Containers

ကွန်တိန်နာအသစ်များ စံချိန်တင် ထုတ်လုပ်နေသော်လည်း . . .

ယခုအခါ ကွန်တိန်နာအသစ် ကုန်ကျစရိတ်သည် မကြုံစဖူး တစ် TEU ကို ကန်ဒေါ်လာ ၃,၈၀၀ ဖြစ်နေသည်ဟု ကွန်တိန်နာ အငှားလုပ်ငန်းများတွင် အကြီးမားဆုံး လုပ်ငန်းဖြစ်သော Triton International က ဆိုသည်။

ကိုဗစ်အကြိုကာလဖြစ်သော လွန်ခဲ့သည့် ၂ နှစ် နှစ်လယ်ပိုင်းတွင် တစ် TEU ကို ကန်ဒေါ်လာ ၁,၆၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ ယခုထက် ထက်ဝက် သက်သာသည်။

box-price-2-768x318.jpg

 

Price per TEU for new dry cargo container. Chart: Triton International 2Q 2021 presentation

ဈေးတက်ပြီးရင်း ထပ်တက်နေသည့်အချိန်ကာလတွင် တရုတ်နိုင်ငံမှ ကွန်တိန်နာ အသစ်ထုတ်လုပ်သူများကလည်း ကွန်တိန်နာအသစ်များကို အင်တိုက်အားတိုက် ထုတ်လုပ်လျက် ရှိသည်။ သို့တိုင်အောင် ကွန်တိန်နာများ လောက်ငှမှု မရှိသေးချေ။ ကွန်တိန်နာအသစ်များ စံချိန်တင် ထုတ်လုပ်နေသော်လည်း မလုံမလောက် ဖြစ်နေဉီးမည်ဟု ခန့်မှန်းထားကြသည်။

အအေခန်း မဟုတ်၊ အရည်ထည့်ရန်လည်း မဟုတ် (nonrefrigerated/nontank)သော ကုန်ခြောက်ထည့်ရန် ကွန်တိန်နာများကို ၂၀၂၁ ခုနှစ်ပထမ ၃ လပတ်တွင် တရုတ်နိုင်ငံရှိ ကွန်တိန်နာ စက်ရုံများက ၂.၆ သန်း TEU ထုတ်လုပ်ပေးခဲ့သည်။ ယခင်နှစ်များက တစ်နှစ်ပတ်လုံး ထုတ်လုပ်ခဲ့သည့် ပမာဏထက် ကျော်လွန်သော ပမာဏ ဖြစ်သည်။

triton-charts-b-1536x752.jpg

 


Charts: Triton International 2Q 2021 presentation. Sources: Drewry Annual Report and internal sources

ကမ္ဘာ့ကွန်တိန်နာ အသစ် ထုတ်လုပ်မှု အားလုံးနီးပါးကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ပြီး ကြီး သုံးကြီး ဖြစ်သော CIMC Group, CXIC နှင့် Dong Fang တို့က ကြီးစိုးထားသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ထုတ်လုပ်သမျှ ကွန်တိန်နာ အသစ်များတွင် ကွန်တိန်နာ ၁၀ လုံးတွင် ၈ လုံးသည့် ကြီးသုံးကြီးတို့မှ ထုတ်လုပ်ထားသော ကွန်တိန်နာများ ဖြစ်သည်။

ကွန်တိန်နာ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဘေယုယျအားဖြင့် ကွန်တိန်နာအသစ် ဈေးနှုန်းကို ဈေးမကျအောင် ထိန်းထားနိုင်ရန် ထုတ်လုပ်သည့်ပမာဏကို ထိန်း၍ ထုတ်လေ့ရှိသည်။ ဈေးကျမည်ဆိုလျှင် ကွန်တိန်နာကို တိုးထုတ်လေ့ မရှိချေ။ ယခုအခါ ကွန်တိန်ဈေးနှုန်းများ ခေါင်ခိုက်နေသောအခါ အရေအတွက် တိုးထုတ်သော်လည်း ဈေးကျရန် အကြောင်မရှိတော့သဖြင့် အဆိုပါကုမ္ပဏီများသည် ကွန်တိန်နာများကို တိုးမြှင့် ထုတ်လုပ်ခဲ့ကြသည်။ ထုပ်လုပ်သည့် အရေအတွက် သိသိသာသာ တိုးလာခဲ့သော်လည်း လိုအပ်ချက်က ကြီးမားခြင်းနှင့် အလျင်လိုခြင်းတို့ကြောင့် ဈေးနှုန်း မကျသည့်အပြင် တက်ပြီးရင် တက်နေခဲ့သည်။
ကွန်တိန်နာများဖြင့် တင်ပို့သော ပြည်ပပို့ကုန် များပြားခြင်းကြောင့် ကွန်တိန်နာ လိုအပ်မှု ပိုကြီးမားစေသည့်အပြင် ကွန်တိန်နာတစ်လုံး ပစ္စည်း စထည့်ပြီး သင်္ဘောပေါ်တင်ကာ တင်ပို့သည်မှ ဆိပ်ကမ်းတွင် ချပြီးသည့်နောက် ပစ္စည်းမျာ ထုတ်ပြီး အလွတ်အဖြစ်သို့ ရောက်သည့် အချိန်သည် ယခင်ကထက် များစွာ ပိုကြာနေခြင်းကြောင့်လည်း ကွန်တိန်နာအလွတ် ရှားပါးနေစေသည်။ ဆိပ်ကမ်းများတွင် ကိုဗစ်ကြောင့် လုပ်သားအင်အား အပြည့်မသုံးနိုင်ခြင်း၊ ကိုဗစ်ပိုး စစ်ဆေးရန်အတွက် အချိန်ကြာခြင်း၊ ကွန်တိန်နာသင်္ဘောများ ကမ်းကပ်ရန် စောင့်ဆိုင်းရသည့်အချိန် ကြန့်ကြာခြင်းတို့ကြောင့် ကွန်တိန်နာတစ်လုံး သုံးစွဲထားသည့် အချိန်ကာလ ပိုကြာမြင့်စေပြီး ကွန်တိန်နာအလွတ် ပြန်ရဖို့ အချိန်ကြာမြင့်နေစေသည်။



Screenshot_2021-08-07_104159.jpg

Los Angeles/Long Beach တွင် ဆိပ်ကမ်းကပ်ရန် ကျောက်ချစောင့်ဆိုင်းနေသော ကွန်တိန်နာသင်္ဘောများ

ဆိပ်ကမ်းတွင် သင်္ဘောများ ကမ်းကပ်ရန် စုပြုံစောင့်ဆိုင်းရခြင်းနှင့် ကွန်တိန်များ အတင်အချပြုရန် စုပြုံနေခြင်းကြောင့် ဖြစ်ပေါ်နေသည့် ဆိပ်ကမ်းပြည့်ကျပ်ခြင်း ( Port congestion) သည် ကွန်တိန်နာများ စီဆင်းလည်ပတ်မှုကို တစ်ဆို့နေစေပြီး မြောင်းပိတ်ထဲ စီးနေရသည့် ရေများကဲ့သို့ စီးဆင်းမှု နှေးကွေးနေစေသည်။ ကွန်တိန်နာကို သုံးစွဲရသည့်အချိန် ပိုကြာမြင့်စေသည်။ ကုန်စည်တင်ပို့သူများ cargo shippers အတွက် မျက်ဖြူဆိုက်ကိန်း ဖြစ်နေသော်လည်း ကွန်တိန်နာ အငှားချသူ Container lessors များအဖို့မှာ ငွေဝင်လမ်း ကောင်းနေစေသည်။
ကွန်တိန်နာ အငှားချသူTriton International သည် ၂၀၂၁ ခုနှစ်ဒုတိယ ၃လပတ်တွင် အသားတင်ဝင်ငွေ ကန်ဒေါ်လာ ၁၄၄.၂ သန်း ရရှိခဲ့သည်။ ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်တုန်းက ကန်ဒေါ်လာ ၆၀.၁ သန်းသာ ရရှိခဲ့သည်။
ယခုလို ဈေးကောင်းရချိန်တွင် အမြတ်များများရသော ဈေးနှုန်းဖြင့် ကာလရှည်ကြာ အငှားချခြင်းများကို Triton က သုံးစွဲသည်။ ကွန်တိန်နာ အငှားချကာလသည် ၂၀၂၁ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ၁၃ နှစ် ဖြစ်သည်။ ပုံမှန်အားဖြင့် ပျမ်းမျှကြာချိန်သည် ၅ နှစ်မှ ၇ နှစ်အထိသာ ရှိသည်။
ကွန်တိန်နာ အငှားချသည့် ဈေးကွက်တွက် ကာလရှည် ငှားရမ်းသည့် နှုန်းထားသည် ကာလတို ငှားရမ်းသည့် နှုန်းထားထက် သက်သာစမြဲ ဖြစ်သည့်အပြင် စတင်ငှားရမ်းသည့်အချိန် နောက်ကျသည်နှင့်အမျှ တက်ဈေးအရ ဈေးပိုပေးနေကြရသဖြင့် ကာလရှည်ငှားရမ်းမှုများကို ဈေးမြင့်သော်လည် ငှားရမ်းကြသည်။ လက်ထဲ ကွန်တိန်နာ ရထားဖို့ကလည်း အရေးကြီးနေသည် မဟုတ်ပါလော။

Source  freightwaves.com

Read times
Rate this item
(1 Vote)