Containers

Update: ကွန်တိန်နာများ ဖရိုဖရဲဖြင့် ONE Apus ဂျပန်ဆိပ်ကမ်းသို့ ပြန်လှည့်

Chidori Ship Holding LLC က ပိုင်ရှင်ဖြစ်ပြီး NYK Shipmanagement Pte Ltd က မန်နေဂျာများ ဖြစ်သော ကွန်တိန်နာသင်္ဘော ONE Apus (IMO # 9806079) သည် တနင်္ဂနွေ၊ နိုဝင်ဘာ ၃၀၊ ၂၀၂၀ တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ခုတ်မောင်းနေစဉ် ပြင်းထန်သောရာသီဥတုနှင့်ကြုံတွေ့ရပြီး  တင်ဆောင်ထားသည့် ကွန်တိန်နာများ ပြိုလဲကုန်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သဖြင့် နောက်ကြောင်းပြန်လှည့်ခဲ့သည်။ ဂျပန်နိုင်ငံ ကိုဘေး(Kobe) ဆိပ်ကမ်းသို့ ခန့်မှန်းရောက်ရှိချိန် (ETA)မှာဒီဇင်ဘာလ ၈ ရက်ဟု သတင်းထုတ်ပြန်သည်။ အထူးသတိထားပြီး ခုတ်မောင်းလာနေသည်ဟု သိရသည်။

အတည်ပြုချက်အရ ဆုံးရှုံးသည့် ကွန်တိန်နာ အရေအတွက်မှာ ၁,၈၁၆ လုံး ဖြစ်ပြီး ၄၆ လုံးသည် အန္တရာယ်ရှိကုန်စည် ထည့်ထားသည့် ကွန်တိန်နာများ ဖြစ်သည်။

ဆိပ်ကမ်းအနေဖြင့် သင်္ဘောနှင့် သင်္ဘောသားများ ဘေးကင်းရေးကို ဦးစားပေး ဆောင်ရွက်ရန် စီစဉ်ထားသည်။ ကမ်းကပ်ပြီးလျှင် သင်္ဘောပေါ်တွင် ဖရိုဖရဲဖြင့် ကျန်ရှိနေသည့် ကွန်တိန်နာများကို ကမ်းပေါ်သို့ ပြန်ချရန်လည်း စီစဉ်ထားသည်။ ထို့နောက် စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ရေထဲပြုတ်ကျပြီး ဆုံးရှုံးသည့် ကွန်တိန်နာစာရင်း၊ ထိခိုက်ပျက်စီးသည့် ကွန်တိန်နာစာရင်းများ ထုတ်ပြန်ပေးမည် ဖြစ်သည်။

သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ဖော်ပြထားသည့် ပုံမှာ ဒီဇင်ဘာလ ၁ ရက် တွင် ရိုက်ထားသည့် ပုံဖြစ်ပါသည်။ 

ဆက်စပ်ဖတ်ရှုရန်

ONE Apus ကွန်တိန်နာသင်္ဘောပေါ်မှ ကွန်တိန်နာ လုံးရေ ၁၉,၀၀ ကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား

Read times
Rate this item
(0 votes)