Export & Import

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်၊ သွင်းကုန် ပုံမှန်အတိုင်းရှိ

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်၊ သွင်းကုန် ပုံမှန်အတိုင်းရှိ google

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်း တည်ငြိမ်မှုအားနည်းသော်လည်း မြန်မာ--တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင်ယခုလပိုင်း၌ တရုတ်ပစ္စည်း များ ပြည်တွင်းတင်သွင်းမှု သွင်းကုန်ပိုများခြင်း မရှိဘဲ နေ့စဉ် ပို့ကုန်၊ သွင်းကုန်ပမာဏနှိုင်းယှဉ် ပါက ပုံမှန်အတိုင်းရှိကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံဖြိုးဝေက ပြောသည်။

 

"မြန်မာပြည်ဘက်ကို တရုတ်ထုတ်ပစ္စည်း တွေ တင်သွင်းမှုများနေတယ်ဆိုတာမဟုတ် ပါဘူး။ ပို့ကုန်ကလည်း ပုံမှန်အတိုင်းဖြစ်သလို သွင်းကုန်ကလည်း အရင်အတိုင်းပဲ။ လက်ရှိမှာ ပုံမှန်ဝယ်နေကျအတိုင်း ဆန်တွေ၊ သီးနှံတွေ ဝယ်နေတော့ ပို့ကုန်ကျဆင်းတာမရှိသလို သူတို့ ဘက်သွင်းလာတာကလည်းပုံမှန်ပါပဲ။ ကုန်သွယ် မှုအချက်အလက်တွေ အရင်နှစ်ကာလတူနဲ့ယှဉ် ရင်တောင်တိုးလာတယ်" ဟု ၎င်းကပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်နယ်စပ်မှ ကုန်သွယ်မှုများတွင် သွင်းကုန်ပိုများနေပြီး ပြည်တွင်းမှ တရုတ်သို့ တင်ပို့ရောင်းချသည့် ပို့ကုန်နည်းပါးနေသည်ဟု မူဆယ်-နမ့်ခမ်းမှ ကုန်သည်တစ်ဦးကပြောကြားခဲ့ရာတွင် ယင်းသို့ မဟုတ်ဘဲ ပုံမှန်ကုန်သွယ်မှုပမာဏအတိုင်းရှိ ကြောင်း၊ လက်ရှိတွင် ဖရဲ၊ သခွား၊ ဆန်၊ ပြောင်း စသည့်လယ်ယာထွက်ကုန်များ တရုတ်သို့တင်ပို့ မှုများရှိနေသော်လည်း ယခင်ထက် ယာဉ်စီးရေ လျော့နည်းလာကြောင်း သိရသည်။

 

"အရင်တုန်းက မြန်မာပြည်က အဓိက ပို့တဲ့ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပြောင်းတွေအပြင် နထစသမအ နဲ့လာတဲ့ သကြား နဲ့ ဆန်ဆိုရင် တစ်ရက်ကို ပျမ်းမျှ ဆန်ကား စီးရေ ၃၀ နဲ့ ၅၀ ကြားပဲ ဝင်လာတယ်။ အရင် နှစ်တွေမှာ အဆင်ပြေတုန်းရက်တွေကဆို ကားစီးရေ ရာနဲ့ချီရှိတယ်"ဟု မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်းမှ အသင်းဝင် တစ်ဦးက ပြောသည်။၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ မူဆယ်နယ်စပ်ကုန် သွယ်မှုတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၄၇၈ ဒသမ ၈၇၇ သန်းနှင့် သွင်းကုန် ၂၂၀ ဒသမ ၁၅၈ သန်းရှိပြီး ၂၀၁၈ ခုနှစ် ကာလတူတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၅၇၇ သန်းနှင့် သွင်းကုန် ၁၇၈ ဒသမ ၃၀၅ သန်း ရှိရာ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ၂၈၀ ဒသမ ၁၅၃ သန်း မြင့်တက် ခဲ့ကြောင်း သိရသည်။

 

မူဆယ် ဖရဲ၊ သခွားသီးနှံပွဲရုံမှ ကုန်သည် တစ်ဦးကပြောကြားရာတွင် "အသီးကားတွေက နေ့စဉ်ဝင်နေတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော် လောက်က လမ်းပိုင်းပစ်ခတ်မှုတွေမှာတောင် တစ်ရက်ကို ဖရဲ၊ သခွား ကုန်တင်ကား ၁၆၀ လောက်ဝင်နေပြီး ဒီရက်ပိုင်းမှာ တစ်ရက်ကို အစီးရေ ၂၀ဝ လောက်ဝင်တယ်။ မူဆယ် ကုန်သွယ်ရေးလမ်းမှာ ပို့ကုန်ကားစီးရေ ပိုများ တယ်"ဟု ပြောသည်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)