Containers

ကွန်တိန်နာ ပို့ဆောင်ရေး ဈေးနှုန်းများ မြင့်မားလွန်းခြင်းကြောင့် SME များ အထိနာ

ကွန်တိန်နာပို့ဆောင်ရေး ရေကြောင်းကဏ္ဍမှာ ဈေးနှုန်းများ မြင့်မားလွန်းခြင်းနဲ့ ကွန်တိန်နာ ရှားပါးပြတ်လပ်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပို့ကုန်လုပ်ငန်း လုပ်ကိုင်နေကြတဲ့

အသေးစားနဲ့ အလတ်စား လုပ်ငန်းများ small and medium-sized enterprises (SMEs) ကို ပြည်ပသို့ တင်ပို့ခြင်း မပြုနိုင်အောင် ဖြစ်နေစေပါတယ်။ သူတို့ရဲ့ ထုတ်ကုန်တွေကို ယခင်တုန်းကလို ပြည်ပဝယ်လက်များထံ တင်ပို့ဖို့ မဖြစ်နိုင်တော့လို့ လက်လျှော့ထားကြရတဲ့အဖြစ်ကို ကြုံနေကြတယ်။

နောက်ဆုံးထုတ် United Nations Conference on Trade and Development (UNCTAD) ရဲ့ ထုတ်ဝေမှုမှာ ဒီကိစ္စကို မီးမောင်းထိုးပြထားတယ်။ ဆုံးရှုံးတဲ့ဘက်မှာ SME တွေ ရှိနေပြီး အမြတ်တွေ သိမ်းကျုံးယူနေတဲ့ဘက်မှာ ကွန်တိန်တာ သင်္ဘောလိုင်းတွေနဲ့ freight forwarder အကြီးစားတွေ ရှိနေတယ်လို့ ဖော်ပြထားတယ်။
“SME တွေရဲ့ supply chain တစ်စတစ်စ ပဲ့ပြိုကျနေတာကို ကျွန်တော်တို့ တွေ့နေရတယ်။ သူတို့က ပို့ဆောင်စရိတ်ကို မခံနိုင်ကြတော့ဘူး” လို့ Global Shippers Alliance ဥက္ကဋ္ဌ Denis Choumert က ပြောကြားခဲ့တယ်။ “ငွေရတဲ့ နို့စားနွားမထံမှ ရနိုင်သမျှ အများဆုံး ရအောင် ညှစ်ထုတ်ပြီး ယူနေကြတယ်။ အဲဒီလို ယူနိုင်ဖို့ကိုပဲ ကြိုးစားနေကြတယ်။ တခြားဘက်လှည့်ပြီး တစ်မျိုးစဉ်းစားပေးချင်တဲ့သူ မရှိဘူး”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အမေရိကန်နဲ့ ဉရောပသို့ ပို့ကုန်များ တင်ပို့ဖို့အတွက် ကွန်တိန်နာတွေ ပိုမိုလိုအပ်လာနေပြီး ဈေးနှုန်းတွေကလည်း တရိပ်ရိပ် တက်နေပေမဲ့ တင်ပို့သူတွေက ဈေးကြီးပေးပြီး တင်ပို့နေကြရတယ်။ လွန်ခဲ့တဲ့ ခြောက်လတာအတွင်း တရုတ်ပြည်ပပို့ကုန် ပမာဏ ၃၂% မြင့်တက်ခဲ့တာက ကွန်တိန်နာ မလုံမလောက် ဖြစ်နေတာကို ပိုမိုကြီးထွားစေခဲ့ပါတယ်။
လက်ရှိ အခြေအနေတွေနဲ့ အနေအထားမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တကယ်နစ်နာကြတယ်။ နိုင်ငံအများအပြားတို့မှာ သူတို့ရဲ့ ဆိပ်ကမ်းတွေကို ကမ္ဘာ့အဓိက ကွန်တိန်နာလိုင်းမှ သင်္ဘောတွေ မလာကြတော့ဘူး။ ခရီးစဉ်တွေ မထားရှိတော့ဘူး။ ဒီတော့ အလိုလို ဘေးကို ရောက်သွားတဲ့အဖြစ် ကြုံနေကြတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လုပ်ငန်းအများစုက SME ဖြစ်ပြီး ဘာလုပ်ရဘာကိုင်ရမှန်း မသိ ဖြစ်ကုန်တယ်။ သူတို့ သင်္ဘောတင်ဖို့ နေရာ book မလုပ်နိုင်ကြတော့ဘူး။ တကယ်လို့ သူတို့ book လုပ်နိုင်တယ်ဆိုရင်တောင် ပေးရမယ့် ဈေးနှုန်းကို ဒီနေ့ ပေါက်ဈေးတွေက မပေးနိုင်ကြဘူး” လို့ Denis Choumert က ပြောပြတယ်။

Source: splash247.com

Read times
Rate this item
(0 votes)