Containers

တရုတ်နိုင်ငံရဲ့ ပထမဆုံး အလိုအလျောက် ကွန်တိန်နာသင်္ဘော ရှေ့လတွင် စတင်ပြေးဆွဲမယ်

သင်္ဘောအမည်တွေရှေ့မှာ သင်္ကေတပြုတာမှာ MV ဆိုရင် Motor Vessel ကုန်တင်သင်္ဘော အမျိုးမျိုးကို ဆိုလိုပြီး MT ဆိုရင်တော့ အရည် သို့မဟုတ် အငွေ့တင်ဆောင်တဲ့ Motor Tanker ကို ဆိုလိုပါတယ်။

အခု နောက်တစ်မျိုး တိုးတာက အလိုအလျောက်သင်္ဘော AV Autonomous Vessel ဖြစ်ပါတယ်။
AV ZHI FEI ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အလိုအလျောက် ကွန်တိန်နာ သင်္ဘော ဖြစ်ပြီး ရှေ့လမှာ စတင်ပြေးဆွဲဖို့ အသင့်ဖြစ်နေပါပြီ။ 300 TEU တင်ဆောင်နိုင်တဲ့ အငယ်စားကွန်တိန်နာသင်္ဘောဖြစ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်း ခရီးတိုအဖြစ် Dongjiakou နဲ့ Qingdao ဆိပ်ကမ်းနှစ်ခုအကြား ပြေးဆွဲမှာ ဖြစ်ပါတယ်။

သင်္ဘောချည်းသက်သက် အလေးချိန် တန်ချိန် deadweight tonnage ၅၀၀ ရှိပြီး Qingdao မှာတည်ရှိတဲ့ Yangfan သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့ပါတယ်။ စမတ်ရေကြောင်းနည်းပညာ လုပ်ငန်းစုတစ်ခု ဖြစ်တဲ့ Navigation Brilliance က China Waterborne Transport Research Institute နဲ့ Dalian Maritime University တို့နဲ့အတူ ပူးပေါင်းလုပ်ကိုင်ခဲ့ကြပါတယ်။

AV ZHI FEI အတွက် အမှာစာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပေးအပ်ခဲ့ပြီး အစမ်းခုတ်မောင်းမှု အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
AV ZHI FEI က အလျား ၁၁၁၇ မီတာ ရှိပြီး အကျယ် ၁၅ မီတာ ရှိပါတယ်။
အလိုအလျောက် ရေကြောင်းထိန်းကျောင်းမောင်းနှင်မှု နည်းပညာဖြင့် ခုတ်မောင်းပါတယ်။ အမြန်ဆုံးအနေဖြင် တစ်နာရီ ရေမိုင် ၁၂ မိုင် အထိ ခုတ်မောင်းနိုင်ပါတယ်။

အရင်ဆုံး စတင်တည်ဆောက်ခဲ့တဲ့ အလိုအလျောက်ကွန်တိန်နာသင်္ဘောက YARA BIRKELAND ဖြစ်ပြီး စမ်းသပ်ခုတ်မောင်းတဲ့ အဆင့်ကို ရောက်နေပါပြီ။ ယခုနှစ်ကုန်ပိုင်းမှာ ပြီးစီးမယ်လို့ လျာထားပါတယ်။ လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်မှာဖြစ်လို့ မီးခိုးမဲ့သင်္ဘော အမျိုးအစား ဖြစ်ပါတယ်။ နော်ဝေးကုမ္ပဏီ Yara ထံသို့ နော်ဝေးသင်္ဘောကျင်း Vard Brattvåg က လက်လွှဲပြောင်းပေးခဲ့ပြီးပါပြီ။ သယ်ဆောင်နိုင်စွမ်းက 120 TEU ဖြစ်ပါတယ်။


အလိုအလျောက် သင်္ဘောတွေဟာ ရေကြောင်းလုပ်ငန်းကဏ္ဍအတွက် အနာဂတ် ဖြစ်ပြီး ဈေးကွက်ပမာဏက ကန်ဒေါ်လာ ၁.၅ ဘီလျံ ရှိမယ်လို့ ခန့်မှန်းပါတယ်။

Source container-news, fleetmon.com

Read times
Rate this item
(0 votes)