Export & Import

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့လုပ်ငန်းမှ တန်ချိန် (၁၈၀၀၀)ကျော် ပို့နိုင်သော်လည်း ယခင်နှစ် များထက်လျော့ကျ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့လုပ်ငန်းမှ တန်ချိန် (၁၈၀၀၀)ကျော် ပို့နိုင်သော်လည်း ယခင်နှစ် များထက်လျော့ကျ google

ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်း ကို တိုးချဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၁၉) ခေါက်အထိ ပြေးဆွဲနိုင်ကာ ကုန်တန်ချိန် (၁၈၄၈၀)တန်ကို သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းအထိ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှသိရပါတယ်။

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းကို တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် ဒလ သင်္ဘောကျင်းတွင် ဘ-၈၀၉ တွဲယာဉ်ကို ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် ပုံစံပြုပြင်ပြောင်းလဲတည် ဆောက်ခဲ့ရာ ပြီးစီးသွားသဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ တွန်းရေယာဉ် ဆင်ဟိုင်း-၁ နှင့်အတူ ကုန်သေတ္တာ တင်တွဲယာဉ် တ- ၁၅၀၂ ဖြင့် (၁)စုံ၊ တွန်းရေယာဉ်ဆင်ဟိုင်း-၆ နှင့်အတူ ကုန်သေတ္တာတင်တွဲယာဉ် ဘ-၈၀၉ ဖြင့် (၁)စုံ၊ စုစုပေါင်း ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးယာဉ် (၂)စုံဖြင့် ထပ်မံအားဖြည့်၍ သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာ ဆိပ်ကမ်းခရီးစဉ်တွင် ပြေးဆွဲလျက်ရှိပါတယ်။

 

ယခင်က ရန်ကုန်မြစ်တွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းတံတားများသို့ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၆၊ တွန်းရေယာဉ်စောနန္ဒာနှင့် ကုန်သေတ္တာတင် တွဲယာဉ် တ-၁၅၀၂ တို့ကို အသုံးပြု၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၈)ခေါက် ပြေးဆွဲခဲ့ပြီး ကုန်သေတ္တာ (၆၄၀)လုံး၊ တန်ချိန်အားဖြင့် (၆၄၀၀)တန်၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်တွင် (၂၁) ခေါက်၊ ကုန်သေတ္တာ (၆၄၀)လုံး၊ တန်ချိန်အားဖြင့် (၁၇၄၂၀)တန်၊ ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် (ကာလတို) ၆ လတွင် (၅၄)ခေါက်၊ ကုန်သေတ္တာ (၅၂၂၄) လုံး၊ တန်ချိန်အားဖြင့် (၅၂၂၄၀) တန် ပို့ဆောင်ပေးနိုင်ခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ဆောင်ပေးရသည့် ကုန်တန်ချိန် များ ယခင်နှစ်များထက်လျော့ကျခဲ့ကြောင်း သိရပါတယ်။

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ကုန်စည်ပို့ဆောင်ရေးစံစနစ်အား သမားရိုးကျပို့ဆောင်မှုစနစ်မှ ကုန်သေတ္တာဖြင့် ပို့ဆောင်သည့် Containerization အဖြစ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု အထိုက် အလျောက်ပြေလည်ပြီး ကုန်သေတ္တာပိုင်ရှင်များ အကုန်ကျသက်သာစေရန်ရည်ရွယ်ကာ ပြည်တွင်းရေကြောင်းပို့ဆောင် ရေးမှ ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။

 

source : Transcom

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)