Export & Import

Friday, 22 November 2019 09:35

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့လုပ်ငန်းမှ တန်ချိန် (၁၈၀၀၀)ကျော် ပို့နိုင်သော်လည်း ယခင်နှစ် များထက်လျော့ကျ

ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်း ကို တိုးချဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၁၉) ခေါက်အထိ ပြေးဆွဲနိုင်ကာ ကုန်တန်ချိန် (၁၈၄၈၀)တန်ကို သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းအထိ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှသိရပါတယ်။

Wednesday, 20 November 2019 06:53

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဟုခန့်မှန်း

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားချက်အရ သိရပါတယ်။နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ပြုလုပ်သည့် “Myanmar Entrepreneurship Summit 2019” တွင် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Monday, 18 November 2019 10:04

ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်လာခဲ့တဲ့ အထည်ချုပ်

အထည်ချုပ်(ချုပ်ပြီးအထည်)သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ် တစ်လခန့်တွင် တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၃၂၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၀ ခန့်ပိုမိုရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ပြောကြားသည်။

Monday, 18 November 2019 03:30

တစ်ကျော့ပြန် ရှမ်းမြောက်တိုက်ပွဲကြောင့် ကုန်သွယ်ရေးတုံ့ဆိုင်းမည့်အရေး စိုးရိမ်

ပွင့်လင်းရာသီတွင် ပြန်လည်စတင်သော ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး တုံ့ဆိုင်းမည်ကို မူဆယ်မြို့ရှိ ကုန် သည်အချို့က စိုးရိမ်နေခဲ့ပါတယ်။တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃သန်းခွဲကျော်ရှိသော မူဆယ်-ရွှေလီနယ်စပ် ကုန်သွယ်ရေးလုပ် ငန်းများသည် နိုဝင်ဘာ ၁၃ ရက် က စတင်ခဲ့သည့် တိုက်ပွဲအချို့ ကြောင့်အခက်အခဲများ ကြုံလာသည်ဟု ၎င်းတို့ကပြောခဲ့ပါတယ်။

Saturday, 16 November 2019 07:49

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍမှ ကုန်သွယ်မှုပမာဏ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ၊ သွင်းကုန် တင်သွင်းမှုကဏ္ဍမှ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံရရှိရန် လျာထားကြောင်းနှင့် ပို့ကုန်သည် သွင်းကုန်ထက် လျော့နည်းနေသောကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ နှစ်ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။

Friday, 08 November 2019 08:36

လက်ရှိဘဏ္ဍာနှစ် နှစ်ပတ်ကျော်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်း

လက်ရှိဘဏ္ဍာနှစ် နှစ်ပတ်ကျော်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းဒေါ်လာ ၁ ဒသ မ ၆ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၈၀ ကျော်လျော့ ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Tuesday, 29 October 2019 04:19

သွင်းကုန်လိုင်စင်ကြေးတွေ တိုးမြှင့်သတ်မှတ်

သွင်းကုန် လိုင် စင်ကြေးတွေ တိုးမြှင့်သတ်မှတ်လိုက်ပြီလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Saturday, 26 October 2019 03:56

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများရှိနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့် The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားခဲ့ပါတယ်။

Wednesday, 16 October 2019 08:47

ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုငါးဆကျော် လျော့ကျခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ

မြန်မာ-–ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရှစ်လအတွင်း ဒေါ်လာ ၁၃ သန်းကျော်ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ငါးဆ ကျော်လျော့ကျခဲ့ကြောင်း သိရပါတယ်။