Export & Import

သွင်းကုန်ပမာဏမြင့်တက်ခြင်းကို ဥပဒေဖြင့် ထိန်းချုပ်မည်

သွင်းကုန်ပမာဏမြင့်တက်ခြင်းကို ဥပဒေဖြင့် ထိန်းချုပ်မည် google

မြန်မာ့သွင်းကုန် မြင့်တက်ခြင်းကို သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေသည် အသေးစားနှင့် အလတ်စား ပြည်တွင်းလုပ်ငန်းများကို ပိုမိုကာကွယ်ပေးလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးအောင်သိန်းက ဇန်နဝါရီ ၃ ရက်မှာ ပြောခဲ့ပါတယ်။

 

ဦးအောင်သိန်းက ဒီဥပဒေကြောင့် လိုအပ်သည်ထက် ပိုမိုတင်သွင်းလျက်ရှိသော ကုန်စည်အမယ်များကို ထိန်းချုပ်လာနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။ နိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန်ပမာဏတွေကို ဒီဥပဒေက စီမံထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

 

ယင်းဥပဒေကို ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူဖြစ်စေရန်နှင့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်သူများ ထိခိုက်နစ်နစ်မှုများ ဖြစ်ပေါ်လာလျှင် စီမံကြပ်မတ်နိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့ကြောင့် အဆိုပါ ဥပဒေအရ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီကို ဖွဲ့စည်းမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်မည်ဖြစ်ကာ ပုဂ္ဂလိကကဏ္ဍဘက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌက အဖွဲ့ဝင်အဖြစ် ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

 

သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှု ထိခိုက်နစ်နာမှုရှိ၊ မရှိကို မြင့်တက်လာသည့် သွင်းကုန်ပမဏနှင့် နှုန်းထား၊ ပမာဏမြင့်တက်ဝင်ရောက်သည့် သွင်းကုန်၏ ပြည်တွင်းဈေးကွက်ဝေစု၊ ရောင်းချမှု၊ ထုတ်လုပ်မှုနှင့် ထုတ်လုပ်နိုင်စွမ်း အခြေအနေအပြောင်းအလဲ၊ အမြတ်နှင့် အရှုံးအခြေအနေနှင့် အလုပ်သမားခန့်ထားမှု ပြောင်းလဲလာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်မှာဖြစ်ပါတယ်။

 

သို့ဖြစ်ပါ၍ သွင်းကုန်မြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်များ ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာလျှင် ကာကွယ်ပေးမှုအစီအမံ ကျင့်သုံးမှာဖြစ်ပြီး ယင်းအစီအမံတွင် ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း၊ သွင်းကုန်ပမာဏ ကန့်သတ်ခြင်းတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ၏ သွင်းကုန်များအနက် စက်သုံးဆီ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းနှင့် စားသောက်ကုန်စည်များသည် ထိပ်တန်းသွင်းကုန်များ ဖြစ်ပါတယ်။



>>>Zawgyi<<<

 

သြင္းကုန္ပမာဏျမင့္တက္ျခင္းကို ဥပေဒျဖင့္ ထိန္းခ်ဳပ္မည္

 

ျမန္မာ့သြင္းကုန္ ျမင့္တက္ျခင္းကို သြင္းကုန္ပမာဏျမင့္တက္ျခင္းမွ ကာကြယ္ေပးမႈဥပေဒျဖင့္ ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ စက္မႈကုန္ထုတ္လုပ္ငန္းရွင္မ်ားအသင္းမွ သိရပါတယ္။

 

ၿပီးခဲ့တဲ့ ရက္သတၱပတ္က ျပည္ေထာင္စုလႊတ္ေတာ္တြင္ ျပ႒ာန္းခဲ့သည့္ ယင္းဥပေဒသည္ အေသးစားႏွင့္ အလတ္စား ျပည္တြင္းလုပ္ငန္းမ်ားကို ပိုမိုကာကြယ္ေပးလာႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါ အသင္းဥကၠ႒ ဦးေအာင္သိန္းက ဇန္နဝါရီ ၃ ရက္မွာ ေျပာခဲ့ပါတယ္။

 

ဦးေအာင္သိန္းက ဒီဥပေဒေၾကာင့္ လိုအပ္သည္ထက္ ပိုမိုတင္သြင္းလ်က္ရွိေသာ ကုန္စည္အမယ္မ်ားကို ထိန္းခ်ဳပ္လာႏိုင္ဖို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ေမွ်ာ္လင့္ထားပါတယ္။ ႏိုင္ငံရဲ႕ ပို႔ကုန္၊ သြင္းကုန္ပမာဏေတြကို ဒီဥပေဒက စီမံထိန္းေက်ာင္းႏိုင္မွာ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။

 

ယင္းဥပေဒကို ျပည္တြင္းကုန္စည္ထုတ္လုပ္သူမ်ား၏ ယွဥ္ၿပိဳင္ႏိုင္စြမ္းကို အေထာက္အကူျဖစ္ေစရန္ႏွင့္ သြင္းကုန္ပမာဏ ျမင့္တက္ျခင္းေၾကာင့္ ျပည္တြင္းထုတ္လုပ္သူမ်ား ထိခိုက္နစ္နစ္မႈမ်ား ျဖစ္ေပၚလာလွ်င္ စီမံၾကပ္မတ္ႏိုင္ရန္ ရည္႐ြယ္၍ ျပ႒ာန္းခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

 

ထို႔ေၾကာင့္ အဆိုပါ ဥပေဒအရ သြင္းကုန္ပမာဏ ျမင့္တက္ျခင္းမွ ကာကြယ္ေပးမႈေကာ္မတီကို ဖြဲ႕စည္းမည္ျဖစ္ၿပီး စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ဦးေဆာင္မည္ျဖစ္ကာ ပုဂၢလိကက႑ဘက္တြင္ ျမန္မာႏိုင္ငံ ကုန္သည္စက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒က အဖြဲ႕ဝင္အျဖစ္ ပါဝင္မွာျဖစ္ေၾကာင္း သိရပါတယ္။

 

သြင္းကုန္ပမာဏ ျမင့္တက္ျခင္းေၾကာင့္ ျပည္တြင္းကုန္စည္ထုတ္လုပ္မႈ ထိခိုက္နစ္နာမႈရွိ၊ မရွိကို ျမင့္တက္လာသည့္ သြင္းကုန္ပမဏႏွင့္ ႏႈန္းထား၊ ပမာဏျမင့္တက္ဝင္ေရာက္သည့္ သြင္းကုန္၏ ျပည္တြင္းေဈးကြက္ေဝစု၊ ေရာင္းခ်မႈ၊ ထုတ္လုပ္မႈႏွင့္ ထုတ္လုပ္ႏိုင္စြမ္း အေျခအေနအေျပာင္းအလဲ၊ အျမတ္ႏွင့္ အရႈံးအေျခအေနႏွင့္ အလုပ္သမားခန္႔ထားမႈ ေျပာင္းလဲလာျခင္း စသည့္အခ်က္မ်ားကို အေျခခံ၍ စိစစ္မွာျဖစ္ပါတယ္။

 

သို႔ျဖစ္ပါ၍ သြင္းကုန္ျမင့္တက္ျခင္းေၾကာင့္ ျပည္တြင္းကုန္စည္မ်ား ထိခိုက္နစ္နာမႈ ျဖစ္ေပၚလာလွ်င္ ကာကြယ္ေပးမႈအစီအမံ က်င့္သုံးမွာျဖစ္ၿပီး ယင္းအစီအမံတြင္ ယာယီကာကြယ္ေပးမႈ အေကာက္ခြန္စည္းၾကပ္ျခင္း၊ သြင္းကုန္ပမာဏ ကန္႔သတ္ျခင္းတို႔ ပါဝင္ပါတယ္။ ျမန္မာႏိုင္ငံ၏ သြင္းကုန္မ်ားအနက္ စက္သုံးဆီ၊ ေမာ္ေတာ္ယာဥ္ႏွင့္ ဆက္စပ္ပစၥည္းႏွင့္ စားေသာက္ကုန္စည္မ်ားသည္ ထိပ္တန္းသြင္းကုန္မ်ား ျဖစ္ပါတယ္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)