Containers

အအေးခန်းကုန်သေတ္တာအတွင်းပါ ကုန်ပစ္စည်းပျက်စီးမှုကို ကြိုတင်ကာကွယ်နည်းများ

လက်ခံရရှိသည့် အအေးခန်းကုန်သေတ္တာသည် သက်တမ်းရှိသည့် ခရီးစဉ်အတွက် စစ်ဆေးပြီးကြောင်း သက်သေခံလက်မှတ် (Pre-Trip Inspection (PTI) certificate) ရှိ/မရှိစစ်ဆေးပါ။

 

အအေးခန်းကုန်သေတ္တာတွင် အအေးခံသည့် စက်ကိရိယာ၊ အပူချိန်ထိန်းချုပ်သည့် ကိရိယာနှင့်မှတ်တမ်းတင်သည့် ကိရိယာများကောင်းမွန်ခြင်းရှိမရှိ စစ်ဆေး၍ ပုံမှန်အလုပ် လုပ်ကြောင်း သေချာစေရန် အတွက် ကုန်သေတ္တာကို ထုတ်ပေးခြင်းမပြုမီ စစ်ဆေးကြရပါသည်။ ထို့အပြင် အအေးခန်းကုန်သေတ္တာအတွင်းသို့ ကုန်ပစ္စည်း ထည့်သွင်းရန် အဆင်သင့် ဖြစ်စေရေး အတွက် ကုန်သေတ္တာအတွင်း သန့်ရှင်းမှုအနေအထားနှင့် ကုန်သေတ္တာ၏ ကြံ့ခိုင်မှုကို လည်း PTI တွင် စစ်ဆေးရပါသည်။

 

ကုန်ပစ္စည်းများကို အအေးခန်း ကုန်သေတ္တာအတွင်းသို့ မထည့်သွင်းမီ ကြိုတင်အအေးခံ ထားရပါသည်။ ကြိုတင် အအေးခံထားခြင်းသည် လမ်းခရီးတွင် သယ်ယူပို့ဆောင်ရာ၌ ကြာမြင့်ချိန်ကို အထောက်အကူပြုစေပါသည်။ အအေးခန်း ကုန်သေတ္တာအတွင်းသို့ ကုန်ပ့စ္စည်းထည့်သွင်းနေစဉ် ကုန်သေတ္တာ တင်ဆောင်ထားသည့် ယာဉ်များကို စက်နှိုးထားခြင်း မပြုသင့်ပါ။ စက်နှိုးထားပါက ပတ်ဝန်းကျင်ရှိ လေပူလေအေးများ နှင့် ကားအိပ်ဇောငွေ့များ ကုန်သေတ္တာအတွင်းသို့ ဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။ အအေးခန်းကုန်သေတ္တာအတွှင်းသို့ ကုန်ပစ္စည်း ထည့်သွင်းသည့်အခါ ပူအိုက်စိုစွတ်သည့် ပတ်ဝန်းကျင်တွင် လေဟာပြင်၌ ထည့်သွင်းခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဖြစ်နိုင်ပါက အအေးခန်းစက်ရုံရှိ ကုန်ထည့်သွင်းသည့် နေရာတွင် ထည့်သွင်းသင့်ပါသည်။

 

အပူချိန်ကို ဂရုပြုဆောင်ရွက်ခြင်းသည် အအေးခန်းဖြင့် တင်ပို့သည့် ကုန်သေတ္တာအားလုံ:အတွက် အရေးကြီးပါသည်။ အပူချိန်ကို လိုအပ်သည့်အနေအထားတွင် ထိန်းသိမ်းထားရှိရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက် သင့်ပါသည်-

 

6Th floor 2

 

အအေးခန်းကုန်သေတ္တာကို လိုအပ်သည့်အပူချိန်နှင့် စိုထိုင်းဆမှန်ကန်မှုရှိစေရန် သေချာစွာ ချိန်ညှိပါ။

အပူချိန်ကို ရေးသားဖော်ပြထားသည့် စာရွက်တွင် – နှင့် + လက္ခဏာများကို သေသေချာချာကြည့်ပါ။ -5˚C အစား+5˚C ဟူ၍ မမှားစေရန်ဖြစ်သည်။

ကုန်သေတ္တာအတွင်းသို့ ကုန်ပစ္စည်းထည့်သွင်းသည့် ပုံစံသည် အလွန်အရေးကြီးပါသည်။

အအေးခန်းကုန်သေတ္တာအတွင်းသို့ ကုန်ပစ္စည်းထည့်သွင်းရာတွင် သတိပြုရမည့် အချက်များမှာ-

ကုန်သေတ္တာအတွင်း လေအေးလှည့်ပတ်စေရန် ဆောင်ရွက်ထားသည့်အတွက် ကုန်ပစ္စည်း ကို ကြမ်းခင်း (T-floor) ထက်ကျော်လွန်၍ မထည့်ရပါ

သတ်မှတ်ထားသည့်အမြင့် (red load line) ထက်ကျော်လွန်၍ ပစ္စည်း မထည့်ရပါ

ကုန်ပစ္စည်းကို ကုန်သေတ္တာအတွင်း တည်ငြိမ်မှုရှိစေရန်အတွက် ရွေ့လျားမှုမဖြစ်ပေါ်စေသည့် အနေအထားဖြင့် ထည့်သွင်းပါ

အအေးခန်းကုန်သေတ္တာကို မှန်ကန်သည့်အပူချိန်တွင် ချိန်ညှိထားပါ

စိုထိုင်းဆ ထိန်းချုပ်သည့် ကိရိယာကို စစ်ဆေးပါ

ကုန်သေတ္တာအတွင် လေလှည့်ပတ်သည့် စနစ်ကို မှန်ကန်စွာချိန်ညှိပါ

ကုန်သေတ္တာအတွင်း လှည့်ပတ်နေသည့် လေအေးသည် ခုခံအားနည်းသောနေရာများသို့ သွားရောက်မည်ဖြစ်သည့်အတွက် ကုန်ပစ္စည်းများအကြားတွင် ကွက်လပ်များ၊ လေစီးဆင်းမှုကို ပိတ်ဆို့မှုများ မဖြစ်စေရန် ထည့်သွင်းရပါမည်။ ပစ္စည်းများ ထည့်သွင်းပြီးနောက် တံခါးမပိတ်မီ ကတ်ထူပြား သို့မဟုတ် သစ်သားပြားကို ထည့်သွင်းခြင်းဖြင့် လေကို မှန်ကန်စွာလှည့်ပတ်စေသည့်အပြင် တံခါးအနီးတွင် လေပူများ လှည့်ပတ်နေခြင်း (heat sinks) ကို လျော့နည်းစေပါသည်။

Source : Shipping and Logistics

Myanmar Logistics Guide

Read times
Rate this item
(0 votes)