Export & Import

Tuesday, 17 December 2019 05:24

အမေရိကန်၏ ပို့ကုန်များအပေါ် သွင်းကုန်ခွန် လျှော့ချမည့် အိန္ဒိယ

၂၀၁၉ ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အဆင့်မြင့်အရာရှိများအဆင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အိန္ဒိယဘက်မှ အကောက်ခွန်လျော့ချ သက်သာခွင့်ပြုရန် ထည့်သွင်းစဉ်းစားမည့် ကုန်စည် အမယ်ပေါင်း ၄၀ ခန့်ကို သတ်မှတ်နိုင်ခဲ့ပါတယ်။

Thursday, 12 December 2019 10:32

အခက်အခဲများထဲမှ ပို့ကုန်နှင့်ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများတွင် ပို့ကုန်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ခက်ခဲနေဦးမည်ဖြစ်ပြီး အသားတင်ကုန်ထုတ်လုပ်မှုပမာဏ (GDP) အပေါ် ဖိအားများရှိလာမည်ဟု ICAEW ၏နောက်ဆုံးထွက်ရှိထားသည့် Economic Insight ; SouthEast Asia အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။

Thursday, 12 December 2019 06:59

ယခုနှစ်အတွင်း မြန်မာသည် အာဆီယံနိုင်ငံများထက် ကုန်ထုတ်လုပ်မှု တိုးတက်လာခဲ့

၂၀၁၉ တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထက် ကုန်ထုတ်လုပ်မှု တိုးတက်လာပြီး ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံအမြောက်အမြားသို့ တင်ပို့နိုင်ပြီ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောခဲ့ပါတယ်။ဒုတိယအကြိမ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ အကျိုးရှိ ထိရောက်စေရေး စကားဝိုင်း ဆွေးနွေးပွဲ (2nd Myanmar Development Effectiveness Roundtable) ဒုတိယနေ့ အခမ်းအနားတွင် ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Monday, 02 December 2019 08:49

လုပ်သက် (၂၅) နှစ်အထက်ဝန်ထမ်းများကို ကားသွင်းခွင့်ပေးရန်စီစဉ်

လုပ်သက်(၂၅)နှစ်အထက်ရှိသော အစိုးရဝန်ထမ်းများကိုအခွန်သက်သာခွင့်အချို့ဖြင့် ပြည်ပမှကားတင်သွင်းခွင့်ပြု ရန် အစိုးရက စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ပြောသည်။

Wednesday, 27 November 2019 10:22

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်၊ သွင်းကုန် ပုံမှန်အတိုင်းရှိ

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်း တည်ငြိမ်မှုအားနည်းသော်လည်း မြန်မာ--တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင်ယခုလပိုင်း၌ တရုတ်ပစ္စည်း များ ပြည်တွင်းတင်သွင်းမှု သွင်းကုန်ပိုများခြင်း မရှိဘဲ နေ့စဉ် ပို့ကုန်၊ သွင်းကုန်ပမာဏနှိုင်းယှဉ် ပါက ပုံမှန်အတိုင်းရှိကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံဖြိုးဝေက ပြောသည်။

Wednesday, 27 November 2019 05:18

အာဆီယံတို့အကြား ကုန်သွယ်မှု

မြန်မာနိုင်ငံသည် နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်း အကြားတွင်ရှိပြီး အာဆီယံ၏ စီးပွားတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံများတွင် ပါဝင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားချက်အရ သိရပါတယ်။

Tuesday, 26 November 2019 08:29

ရန်ကုန် - မန္တလေး ရထားလမ်းအဆင့်မြှင့်ရေးစီမံကိန်းအတွက် ရထားသံလမ်းများ ( ၁၁ ) ကြိမ်မြောက်ရောက်ရှိ

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်ရေးစီမံကိန်းအတွက် ရထားသံလမ်းများတင်ဆောင်လာသည့် MV.HORIZON 9 သင်္ဘောသည်ဂျပန်နိုင်ငံမှ ဆူးလေဆိပ်ကမ်းသို့ ယနေ့ နေ့လည်ပိုင်းကရောက်ရှိခဲ့ပြီး ရထားသံလမ်းတန်ချိန် ၂၉၉၃.၂၉၉ တန်သယ်ဆောင်လာခဲ့ပါတယ်။

Tuesday, 26 November 2019 05:00

လာအို - မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံသို့ ကုန်စည်တင်ပို့မှုစတင်ခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ ကုန်စည်တင်ပို့ခွင့်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစတင် ခွင့်ပြုလာရာ တရုတ်မှ တိုက်ရိုက်တင်ပို့ခွင့် ပိတ်ထားသည့် စိုက်ပျိုးရေးထွက်ကုန်များကို လာအိုမှတစ်ဆင့် တင်ပို့လာနိုင်ကြောင်း သိရပါတယ်။

Friday, 22 November 2019 09:35

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့လုပ်ငန်းမှ တန်ချိန် (၁၈၀၀၀)ကျော် ပို့နိုင်သော်လည်း ယခင်နှစ် များထက်လျော့ကျ

ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်း ကို တိုးချဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၁၉) ခေါက်အထိ ပြေးဆွဲနိုင်ကာ ကုန်တန်ချိန် (၁၈၄၈၀)တန်ကို သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းအထိ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှသိရပါတယ်။