Containers

Bulk သင်္ဘောဖြင့် ကွန်တိန်နာ သယ်ယူမှုများ စတင်

ဂရိနိုင်ငံမှ Starbulk ရဲ့ 175,000 dwt ရှိတဲ့ ‘Capesize’ အရွယ်အစား Bulk သင်္ဘောအကြီးစားနဲ့ ကွန်တိန်နာ ပမာဏ 1,400 teu ကို သယ်ယူခဲ့တာမှာ

ကုန်ပါတဲ့ ကွန်တိန်နာ အလုံး ၂၀၀ နဲ့ ဗလာကွန်တိန်နာ အလုံး ၁၂၀၀ တို့ကို ဥရောပမှ တရုတ်နိုင်ငံသို့ သယ်ဆောင် ပြောင်းရွှေ့ခဲ့တယ်လို့ ကွန်တိန်နာ ဆန်းစစ်မှုလုပ်ငန်း Alphaliner က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Dwt ဆိုတာက Deadweight tonnage ကို ဆိုလိုပြီး သင်္ဘောတစ်စီးအနေဖြင့် အများဆုံး သယ်ဆောင်နိုင်တဲ့ တန်ချိန်ကို ဆိုလိုပါတယ်။
Capesize ဆိုတာက သင်္ဘောအရွယ်အစားကို ရည်ညွှန်း ပြောဆိုကြတာ ဖြစ်ပါတယ်။ Bulk သင်္ဘောတွေထဲမှာ အရွယ်အစားအကြီးမားဆုံးသင်္ဘောတွေ ဖြစ်ပြီး ကြီးမားလွန်းလို့ ဖြတ်လမ်းဖြစ်တဲ့ စူးအက်တူးမြောင်း မဆန့်ဘူး။ ဒီတော့ အာဖရိကတိုက်ရဲ့ အောက်ဖက် အငူ (Cape)ကနေ ပတ်ပြီး သွားရတာကိုအကြောင်းပြုပြီး "Capesize" လို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

771798.png

 

27th-march-3.png

 


Bulk သင်္ဘော (bulk carrier) ဆိုတာကတော့ သင်္ဘောဝမ်းထဲမှာ ကုန်တင်ဖို့ ကုန်ခန်း( cargo hold) တွေ စီစဉ်ထားတဲ့ သင်္ဘောဖြစ်ပြီး အထုပ်အပိုးများဖြင့် ဖြစ်စေ၊ အထုပ်အပိုးမပါဘဲ ဝမ်းပုံ ဖြစ်စေ ဂျုံ၊ ဆန်၊ ပြောင်းစေ့၊ ဘိလပ်မြေ။ သံချောင်းအခွေ စတဲ့ ကုန်စည်တွေ တင်တဲ့သင်္ဘောမျိုး ဖြစ်ပါတယ်။

 

image-png-Oct-30-2020-12-02-05-56-AM.png

 

Starbulk က bulk carrier ပိုင်ရှင်တွေ အတူတူစုပြီး pool လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး ယခုကွန်တိန်နာတင်တဲ့ သင်္ဘောပိုင်ရှင်က ဥရောပမှ ဖြစ်တယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

သင်္ဘောပိုင်ရှင်တွေ စုဖွဲ့ထားတဲ့ P&I Clubs က bulk carrier ပိုင်ရှင်တွေကို ကွန်တိန်နာတင်ဖို့ သုံးစွဲရင် သတိပြုရမယ့်အချက်တွေ အသိပေးခဲ့ပါတယ်။

bulk carrier ကို ကွန်တိန်နာတွေ တင်ဖို့ ပြုပြင် မွမ်းမံတဲ့အခါ လိုက်နာဆောင်ရွက်ရမယ့် လိုအပ်ချက်တွေကို အာမခံစာချုပ်လုပ်ငန်း၊ သင်္ဘောအမျိုးအစား အဆင့်အတန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်း၊ မှတ်ပုံတင်အလံ နိုင်ငံမှ ရေကြောင်းအာဏာပိုင်တို့ထံမျ လမ်းညွှန်ချက်များ ရယူသင့်ကြောင်း တိုက်တွန်းအကြံပြုထားပါတယ်။

ကုန်စည်ကို ဝမ်းပုံတင်ဖို့ လုပ်ထားတဲ့ ဒီဇိုင်းမှာ ကွန်တိန်နာတွေ တင်တဲ့အခါ ဟန်ကျပန်ကျ ဖြစ်အောင် လုပ်ရမယ့်အပြင် ကြံ့ခိုင်ရေးနဲ့ ခံနိုင်ရည်တို့ကိုလည်း ထည့်သွင်းစဉ်းစားပေးရမယ်လို့ ဆိုထားပါတယ်။ ကွန်တိန်နာတွေ ပြုတ်မကျအောင် တုပ်နှောင်ဖို့ စီစဉ်တာမှာလည်း လုပ်သင့်လုပ်ထိုက်တာတွေ အပြည့်အဝ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သင်္ဘော တည်တည်ငြိမ်ငြိမ်ဖြင့် တည့်မတ်နေဖို့အချက်ကိုလည်း စဉ်းစားပေးရမှာ ဖြစ်ပြီး ဘေးတိမ်းစောင်းရင်လည်း သူ့ဘာသာသူ ပြန်အတည့်ဆီ ပြန်လာတဲ့ အနေအထား ဖြစ်ဖို့ လိုပါတယ်။ ပစ်တိုင်းထောင်လို ဖြစ်နေရမယ်လို့ ဆိုလိုပါတယ်။
သင်္ဘောဝန်ထမ်းတွေအနေဖြင့်လည်း ကွန်တိန်နာတွေ တုပ်နှောင်တာ၊ နေရာချတာ စတဲ့ စီမံဆောင်ရွက်မှုတွေ လုပ်တတ်ကိုင်တတ် ဖြစ်ဖို့ လိုပါတယ်။ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ပေးရမှာ ဖြစ်ပါတယ်။
ကုန်ခန်းပေါက် အဖုံးတွေဟာ အပေါ်မှာ ကုန်တင်ရင် အလေးချိန်ကို ခံနိုင်ရည် ရှိတဲ့ အမျိုးအစား ဟုတ်မဟုတ်ကိုလည်း ဆန်းစစ်ဖို့ လိုပါတယ်။ ဆီ၊ ရေ အစရှိတဲ့ လှောင်ကန်တွေအပေါ်မျက်နှာပြင် အသားက အလေးချိန်များများ တင်ဖို့ ဆီလျော်ရဲ့လား ဆိုတာကိုလည်း ဆန်းစစ်ဖို့ တိုက်တွန်းထားပါတယ်။

ကွန်တိန်နာတွေမှာ မီးလောင်လွယ်တဲ့ကုန်စည် ထည့်သွင်းတင်ပို့တာမျိုး ရှိတာမို့ မီးငြိမ်းသတ်ရေးအတွက်လည်း လိုအပ်တဲ့ ပစ္စည်းကိရိယာများနဲ့ အရေးပေါ် အစီအမံများ ထားရှိဖို့ကို အာမခံလုပ်ငန်းတွေက တောင်းဆိုကြပါတယ်။

ကွန်တိန်တာ သယ်ပို့ခတွေ ဈေးအလွန်ကောင်းနေတာမို့ bulk carrier တွေအနေဖြင့် ကွန်တိန်နာတွေ တင်လို့ရအောင် ပြုပြင်မွမ်းမံကြမှာ ဖြစ်ပြီး တစ်မျိုးမက သုံးစွဲနိုင်တဲ့ multipurpose (MPP ) သင်္ဘောတွေ ဖြစ်လာကြမှာ ဖြစ်ပြီး သင်္ဘောသားတွေအနေဖြင့်လည်း ကွန်တိန်နာအကြောင်း တတ်သိထားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။


မဝေးတော့တဲ့ အနာဂတ်မှာ bulk carrier တွေကို MPP ပို့ဆောင်ရေးဈေးကွက်များနဲ့ ကုန်ပေါက်ပါ bulk သင်္ဘော open hatch bulk carrier (OHBC) ပို့ဆောင်ရေးဈေးကွက်များ နှစ်ခုစလုံးမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)