Containers

Hapag-Lloyd ပထမနှစ်ဝက် အမြတ် ကိုးဆခွဲ တိုး

Hapag-Lloyd က ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ မိုးပျံနေတဲ့ ကွန်တိန်နာ သယ်ပို့ခတွေနဲ့အတူ ကွန်တိန်နာ လိုအပ်ချက် မြင့်မားနေခဲ့တာကြောင့်

ထူးထူးကဲကဲ အမြတ်ငွေ တိုးခဲ့တယ်လို့ ကုမ္ပဏီရဲ့ စီအီးအို Rolf Habben Jansen က ပြောကြားခဲ့ပါတယ်။

ဂျာမန် ကွန်တိန်နာလိုင်းက ၂၀၂၁ ခုနှစ် ပထမ ခြောက်လမှာ ဝင်ငွေ ကန်ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံအထိ မြင့်တက်ခဲ့ပါတယ်။ EBITDA (earnings before interest, taxes, depreciation, and amortization) သုံးဆတိုးခဲ့ပြီး ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ ရရှိခဲ့တယ်။ EBIT အနေဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံရရှိခဲ့တယ်။ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်နဲ့ နှိုင်းယှဉ်ရင် ၉ ဆခွဲ‌ကျော် ပိုများခဲ့တာ ဖြစ်ပါတဘ်။

ကုမ္ပဏီရဲ့ အသားတင်ဘဏ်ကြွေးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ဘီလျံ လျှော့ချနိုင်ခဲ့တယ်။ ရှယ်ယာတွေအတွက် အမြတ်ဝေစုကိုလည်း ယမန်နှစ်ကထက် ပိုများများ ပေးနိုင်ခဲ့ပါတယ်။

အခုလို ဝင်ငွေနဲ့ အမြတ် တိုးရတဲ့ အဓိကအကြောင်းကတော့ ကွန်တိန်နာ သယ်ပို့ခတွေ မတန်တဆ မြင့်တက်နေတာကြောင့် ဖြစ်ပါတယ်။ ပေ ၂၀ ကွန်တိန်နာတစ်လုံး သယ်ပို့ခ ယမန်နှစ်ကထက် ပျမ်းမျှအားဖြင့် ၄၆% မြင့်တက်ခဲ့ပြီး ပျမ်းမျှတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁,၆၁၂ မြင့်တက်ခဲ့တာ ဖြစ်ပါလို့ Hapag-Lloyd ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


Hapag-Lloyd ရဲ့ ပို့ဆောင်နိုင်မှု ပမာဏက ပထမနှစ်ဝက်အတွင်းမှာ ၆ သန်း TEU အထိ ကြီးထွားလာခဲ့ပါတယ်။ ယမန်နှစ်ထက် ၄% ကြီးထွားခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ ဒုတိယနှစ်ဝက်မှာလည်း ယခုအတိုင်း အခြေအနေ ဆက်ကောင်းနေမယ်လို့ ခန့်မှန်းထားပြီး တစ်နှစ်တာ EBITDA ကု ကန်ဒေါ်လာ ၉ ဒသမ ၂ မှ ၁၁ ဒသမ ၂ ဘီလျံ အတွင်း ရရှိလိမ့်မယ်လို့ တွက်ချက်ခန့်မှန်းထားပါတယ်။

container-news

Read times
Rate this item
(0 votes)