Containers

MSC က Maersk ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်း အဖြစ်သို့ ရောက်ရှိမည်

MSC က Maersk ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်း အဖြစ်သို့ ရောက်ရှိမည်

CMB Financial Leasing (CMBFL) ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အရ Guangzhou Shipyard International (GSI) ထံမှ ၁၆,၀၀၀ teu ကွန်တိန်နာ သင်္ဘေ နှစ်စီး ဝယ်ယူပြီး Mediterranean Shipping Company (MSC) ကို နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းထားမှာ ဖြစ်ပါတယ်။

MSC ကလည်း ကွန်တိန်နာသင်္ဘောတွေ ဝယ်ယူဖြည့်တင်းနေတဲ့အတွက် Maersk ကို သာလွန်ပြီး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာလိုင်း အဖြစ်သို့ ရောက်ရှိလာမှာ သေချာနေပါတယ်။
၂၀၂၁ ခုနှစ် မတ်လမှာ LNG ဖြင့် ခုတ်မောင်းတဲ့ သင်္ဘာတစ်ဆယ့်သုံးစီး မှာကြားထားတဲ့အနက် ခြောက်စီးကို ပထမအသုတ်အဖြစ် လက်ခံရရှိခဲ့ပါတယ်။ မည်ရွေ့မည်မျှ ပေးရတယ်ဆိုတာ ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ ကာလပေါက်ဈေးတွေအရ တစ်စီးကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

Maersk Line ဟာ ဉီးဆောင်နေရာမှာ ရှိနေခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီးဖြစ်ပြီး လက်ရှိမှာ ကွန်တိန်နာစီးရေ ၇၀၈ စီး ပိုင်ဆိုင်ထားပြီး ပမာဏက ၄.၁၈ သန်း teu ရှိပါတယ်။

Maersk နဲ့ MSC ကြီးထွားပုံချင်း ကွာခြားတာက MSC က မိမိဘာသာ သင်္ဘောတွေ ဝယ်ယူပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။ Maersk က တခြားသင်္ဘောလိုင်းတွေကို ဝယ်ယူခြင်းဖြင့် သင်္ဘောစီးရေတိုးပြီး ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Sealand ကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ်မှာ P&O Nedlloyd ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှာ Hamburg Süd ကိုလည်းကောင်း ဝယ်ယူသိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာ MSC က ၁၉၇ စီးနဲ့အတူ ချာတာအငှား ၄၁၆ စီး ရှိပါတယ်။ တင်ဆောင်နိုင်တဲ့ ပမာဏ စုစုပေါင်းက ၄. ၀၈ သန်း teu ရှိပါတယ်။ နောက်ထပ် သင်္ဘော ၄၇ စီး မှာကြားထားတာ တင်ဆောင်နိုင်တဲ့ ပမာဏ စုစုပေါင်း ၈၅၂,၀၂၀ teu ရှိပါတယ်။

Maersk ရဲ့ CEO ဖြစ်သူ Soren Skou seems က ပြိုင်ဘက် အမီလိုက်လာတာကို မစိုးရိမ်ပါဘူး။ “အဲဒါက ကမ္ဘာပျက်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပမာဏကြီးမားတာအရ ပထမ နံပါတ်တစ်ဖြစ်တယ်လို့ မစဉ်းစားဘူး။ ကျွန်တော်တို့ ပြေးဆွဲတဲ့ ကွန်တိန်နာ တစ်စီးအရ ပျမ်းမျှ အကျိုးအမြတ် ပိုမြင့်မားစေဖို့ကိုပဲ ကျွန်တော်တို့က အာရုံစိုက်တယ်” လို့ မှတ်ချက် ပြုပါတယ်။

Source: container-news.com

Read times
Rate this item
(0 votes)