Containers

ကာရစ်ဘီယံ တွင် ကုန်သင်္ဘောတစ်စီး အမှတ်မထင် ပျောက်ဆုံးမှုဖြစ်ပွား

ဘိုလစ်ဗီးယား မှတ်ပုံတင် အထွေထွေ ကုန်စုံတင် သင်္ဘော ငယ်တစီး ဖြစ်တဲ့ CARMEN 1 ဟာ သင်္ဘောသား ၁၀ ယောက်နဲ့အတူ ကိုလံဘီယာ ကမ်းလွန်တွင် ဇန်နဝါရီ ၂၁ ရက်နေ့ကထဲက ပျောက်ဆုံးနေတယ် လို့သိရပါတယ်။

ဒေသတွင်းရှိရေကြောင်း အာဏာပိုင်တွေနဲ့ အနီးအနားမှ သင်္ဘောများကို ဇန်နဝါရီ ၂၃ ရက်နေ့က တပ်လှန့်ထားပြီး ရှာဖွေ ကယ်ဆယ်ရေး ပူးပေါင်း ဆောင်ရွက်နေပါတယ်။

အဆိုပါ သင်္ဘောဟာ ပနားမား နိုင်ငံ ကိုလုံ မှ ကိုလံဘီယာ နိုင်ငံ La Guajira ဆိပ်ကမ်းသို့ သွားရာလမ်းတွင် ပျောက်ဆုံး ခဲ့တာပါ။

ကိုလံဘီယာ ရေတပ် နဲ့ လေတပ် တို့ကလဲ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပြီး အခုထိတော့ အစအန တောင် မတွေ့ရသေးပါဘူး။

ယင်းသင်္ဘောရဲ့ အချက်အလက် များကတော့ General cargo ship CARMEN 1, IMO 6612269, dwt 837, built 1966, flag Bolivia ဘဲ ဖြစ်ပါတယ်။

အချက်အလက်များကို ကြည့်ရတာ ရွာက တချို့ ကမ်းရိုးတန်းသွား သံခွံ LCT သင်္ဘော တွေထက်တောင် သေးနိုင်ပါတယ်။

အသက် ကလဲ အတော်ကြီးကို ကြီးနေတာပါ။ မိမိထက် အသက် ၂၀ လောက်ကို ကြီးနေတာ တွေ့ရတော့ အံ့ဩဆွံ့အမိ။

ပျောက်ဆုံးနေသူများ အသက်ရှင်ရက် ပြန်လည် ကယ်ဆယ်နိုင်ပါစေ။

Captain Wai Phyo Oo

Read times
Rate this item
(0 votes)