Containers

အာရှဒေသတွင်း ဆိပ်ကမ်းတွေအထိ ကုန်တင်စရာ ကုန်သေတ္တာ တွေပြတ်လပ်ပြီး၊ ဈေးတက်လာ

ငန်းမဲ “black swan” လို့ ကုန်သေတ္တာ သင်္ဘောလုပ်ငန်းကြီးတွေက တင်စားခေါ်တဲ့ ကုန်သေတ္တာ အခွံလွတ် ဈေးကွက်တွင်း ပြတ်လပ်သည့် အခက်အခဲမှာ…

 

ထိပ်တန်းသင်္ဘောလုပ်ငန်းများ၏ ဝန်ဆောင်ခ ဈေးကွက် အမြတ်အများဆုံး ပစိဖိတ် သမုဒ္ဒရာဖြတ် Transpacific လမ်းကြောင်းကို အားထည့် ပြေးဆွဲများကြောင့် အာရှဒေသတွင်း လမ်းကြောင်းတွင်ပါ ကုန်သေတ္တာ အခွံလွတ် ရှားပါးသည့် ပြသနာများ ထိုးတက်လာပါတယ်။

 

ကုန်သေတ္တာ TEUs သန်း ၃၀ ကျော် ကို ဆိပ်ကမ်း ပေါင်း ၁၀၀ ကျော်ဖြင့် ပေါင်းစပ်လည်ပတ်သည့် အာရှ ဒေစတွင်း ကုန်စည်ဖလှယ်မှု သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေလမ်းကြောင်းဖြစ်ပါတယ်။

 

သမုဒ္ဒရာဖြတ်လမ်းကြောင်းများကို ပိုအာရုံစိုက်လာသလို၊ ဒေသတွင်း သာ ပြေးဆွဲသော သင်္ဘောလုပ်ငန်းများကလည်း ကုန်ရရှိရေး အတွက် အပြိုင်အဆိုင်ဖြစ်လာသည့် အတွက် ဖြစ်ပါတယ်။

 

ယခင် ဈေးမတက်သည့် အာရှဒေသတွင်း ရေလမ်းကြောင်းများပင်… ကုန်သေတ္တာ ဖြင့် ကုန်စည် သယ်ဆောင်ခများ ထိုးတက်လာပါတယ်။ Headhaul လမ်းကြောင်း ဈေးကောင်းရသလောက်.. Backhaul လမ်းကြောင်းတွင် ဈေးနည်းနည်းဖြင့် စရိတ်ကာမိအောင် ကြိုးစားပြေးဆွဲကြသော်လည်း၊

 

ယခုအခါ အချိန် မြန်မြန်ဖြင့် ကုန်သေတ္တာများ အာရှဖက် ပြန်ရောက်ရန် ကုန်ရအောင် မစောင့်တော့ဘဲ၊ ဈေးရသည့် အာရှဖက်သို့ ကုန်သေတ္တာ အလွတ်ဖြင့် ပြန်လာသည့် ခရီးစဉ်များ တစ်ချို့ သင်္ဘောလုပ်ငန်းများတွင် စတင် နေပြီဖြစ်ပါတယ်။

 

Captain Win

Read times
Rate this item
(0 votes)