Export & Import

Friday, 22 September 2023 08:54

တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ တင်ပို့ခွင့် ရရှိရန် လုပ်ဆောင်ရမည်များ

ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်ပို့ခွင့် လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ၊ ဝန်ဆောင်ခများ၊ လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်ထားရမည့် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။ ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံပါက လျှောက်ထားနိုင်ပြီး ဝန်ဆောင်ခမှာ အောက်ပါအတိုင်း ဖြစ်သည်။ အေးခဲသားအစို - တစ်မက်ထရစ်တန်လျှင် (၁,၅၀၀) ကျပ် အသားခြောက် - တစ်မက်ထရစ်တန်လျှင် (၄,၀၀၀) ကျပ် အေးခဲငါး/ပုဇွန် - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ် ကျွဲ/နွား သားရေ - သားရေတစ်ချပ်လျှင် (၁၅) ကျပ် သိုး/ ဆိတ် သားရေ - သားရေတစ်ချပ်လျှင် (၅) ကျပ် အရိုးခဲ - တစ်မက်ထရစ်တန်လျှင် (၇၅၀) ကျပ် ကျွဲ/ နွားချို - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ် သည်းချေ - တစ်မက်ထရစ်တန်လျှင် (၁,၅၀၀) ကျပ် အကြောအမျိုးမျိုး - တစ်မက်ထရစ်တန်လျှင် (၃,၀၀၀) ကျပ် ဘဲမွေး - တစ်မက်ထရစ်တန်လျှင် (၁၅,၀၀၀) ကျပ် ငှက်သိုက် - တစ်ကီလိုဂရမ်လျှင် (၃,၀၀၀) ကျပ် လေပြွန်၊ အစာအိမ်၊ ဥသိုချောင်း၊ နှလုံးပြွန်၊ ကြက်ခြေထောက် - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ် ဝက်ဆီ၊ အမဲဆီ - တစ်မက်ထရစ်တန်လျှင် (၅၀၀) ကျပ် ပျားရည်နှင့် ပျားထွက်ပစ္စည်း - တစ်မက်ထရစ်တန်လျှင် (၂,၅၀၀) ကျပ် တိရစ္ဆာန်အစာ - တစ်မက်ထရစ်တန်လျှင် (၆၅၀) ကျပ် ပဲဖတ်၊ နှမ်းဖတ် - တစ်မက်ထရစ်တန်လျှင် (၂၀၀) ကျပ် ငါးမှုန့်၊ ပုဇွန်မှုန့် - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ် ပြောင်း - တစ်မက်ထရစ်တန်လျှင် (၇၀၀) ကျပ် Advertisement Click Here >Hnin Taung လိုအပ်သော စာရွက်စာတမ်းများ ဌာန၏ သတ်မှတ်လျှောက်လွှာပုံစံ ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာမည် ဖြစ်ကြောင်း ကုမ္ပဏီ Letterhead ဖြင့် ကတိဝန်ခံချက် ကုမ္ပဏီ Letterhead ဖြင့် ပစ္စည်းဝယ်ယူစုဆောင်းမှုအား တင်ပြခြင်း ကုမ္ပဏီ Letterhead ဖြင့် ပစ္စည်းများ သိုလှောင်ထားရှိမည့် နေရာအား တင်ပြခြင်း ကုန်အရောင်းအဝယ်စာချုပ် (Sale Contract) ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice) အသားခြောက် ထုတ်လုပ်သူများအတွက် အသားပြုပြင်ထုတ်လုပ်သူ မှတ်ပုံတင်လက်မှတ် (Meat Processing Registration Card) မိတ္တူ၊ ပျားရည်သန့်စင် ထုတ်လုပ်သူများအတွက် ပျားရည်သန့်စင် ထုတ်လုပ်သူ မှတ်ပုံတင်လက်မှတ် (Honey Processing Registration Card) မိတ္တူ၊ ပစ္စည်းများ ဝယ်ယူစုဆောင်းမှုဆိုင်ရာ အထောက်အထား (လိုင်စင်စီ၊ စည်ပင်ထောက်ခံစာ၊ ပစ္စည်းဝယ်ယူမှု ဘောက်ချာမိတ္တူ) ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့သူများအတွက် ယခင် တင်ပို့ပြီးစီးမှု အထောက်အထား ( ED-Export Declaration) လျှောက်ထားရန် အဆင့်များ လျောက်ထားလိုသူများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်ပြီး ပစ္စည်းများ ထားရှိရာနေရာသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကွင်းဆင်း စစ်ဆေးခြင်းကို ခံယူခြင်းနှင့် Veterinary Health Certificate ထုတ်ယူခြင်း လုပ်ဆောင်ရန် လိုအပ်သည်။ ဆက်သွယ်ရန်လိပ်စာ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈ ဝန်ဆောင်မှု ရရှိနိုင်မည့် နေရာ ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Wednesday, 20 September 2023 04:17

ယခုဘဏ္ဍာနှစ် ငါးလတာအတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် (၄) သိန်းသာရှိ

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် (၄) သိန်းခန့်သာ ရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် (၅) သိန်းခန့် လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။ “ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်မှာ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ငါးလ ပြီးသွားပြီ။ ဒီငါးလအတွင်းမှာ ပြည်ပတင်ပို့က တန်ချိန် လေးသိန်းနီးပါးလောက် ရှိတာပေါ့။ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တန်ချိန်ငါးသိန်းလောက် နည်းနေတယ်။” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်သို့ ပြောကြားချက်အရ သိရသည်။ ယခု စက်တင်ဘာအတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းခန့် တင်ပို့ရန် စီစဉ်ထားပြီး နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းနှင့် နှစ်သန်းကျော် တင်ပို့လျက် ရှိကာ ယခုဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် နှစ်သန်းနှင့် နှစ်သန်းခွဲထိ တင်းပို့မည်ဟု ခန့်မှန်းထားသည်ဟု ဆိုသည်။ Advertisement Click Here > Myat Mi Ba ပြည်တွင်း အဓိကစားသုံးဆန်များ ဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသော ပြည်တွင်းစားဆန် အမျိုးအစားများအား ပြည်တွင်းဈေးကွက် အတွက်သာ ဦးစားပေး ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ဧည့်မထအုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ အဓိက ပြည်ပတင်ပို့လျက် ရှိပြီး ဆန်ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန် ဆန်စုဆောင်းမှု ၁၀၀ ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့် ကုမ္ပဏီများကို (Pre Shipment Inspection) စိစစ်ပြီး ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ဥရောပနိုင်ငံများ ဖြစ်ပြီး တရုတ်နိုင်ငံအား ဒုတိယအများဆုံး တင်ပို့ကာ ဖိလစ်ပိုင်နှင့် ဒေသတွင်းနိုင်ငံများသို့လည်း တင်ပို့လျက် ရှိသည်။

Thursday, 14 September 2023 08:33

တရုတ်နိုင်ငံနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာနိုင်ငံ သဘာဝရေပြင်မှ ဖမ်းဆီး ရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များကို ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ( Belt and Road Initiative - BRI ) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုမည် ဖြစ်သည်။ အဆိုပါ ညီလာခံကို စက်တင်ဘာလ (၁၄) ၇က်မှ (၁၇) ရက်နေ့အထိ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး စီမံကိန်း ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ သွားရောက် တက်ရောက်မည် ဖြစ်သည်။ Advertisement Click Here >Great Modern စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ( Belt and Road Initiative - BRI ) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ယင်းမြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက်ကြသည်ဟု သိရသည်။

Monday, 11 September 2023 08:29

ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ငါးလအတွင်း ဒေါ်လာ (၄) ဘီလီယံကျော် ရရှိ

မြန်မာနိုင်ငံမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ (၁) ရက်မှ စက်တင်ဘာ (၁) ရက်အထိ ငါးလတာကာလအတွင်း စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄.ဝ၈) ဘီလီယံကျော် ရရှိခဲ့ကြောင်း စက်တင်ဘာ (၈) ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါပမာဏမှာ အမေရိကန်ဒေါ်လာ (၅.ဝ၅) ဘီလီယံကျော် ဝင်ငွေ ရရှိခဲ့သော ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အလား တူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၉၆၂) သန်းကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ Ad > Myat Noe Lay Co., Ltd. နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများအနက် စက်မှုကုန်ချော ထုတ်ကုန်များကို ပြည်ပသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး လယ်ယာထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများထက် ပိုမို တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက် ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ အပါအဝင် ပြည်ပကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့လျက် ရှိသည်။ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် စက်တင်ဘာ (၁) ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ (၆.၄၈) ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

Thursday, 07 September 2023 10:20

သုံးရက်အတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ဒေါ်လာ (၁၅.၅) သန်း ဆောင်ရွက်နိုင်ခဲ့

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂) ရက်မှ စတင်ဘာလ (၄) ရက်အထိ သုံးရက်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃.၁၄၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂.၃၇၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅.၅၁၃ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ လတ်တလော ပြည်တွင်းလိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေသဖြင့် လက်ရှိကာလများတွင် မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများ ပိုမို တင်ပို့နိုင်နေကြောင်း သိရသည်။ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်နှင့် ရေထွက်ပစ္စည်းများ ဖြစ်သည့် ခုံး၊ ကဏန်း၊ ငါးမြွေထိုး၊ ငါးခွေလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်းဆီဖောင်များကို တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ Advertisement Click Here >Myat Noe Lay Co., Ltd. သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းများ တင်သွင်းခဲ့သည်။ ပုပ်သိုး ပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းပို့ကုန်များ ဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူ လျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင်လည်း ဦးစားပေး ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။ ငွေလဲလှယ်နှုန်းအနေဖြင့်မူ ယခုအပတ်တွင် တစ်ဘတ်လျှင် (၁၀၃.၀၉) ကျပ် ဖြစ်ပြီး ယခင်ရက်များထက် ဈေးနှုန်း အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

Thursday, 07 September 2023 09:10

မြန်မာနိုင်ငံမှ ပြည်ပသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့မည်ဆိုလျှင်

ပြည်ပနိုင်ငံများသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့ခွင့် လျှောက်ထားမည့် လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်ခ၊ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။ ပြည်ပသို့ တင်ပို့မည့် အိမ်မွေးတိရစ္ဆာန်များအား မျက်မြင်ကျန်းမာရေး အခြေအနေအား စစ်ဆေးမှု ခံယူရန်၊ မှတ်ပုံတင် အမှတ်အသား ( Identification ) အား စစ်ဆေးမှု ခံယူရန်နှင့် ကာကွယ်ဆေးထိုး မှတ်တမ်းမူရင်း စစ်ဆေးမှု ခံယူရန် လိုအပ်သည်။ ဝန်ဆောင်ခ တစ်ကောင်လျှင် (၁၀,၀၀၀) ကျပ်နှုန်း ကောက်ခံသည်။ ( ခွေး၊ ကြောင် ) လိုအပ်သော စာရွက်စာတမ်းများ ဌာန၏ သတ်မှတ်လျှောက်လွှာပုံစံ တိရစ္ဆာန်၏ ၄ လက်မ x ၆ လက်မအရွယ်ဓာတ်ပုံ [ ဘေးဘယ် (၁) ပုံ၊ ဘေးညာ (၁) ပုံနှင့် ရှေ့ (၁) ပုံ ] (၂) စုံ ကာကွယ်ဆေးထိုးမှတ်တမ်း မူရင်းနှင့် မိတ္တူ ဓာတ်ခွဲခန်း စစ်ဆေးချက် Advertisement Click Here >Lat War (TSM) လျှောက်ထားရန် အဆင့်များ ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုရုံး [One Stop Service (OSS)] တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ ကိုယ်တိုင်ဖြစ်စေ အွန်လိုင်းမှဖြစ်စေ လျှောက်ထားနိုင်သည်။ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ထွက်ပေါက်များရှိ တိရစ္ဆာန် ထိန်းသိမ်းစောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station) နှင့် စစ်ဆေးရေးစခန်း (Check points) များတွင် စစ်ဆေးမှုကို ခံယူခြင်း တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ် ထုတ်ယူခြင်း ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ်ရန် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈ ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Tuesday, 05 September 2023 03:41

ယခုဘဏ္ဍာနှစ် (၅) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ (၁၆၆) သန်း ရရှိ

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ (၅) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ပေါင်း (၄) သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ထိုသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၆၆) သန်း နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများကို ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများသို့ အပတ်စဉ်၊ လစဉ် တင်ပို့ ရောင်းချပေးလျက် ရှိပြီး ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ ဆန်နှင့် ဆန်ကွဲ (၃၇၉,၃၈၄) တန် တင်ပို့ရောင်းချမှုမှ နိုင်ငံခြားဝင်ငွေများ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ၂၀၂၃ ခုနှစ်အတွင်း… ဧပြီလက အမေရိကန်ဒေါ်လာ (၃၆) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၈၇,၆၄၈) တန် မေလက အမေရိကန် ဒေါ်လာ (၄၈) သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၁၁၀,၇၀၆) တန် ဇွန်လက အမေရိကန်ဒေါ်လာ (၂၈) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၆၂,၇၂၅) တန် ဇူလိုင်လက အမေရိကန်ဒေါ်လာ (၂၆) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၅၈,၃၃၄) တန်နှင့် ဩဂုတ်လက အမေရိကန်ဒေါ်လာ (၂၈) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၅၉,၉၇၁) တန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၆၆) သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၃၇၉,၃၈၄) တန် တင်ပို့ ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Advertisement Click Here >Ko Tin Aung ယခုဘဏ္ဍာနှစ် ငါးလအတွင်းတွင် မေလသည် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အများဆုံးဖြစ်ပြီး နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိသော လတစ်လလည်း ဖြစ်သည်။ ယခုအခါ ပြည်တွင်း ဆန်စပါးဈေးကွက် တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထိန်းသိမ်း ဆောင်ရွက်နေပြီး ဆန်စပါးဈေးကွက်တွင် သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Wednesday, 30 August 2023 09:21

ပြည်ပနိုင်ငံမှ ဝက်သားပေါက် တင်သွင်းခွင့် လျှောက်ထားလိုသူများအတွက်…

ပြည်ပမှ ဝက်အရှင် တင်သွင်းခွင့် လျှောက်ထားမည့် လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်ခ၊ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။ အခြေခံလိုအပ်ချက်များ ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံပါက လျှောက်ထားနိုင်သည်။ စီးပွားဖြစ် ဝက်သားပေါက် တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ Stakeholder Meeting မှ အတည်ပြု ဆုံးဖြတ်သည့် ခွဲတမ်းပမာဏအတိုင်း လျှောက်ထားရမည်။ စီးပွားဖြစ် ဝက်သားပေါက်များအတွက် ဦးစီးဌာနက သတ်မှတ်ထားသော ခန္ဓာကိုယ်အလေးချိန် အတိုင်းသာ တင်သွင်းရမည်။ အာဖရိကဝက် အပြင်းဖျားရောဂါ ကင်းရှင်းသည့် နိုင်ငံမှသာ တင်သွင်းရမည်။ ဝန်ဆောင်ခ ကျန်းမာရေးစစ်ဆေးခအဖြစ် ဝက်တစ်ကောင်လျှင် ၂,၀၀၀ ကျပ် နှုန်း ကောက်ခံသည်။ လိုအပ်သော စာရွက်စာတမ်းများ ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံ ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိ လိုက်နာမည် ဖြစ်ကြောင်း ကတိခံဝန်ချက်၊ တင်သွင်းလာသော အေးခဲအသားများအား သိုလှောင်၊ ဖြန့်ဖြူးရောင်းချ (သို့) အသုံးပြုမည့်နေရာ၊ ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)၊ အရောင်းအဝယ် သဘောတူစာချုပ် (Sales Contract) မိတ္တူ၊ တင်သွင်းသည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကုဆရာဝန် (Veterinary Authority) မှ ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် (Veterinary Health Certificate) ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ မွေးမြူသည့်ခြံ မှတ်ပုံတင်လက်မှတ် (Farm Certificate)၊ မျိုးဝက် တင်သွင်းခြင်းအတွက် မျိုးရိုးမှတ်တမ်း (Pedigree Certificate) နှင့် မျိုးဆိုင်ရာ အထောက်အထား၊ ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံရှိ ဝက်၏ ကာကွယ်ဆေးထိုးမှတ်တမ်း၊ ပြည်တွင်းရှိ မွေးမြူမည့်ခြံ၏ မှတ်ပုံတင်လက်မှတ် (AHD/ PC-7) Advertisement Click Here > Htun Tauk လျှောက်ထားရန်အဆင့်များ ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားရမည်။ တင်သွင်းမည့်ဝက်များ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရမည်။ စစ်ဆေးရေးစခန်းသို့ တင်သွင်းလာသည့်ဝက်များ ရောက်ရှိချိန်တွင် တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ်မူရင်း အပ်နှံခြင်းနှင့် ကူးစက်ရောဂါ ကင်းစင်ကြောင်း ဓါတ်ခွဲခန်း စစ်ဆေးမှု ခံယူရမည်။ ဦးစီးဌာနက ထုတ်ပေးသော ကူးစက်ရောဂါ ကင်းရှင်းကြောင်း ဓါတ်ခွဲခန်းအဖြေဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားပြီး အတည်ပြုချက် ရယူရမည်။ လျှောက်ထားစဉ်က ဖော်ပြထားသည့် ဒေသသို့သာ သယ်ဆောင်ရမည် ဖြစ်ပြီး အဆိုပါ သယ်ဆောင်ခြင်းအတွက် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/ PC-3) လျှောက်ထားရမည်။ ခရီးဆုံးဒေသသို့ ရောက်ရှိပါက ယင်းဒေသရှိ မြို့နယ်ဦးစီးဌာနမှူးထံ တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/ PC-3) မူရင်း ပြန်လည် အပ်နှံရမည်။ တိရစ္ဆာန်ကူးစက်ရောဂါ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများအရ ခရီးဆုံးဒေသရှိ မွေးမြူရေးခြံတွင် ထည့်သွင်း မွေးမြူခြင်း (သို့) ဖြန့်ဖြူးရောင်းချခြင်း မပြုမီ သီးခြားခြံတွင် စောင့်ကြည့်ကာလ (၁၄) ရက် ထားရှိပြီး ခရီးဆုံးဒေသရှိ မြို့နယ်ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။ ဝန်ဆောင်မှုပေးသည့်ဌာနကို ဆက်သွယ်ရန် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈ ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Wednesday, 23 August 2023 09:39

ပြည်ပနိုင်ငံများမှ တိရစ္ဆာန်အစာ တင်သွင်းခွင့် ရရှိရန် လိုအပ်သည့် အချက်များ

လုပ်ငန်းရှင်များအနေဖြင့် မိမိ တင်သွင်းမည့် နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည် အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory) နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးပြီး အရည်အသွေး ပြည့်မီကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေရရှိမှသာ စတင် လျှောက်ထားရမည် ဖြစ်သည်။ လိုအပ်သော စာရွက်စာတမ်းများ ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက် ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice) အရောင်းအဝယ် သဘောတူစာချုပ် (Sales Contract) မိတ္တူ အရည်အသွေး စစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA) လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate) ကုန်ပစ္စည်းရောင်းချသည့် နိုင်ငံ၏ ထုတ်လုပ်သည့် စက်ရုံသည် HACCP or GMP Certificate (သို့) ယင်းနှင့် အလားတူညီသော ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းမှုဆိုင်ရာ အထောက်အထား အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့် လိပ်စာ တိရစ္ဆာန်အရင်းအမြစ် (Animal Origin) မှ ထုတ်လုပ်ပေးသော မွေးမြူရေးအစာနှင့် အစာကုန်ကြမ်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် (Veterinary Authority) က ထုတ်ပေးသော တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာနက ထုတ်ပေးသော သက်တမ်းရှိ ဓာတ်ခွဲအဖြေ မိတ္တူ Advertisement :HT-LT ၁။ ပထမဆုံး အဆင့်အနေဖြင့် ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားရမည် ဖြစ်သည်။ ၂။ တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory) နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးမှု ခံယူရမည်။ ၃။ တင်သွင်းမည့် တိရစ္ဆာန်အစာများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရမည်။ ၄။ စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်အစာများ ရောက်ရှိချိန်တွင် ပေးပို့နမူနာပစ္စည်းနှင့် ကိုက်ညီမှု ရှိမရှိ မျက်မြင်စစ်ဆေးမှု ခံယူခြင်း၊ အရည်အသွေး စစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA) စစ်ဆေးမှုခံယူခြင်း၊ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် စစ်ဆေးမှု ခံယူခြင်း၊ အခြားသက်ဆိုင်ရာ အထောက်အထားများ စစ်ဆေးမှု ခံယူခြင်းနှင့် နမူနာရယူ၍ လိုအပ်ပါက ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုခံယူခြင်းတို့ ဆောင်ရွက်ရမည်။ ၅။ မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားရမည်။ ၆။ တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူရမည်။ ဝန်ဆောင်မှုပေးသည့် ဌာန ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈ ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။