Containers

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တည်ဆောက်ပြီးစီး လွှဲပြောင်းပေးအပ်

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တည်ဆောက်ပြီးစီး လွှဲပြောင်းပေးအပ်

 

၂၄,၀၀၀ TEU အရွယ်အစားရှိ ကွန်တိန်နာသင်္ျဘာကို ရှန်ဟိုင်းတွင် တည်ရှိသော သင်္ဘောကျင်းလုပ်ငန်း Hudong-Zhonghua Shipbuilding Co က တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၂၂ ဇွန်လ ၂၂ ရက်မှာ ပိုင်ရှင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ပေ ၂၀ ကွန်တိန်နာ လုံးရေ ၂၄,၀၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောကို China State Shipbuilding Corp (CSSC) က တည်ဆောက်ပေးခဲ့ပါတယ်။

 

Annotation_2022-06-24_084705.jpg

 

သင်္ဘောကို CSSC ရဲ့ လက်အောက်ခံလုပ်ငန်း Hudong-Zhonghua Shipbuilding Co က ဒီဇိုင်းထုတ်ပေးခဲ့ပါတယ်။ 

သင်္ဘောရဲ့  ဒီဇိုင်းအပါအဝင် ဉာဏမူပိုင်ခွင့် property rights ကို Hudong-Zhonghua က ပိုင်ဆိုင်ပါတယ်။

 

သင်္ဘောက အရေ‌ှ့ဖျားနှင့် ဥရောပတို့အကြား ခရီးစဉ်များကို ဝန်ဆောင်မှုများ ပေးအပ်ပါမယ်။

အလျား ၃၉၉.၉၉ မီတာ ရှည်လျားပြီး အကျယ် ၆၁.၅ မီတာ ရှိပါတယ်။ ကုန်းပတ်ဧရိယာ စတုရန်းမီတာ ၂၄,၀၀၀ ရှိပါတယ်။ ဘောလုံးကွင်းနှင့် နှိုင်းယဉ်ရင် ဘောလုံးကွင်း ၃ ကွင်းခွဲနှင့် ညီမျှပါတယ်။

 

08b5b477-2363-4c78-883d-6b94bfd2b2a6.jpeg

 

ကွန်တိန်နာ ၂၅ လုံး ဆင့်ထပ်ပြီး ထားသိုနိုင်ပါတယ်။ အမြင့်က ၂၂ ထပ်တိုက်အမြင့်နှင့် ညီမျှပါတယ်။

Hudong-Zhonghua Shipbuilding Co က အမှာစာ ၉ စီး လက်ခံရရှိထားပါတယ်။ ၆ စီး ဆောက်လုပ်ဆဲ ဖြစ်ပြီး ယခုနှစ်မှာ ၃ စီး ပြီးစီးဖို့ လျာထားပါတယ်။

 

289344692_5268083633229853_4121356835842900903_n.jpg

 

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောကို Evergreen က လွှဲပြောင်းရယူပါတယ်။ သင်္ဘောအမည်က  Ever Alot ဖြစ်ပါတယ်။

 6Th floor 2

ယခင် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောကလည်း Evergreen ရဲ့ ကွန်တိန်နာသင်္ဘောဖြစ်ပြီး အမည်က Ever Ace ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ တည်ဆောက်ခဲ့ပြီး ၂၀၂၁ မှာ ပြီးစီးပါတယ်။ အရွယ်အစားက ၂၃,၉၉၂ TEU ဖြစ်ပါတယ်။

#MyanmarLogisticsGuide

Telegram Channel

https://t.me/Guid4U/278

https://t.me/Guid4U

 

Read times
Rate this item
(0 votes)