်လာပါတော့မယ်။ OCIMF နဲ့ ကိုင်ပေါက် ပြီဆိုတော့ တနိုင်ငံ ခြင်းစီရဲ့ ထိမ်းချုပ်မှု တွေနဲ့ ဘယ်လို ရှင်းမလဲ၊ ကြည့်ကြသေးတာပေါ့။

 

အထက်ပါ အချက်များကို ကိုထွန်းသူ နဲ့ ကပ္ပတိန် ကို ဝေလင်းထွဋ် တို့ရဲ့ FB page မှ ရယူ ခြင်းဖြစ်ပါတယ်။

 

Wai Phyo Oo

Read times
Rate this item
(2 votes)