Containers

ရန်တိုင်း ကွန်တိန်နာ ဆိပ်ကမ်း ပြည့်ကျပ်တစ်စို့မှု ဖြစ်စဉ်

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာ ဆိပ်ကမ်းများတွင် တစ်ခု အပါအဝင်ဖြစ်သော ရန်တိုင်းဆိပ်ကမ်းသည် COVID-19 ကူးစက်မှုများ ကာကွယ်တားဆီးရန် စီမံချက်များကြောင့် ကွန်တိန်နာစီးဆင်းမှု ကန့်သတ်ချုပ်ချယ်ခံခဲ့ရပြီး ပြည့်ကျပ်တစ်စို့မှု ဖြစ်ပွားခဲ့ပါသည်။

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ ပင်လယ်ဆိပ်ကမ်း ရန်တိုင်း နိုင်ငံတကာ ကွန်တိန်နာ ဆိပ်ကမ်း Yantian International Container Terminal တွင် COVID-19 ကူးစက်ခံရသည့် အတည်ပြုလူနာများ ထွက်ပေါ်ခဲ့သဖြင့် ကျန်းမာရေးနှင့် ဘေးကင်းရေး စီမံချက်များ တင်းတင်းကျပ်ကျပ် စတင်လုပ်ဆောင်ခဲ့ပါသည်။

ယခုအခါ ပုံမှန်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း ဖြေရှင်းရမယ့် ပြဿနာများ ရှိနေဆဲ ဖြစ်သည်။

အခုလို ကောင်းတဲ့ဘက်ကို ပြန်ရောက်စ ပြုပြီး ယခင်ကလို စံချိန်အဆင့်ကို ပြန်လည်ရောက်ရှိတော့မှာ ဖြစ်သော်လည်း သင်္ဘောကုန်တင်ကုန်ချ အစီအစဉ် အချိန်ဇယားအတိုင်း စိတ်ချလက်ချ ရှိဖို့ကတော့ အချိန်ကြာဦးမှာ ဖြစ်ပြီး ကမ်းကပ်ဖို့ ပျမ်းမျှ စောင့်ဆိုင်းရက် ၁၆ ရက် ဖြစ်နေဆဲပဲ ရှိနေသေးသည်။

မေလ ၂၁ ရက်မှာ ရန်တိုင်း နိုင်ငံတကာ ကွန်တိန်နာ ဆိပ်ကမ်းမှ လုပ်သားတစ်ဦး ကိုဗစ်ပိုးကူးခံရကြောင်း ဆေးစစ်အတည်ပြုပြီးတဲ့နောက်မှာ ထိုစဉ်က ကိုဗစ်မျိုးကွဲဖြစ်တဲ့ အယ်လ်ဖာ ကူးစက်ပျံ့ပွားမယ့်အရေးကို တားဆီးဖို့ စီမံဆောင်ရွက်ခဲ့ပါသည်။ ဆိပ်ကမ်းအနေဖြင့် ကိုင်တွယ်ပေးနိုင်စွမ်းရှိတဲ့ ပမာဏရဲ့ ၃၀ % ကိုသာ လုပ်ကိုင်ပေးနိုင်တော့သည့် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ယခုအခါမှာတော့ ၇၀% ကျော်သို့ ပြန်လည်ရောက်ရှိလာပြီဟု ဆိုသည်။ နိုင်ငံပိုင် ချိုင်းနားဒေးလီသတင်စားက ဇူလိုင်လအတွင်းမှာ ရာနှုန်းပြည့် ပြန်လည် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

ကမ်းကပ်ဖို့ စောင့်ဆိုင်းရချိန်ကို ၂ ပတ် ဝန်းကျင်အထိ လျှော့ချဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ၃၀ % ဖြင့် လုပ်ကိုင်စဉ်က စုပုံနှောင့်နှေးနေတာတွေကို အရင် ဖြေရှင်းပေးရဦးမှာ ဖြစ်သည်။

 

yantai_teu_01.jpg

 

ကွန်တိန်နာ ဆိပ်ကမ်းကြီးများတွင် တရုတ်နိုင်ငံ ရှန်ကျန်းရှိ ရန်တိုင်း နိုင်ငံတကာ ကွန်တိန်နာ ဆိပ်ကမ်းသည် တတိယနေရာတွင် ရောက်ရှိနေခဲ့သည်။

ရန်တိုင်း ပင်လယ်ဆိပ်ကမ်းသည် ၂၀၂၀ ခုနှစ်တွင် ၁၃.၃ သန်း TEU ကို ကိုင်တွယ်ပေးခဲ့သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး ကွန်တိန်နာ ဆိပ်ကမ်း ဖြစ်သော လော့အိန်ဂျယ်လိစ် ဆိပ်ကမ်းသည် ၎င်းနှစ်တွင် ၉.၂ သန်း TEU ကို ကိုင်တွယ်ပေးခဲ့သည်။

ဆိပ်ကမ်း၏ လုပ်ကိုင်စွမ်းရည် လျော့ကျသဖြင့် ကုန်တင်ကုန်ကျ နှေးသွားသည်။ ကွန်တိန်နာများ တင်သည့် ကြာချိန်သည် ၁၂၂% တိုးသွားသည်။ ထွက်ခွာချိန်သည် ၂၄၂% ပိုကြာသွားခဲ့သည်။
ပြည်ပတင်ပို့မည့် ကွန်တိန်နာများ စုပုံသွားခဲ့ရာ အနည်ဆုံး ၃၀၀,၀၀၀ TEU သည် သင်္ဘောတင်ဖို့ စောင့်ဆိုင်းနေခဲ့ရသည်။ နောက်ဆက်တွဲအနေဖြင့် အအေးခန်းကွန်တိန်နာများကို လျှပ်စစ်မီးရယူသည့် ပလပ် reefer plugs များ မလုံလောက်တော့သည့် ပြဿနာကို ကြုံကြရသည်။ ONE နှင့် CMA CGM ကွန်တိန်နာလိုင်းများက အအေးခန်းအတွက် အပိုဆောင်းကြေးများ reefer surcharges ကောက်ခံခဲ့သည်။


ကမ်းကပ်ဖို့ ကျောက်ချစောင့်ဆိုင်းနေရသည့် သင်္ဘောများလည်း အချိန်ပိုကြာကြာ စောင့်ဆိုင်းကြရသည်။ စောင့်ဆိုင်းနေရသည့် သင်္ဘောအရေတွက်လည်း များပြားသွားသည်။ 

yantai_waiting_ship.png

အချို့သင်္ဘောများအတွက် ရန်တိုင်းခရီးစဉ်ကို ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုခဲ့ကြရာ ဆိပ်ကမ်းသို့ ဝင်ကပ်ရမည့်အစား ရှောင်ထွက်သည့် Blank sailing များ လည်း ဖြစ်ပွားခဲ့သည်။

yantai_blank_sailing.jpg


၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်မှ ၁၅ ရက်အထိ ကွန်တိန်နာ သင်္ဘော ၂၉၈ စီးသည် ရန်တိုင်းဆိပ်ကမ်းသို့ မဝင်တော့ဘဲ ရှောင်ထွက်သွားခဲ့ကြရာ စုစုပေါင်း TEU ပမာဏမှာ သုံးသန်းကျော် ရှိခဲ့သည်။ blank sailing ၃ ဆ ရုတ်ချည်း မြင့်တက်သွားခြင်း ဖြစ်သည်။

 

yantai_teu_blanksailing.jpg


Hapag-Lloyd သည် ရန်တိုင်းတွင် ဝင်ကပ်ပြီး ကွန်တိန်နာများ ချရမည့်အစား အနီးအနားရှိ နန်ရှနှင့် ဟောင်ကောင် ဆိပ်ကမ်းများတွင် ကွန်တိန်နာများ ဝင်ချခဲ့ကြောင်း အသိပေးကြေညာသည်။ ထိုသို့ ရန်တိုင်းကို ရှောင်လွှဲပြီး ဟောင်ကောင်တွင် ချသဖြင့် ဟောင်ကောင်ဆိပ်ကမ်းတွင် စောင့်ဆိုင်းရချိန် ပိုမို ကြာမြင့်သွားစေခဲ့သည်။

Read times
Rate this item
(0 votes)