Export & Import

Friday, 16 August 2019 07:07

နောင်ချိုစစ်ဆေးရေးဂိတ်နှင့်ဂုတ်တွင်းတံတားတိုက်ခိုက်ခံရခြင်းကြောင့် တရုတ်နယ်စပ် ကုန်သွယ်မှုယာယီရပ်တန့်

သြဂုတ်လ ၁၅ ရက် နံနက်ပိုင်းက နောင်ချို စစ်ဆေးရေးဂိတ်နှင့်ဂုတ်တွင်းတံတားတို့ကို တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် အတွက် မူဆယ်နယ်စပ်သို့ ကုန်သွယ်မှုများ ယာယီရပ်တန့်သွားခဲ့ပါတယ်။

Thursday, 15 August 2019 09:22

ကုန်စည်ပို့ဆောင်မှုနှောင့်နှေးခြင်းများ ကာလကြာမြင့်ပါက ကုန်ဈေးနှုန်းမြင့်တက်မှုများ တွေ့ကြုံနိုင်

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတချို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ကာ ကားလမ်းများပေါ်သို့ ရေကျော်ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများ နှောင့်နှေးမှုဖြစ်ပေါ်နေရာ ကာလကြာမြင့်လာပါက ကုန်ဈေးနှုန်းများ မြင့်တက်သည့် အခြေအနေမျိုး တွေ့ကြုံလာနိုင်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်း၏ ပြောပြချက်အရ သိရတယ်။

Tuesday, 13 August 2019 08:19

လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ အထိလျော့ကျရန် ရည်မှန်းထား

လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ အထိလျော့ကျရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လသာကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်အထိ ရှိနေ သေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။

Friday, 09 August 2019 07:05

ယွမ်ငွေတန်ဖိုးကျနေ၍ မြန်မာ့ပို့ကုန် အကျပ်အတည်းကြုံတွေ့

အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်အဖြစ် ယွမ်ငွေတန်ဖိုးကျဆင်းလာမှုကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်း လေးခုမှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့နေသည့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ အကျပ်အ တည်းကြုံနေသည်ဟု ကာယကံ ရှင်အချို့က ပြောခဲ့ပါတယ်။

Friday, 09 August 2019 05:11

ထီးခီး နယ်စပ်ကုန်သွယ်မှု မြင့်တက်

ထိုင်းနှင့်ကုန်သွယ်မှု ပြုနေသည့် တနသငျာ်ရီတိုင်းဒေသကြီးရှိ နဘူးလယ် (ထီးခီး) နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် သဘာဝဓာတ်ငွေ့ တင်ပို့မှုကြောင့် ကုန်သွယ်မှုပမာဏ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောခဲ့ပါတယ်။

Tuesday, 06 August 2019 10:53

ကုန်သွယ်ရေးသဘောတူညီချက်များက ထိုင်းနိုင်ငံအတွက် ဦးစားပေးကဏ္ဍများဖြစ်

လယ်သမားများ၏ ဝင်ငွေအာမခံ ချက်ရှိစေရန်၊ ပို့ကုန်အားပေးမြှင့်တင် ရန်၊ လူနေမှုစရိတ်ဆိုင်ရာ အကြံပြုချက် များ၊ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ ရှေ့သို့တိုးမြှင့် ဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း အသစ်ခန့် အပ်လိုက်သော ထိုင်းဒုတိယဝန်ကြီးချုပ် နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Jurin Laksalawisit က ၄င်း၏ထိပ်တန်း ဦးစားပေးအစီအမံများကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

Monday, 05 August 2019 09:44

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခု နေ့စဉ်ပုံမှန် အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

မြန်မာ -– အိန္ဒိယနယ်စပ်ကုန်စည်ရောင်းဝယ်ရေးနယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး တမူးနယ်စပ်ရောင်းဝယ်ရေးနှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ရောင်းဝယ်ရေးဂိတ် နှစ်ခုမှာ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက တစ်ဖက်နိုင်ငံအဖွဲ့အစည်းများက အရောင်းအဝယ် ပိတ်ထားခဲ့သည့်အတွက် နယ်စပ်ကုန်စည်အရောင်းအဝယ်များ ရပ်ဆိုင်းသွားခဲ့သော်လည်း ယခုသြဂုတ်လဆန်းမှစတင်၍ နေ့စဉ်အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ်စပ် နန်းဖာလုံဈေးကော်မတီဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

Monday, 05 August 2019 04:48

တရားမဝင်ကုန်သွယ်မှု အင်အားကြီးလာသဖြင့် မြန်မာ့စီးပွားရေး အဟန့်အတားဖြစ်နေ

တရားမဝင် ကုန်သွယ်မှုများ အင်အားကြီးလာခြင်းကြောင့် မြန်မာ့စီးပွားရေးကို အဟန့်အတားဖြစ်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ သြဂုတ် ၁ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ (၁၀)ကြိမ်‌မြောက် လုပ် ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောဆိုခဲ့ပါတယ်။

Friday, 02 August 2019 10:57

တရုတ်နိုင်ငံသို့ အိန္ဒိယပို့ကုန်များ တိုးမြှင်နိုင်မည့် အလားအလာရှိ

တရုတ်နိုင်ငံသည်တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်ရှိသည့် အမေရိကန်နိုင်ငံ၏ ပို့ကုန်အမျိုးအမည် စုစုပေါင်း ၇၇၄ ခုအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ရာ ဤအခြေအနေတွင် အိန္ဒိယနိုင်ငံ အနေဖြင့် ဈေးနှုန်းအရ အားသာချက်ကိုရယူ၍ အမေရိကန်ကုန်စည်များ၏ တရုတ်နိုင်ငံဈေးကွက်ဝေစုနေရာသို့ အစားထိုးဝင်ရောက်နိုင်ရေး လုပ်ဆောင်လာဖွယ်ရာရှိသည်။ လက်ရှိကာလ၌ အိန္ဒိယနိုင်ငံသည် အလားတူ ကုန်စည်များ ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ လျက်ရှိရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၂ ဒသမ ၈ ဘီလီယံခန့် ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ခန့်ရှိပါတယ်။