Containers

ကုန်းတွင်း logistics နယ်ပယ်ထဲ ချဲ့ထွင်နေတဲ့ A.P. Moller-Maersk

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း ဖြစ်ပြီး အာရှမှ အမေရိကန်နဲ့ ဥရောပသို့ ပို့ဆောင်တဲ့ ကွန်တိန်နာတွေမှာ ပျမ်းမျှအားဖြင့် ကွန်တိန်နာ ၅ လုံးမှာ ၁ လုံးကို Maersk က ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။


.Maersk က e-commerce logistics ကုမ္ပဏီနှစ်ခုကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကွန်တိန်နာ သင်္ဘောလိုင်းကြီးတွေ အမြတ်ငွေ အမြောက်အမြား ရရှိတဲ့အတွက် သင်္ဘောတွေ ဝယ်ယူပြီး ဖြည့်တင်းနေချိန်မှာ .Maersk က သင်္ဘော ဝယ်ယူဖြည့်တင်းခြင်းအပြင် လုပ်ငန်းလုပ်ကိုင်တဲ့ နယ်ပယ်ကို ရေထဲမှ ကုန်းပေါ်သို့ ချဲထွင်နေပါတယ်။ သိုလှောင်ရေး၊ ဖြန့်ဖြူးရေးနဲ့ လေကြောင်းကုန်စည်ပို့ဆောင်ရေး နယ်ပယ်များထဲ ချဲ့ထွင်နေပါတယ်။ ၎င်းရဲ့ logistics လက်တံထံမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရရှိဖို့ မျှော်မှန်းထားပါတယ်။

Maersk က အမေရိကန်တစ်လွှား ဖြန့်ကျက်လုပ်ကိုင်နေတဲ့ Visible Supply Chain Management LLC နဲ့ နယ်သာလန်မှ B2C Europ တို့ကို ဝယ်ယူလိုက်ပြီး ရေကြောင်း logistics အပြင် ကုန်းတွင်း logistics ကိုပါ လက်တံဆန့်ထုတ်လိုက်တယ်။

 

im-381542.jpg

Soren Skou, chief executive officer, Maersk

Maersk မှာ လုပ်သက် ၃၈ နှစ်ရှိပြီး Maersk ရဲ့ Chief Executive ဖြစ်သူ Soren Skou က အင်တာဗျူးတစ်ခုမှာ သူက “ကျွန်တော်တို့က ရေကြောင်း ကွန်တိန်နာတွေ ဆိပ်ကမ်းတစ်ခုကနေ တစ်ခုကို ရွှေ့ပေးနေတယ်။ ကျွန်တော်တို့က ကုန်စည်တွေကို တံခါးပေါက်ဝ တစ်ခုကနေ တစ်ခုကို ရွှေ့ပေးဖို့ လုပ်နေပါတယ်။ အဲဒီဟာ အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ ကုန်းပေါ်မှာ လုပ်ကိုင်နိုင်စွမ်း ကြီးထွားဖို့ လိုပါတယ်။ အခု ကျွန်တော်တို့က အာရှမှ ကုန်စည်တွေကို အမေရိကန်သို့ သယ်ပို့ပေးနိုင်တာမှာ အရင်လို ဆိပ်ကမ်းအထိသာ မဟုတ်တော့ဘူး။ ပေးပို့ရမယ့်သူရဲ့ တံခါးပေါက်ဝအထိလည်း ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံ အခြေစိုက် Maersk က ကုန်းတွင်း logistics လုပ်ငန်းနယ်ပယ်မှ လုပ်ငန်းများကို ဝယ်ယူလျက် ရှိတာမှာ B2C Europe က နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်းကျင် ရရှိနေတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ Visible SCM က နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရရှိနေတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ Maersk ကွန်တိန်နာလုပ်ငန်းမှာ ရရှိတဲ့ ဝင်ငွေပမာဏနဲ့ နှိုင်းစာရင် အသေးအမွှား ဖြစ်နေသော်လည်း ကမ္ဘာတစ်လွှားမှာ logistics နဲ့ နှီးနွှယ်နေတဲ့ ဝန်ဆောင်မှု အမျိုးစုံကို Maersk က လုပ်ငန်းကြီးတွေအတွက် လုပ်ကိုင်ပေးနိုင်စေမှာ ဖြစ်တယ်လို့ Mr. Skou က ပြောပြပါတယ်။
Soren Skou က သတင်းမီဒီယာ Financial Times ကို ပြောပြခဲ့တာမှာ လောလောဆယ် ကုန်တွင်း logistics လုပ်ငန်း လေးခုအထိ ဝယ်ယူခဲ့ပြီးပြီလို ဆိုပါတယ်။
“မဟာ အရွယ်အစား ဝယ်ယူပြီး လုပ်ကိုင်တာထက် အလယ်အလတ်ကို ဝယ်ယူပြီး ကြီးထွားအောင် လုပ်တာက အကုန်အကျ သက်သာတယ်။ ကျွန်တော်တို့မှာ ငွေကြေးအရင်းအမြစ်တွေ ရှိပါတယ်။ ပိုကြီးမားတဲ့ အရွယ်အစားကို ဝယ်ဖို့လည်း လိုလား‌တောင့်တပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့ ကြီးကြီးမားမား ဝယ်လို့ရမယ့်ဟာ မတွေ့သေးပါဘူး” လို့ သူက ရှင်းပြခဲ့တယ်။

Source .ft.com

Read times
Rate this item
(0 votes)