Containers

congestion fees ကောက်ခံကြောင်း Maersk ကြေညာ

ဒိန်းမတ်မှ ကွန်တိန်နာသင်္ဘောလိုင်း Maersk က ကွန်တိန်နာ ဆိပ်ကမ်းတွေမှာ ကမ်းကပ်ဖို့ ကျောက်ချစောင့်ဆိုင်းနေရတာတွေကြောင့်

ဆိပ်ကမ်းကျပ်စို့ကြေး congestion fees ခေါင်းစဉ်ဖြင့် အပိုဆောင်းအခကြေးများကို ကမ္ဘာတစ်လွှားရှိ ဆိပ်ကမ်းအချို့မှာ ကောက်ခံကြောင်း အတည်ပြုပြောကြားပါတယ်။

တူနီးရှားနိုင်ငံရှိ Rades နဲ့ Tunis ဆိပ်ကမ်းများအတွက် congestion fees များ ထုတ်ပြန်ကြေညာခဲ့တာမှာ ခရီးဆုံးဆိပ်ကမ်းကျပ်စို့ကြေး Congestion Fee Destination (CFD) နဲ့ ခရီးအစဆိပ်ကမ်းကျပ်စို့ကြေး Congestion Fee Origin (CFO)များကို ဖော်ပြထားပါတယ်။ ကုန်ခြောက်နဲ့ အအေးပေး ကွန်တိန်နာ နှစ်မျိုးစလုံး အကျုံးဝင်ပါတယ်။

CF.png

 

 

 


ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ အခြေစိုက် Maersk ကွန်တိန်နာ သင်္ဘောလိုင်းက ပါရာဂွေးနိုင်ငံအတွက် ဆိပ်ကမ်းကျပ်စို့ကြေးများအဖြစ် ပေ ၂၀ ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ ပေ ၄၀, ၄၅ ပေ နဲ့ အမြင့် (high cube (HC) ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၀၀ ကောက်ခံပါတယ်။ ။ ကုန်ခြောက်နဲ့ အအေးပေး ကွန်တိန်နာ နှစ်မျိုးစလုံး အကျုံးဝင်ပါတယ်။

 

CF-1.png

* PCD = Price Calculation Date

Read times
Rate this item
(0 votes)