Export & Import

မူဆယ်နယ်စပ်မှ လုပ်ငန်းသုံးယာဉ်/ယန္တရား တင်သွင်းမှု

မူဆယ်နယ်စပ်မှ လုပ်ငန်းသုံးယာဉ်/ယန္တရား တင်သွင်းမှု google

မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပါမစ်နှင့် အသက် ၁၈ ပြည့်ပြီးသူ နိုင်ငံသားတိုင်းအား လူစီးမော်တော်ယာဉ် တင်သွင်းခွင့်များ ပေးခဲ့ပြီး ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် သတ်မှတ်ချက်များကို နှစ်စဉ်ထုတ်ပြန်၍ ပြည်ပမှ တင်သွင်းခွင့်ပြုထားလျက်ရှိပါတယ်။

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ပင်လယ်ရေကြောင်းမှ တင်သွင်းခြင်းအပြင် လူစီးယာဉ်မှအပ လုပ်ငန်းသုံးယာဉ်နှင့် ယာဉ်/ယန္တရားများကို မြန်မာ-တရုတ်နိုင်ငံ နယ်စပ်ပေါက် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ပေါက် မြဝတီကုန်သွယ်ရေးဇုန်နှင့် တာချီလိတ် ကုန်သွယ်ရေးစခန်းနေရာ သုံးခုတို့မှလည်း တင်သွင်းခွင့်ပြုထားပါတယ်။

 

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ လုပ်ငန်းသုံး ယာဉ်/ ယန္တရား တင်သွင်းမှုများအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၅ ဒသမ ၃၆၆) သန်း ၊ ၂၀၁၈ (Mini Budget) တန်ဖိုးအမေရိကန်ဒေါ်လာ (၈၇ ဒသမ ၄၃၇) သန်း ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၁ ဒသမ ၆၁၅) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၇ ဒသမ ၂၂၈) သန်းထိ တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်သွင်းလာခဲ့ကြောင်း သိရပါတယ်။

 

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ယာဉ်/ယန္တရားတင်သွင်းမှုကို ကြည့်လျှင် ပြည်တွင်းလုပ်ငန်း လိုအပ်ချက်အပေါ် မူတည်၍ Light Truck (၇၀၅) စီး၊ Brand New Dumper Truck (၁၁၄၉) စီး၊ Express Bus (၂၁၃) စီး၊ Prime Mover Head (၂၉၅) စီး၊ Wheel LoaderRoad/ Excavator (၁၉၅) စီး၊ Trawllergy (၇၃၆) စီး Three Wheel Motorcycle (၄၅၇၈) စီး စုစုပေါင်း (၇၈၇၁) စီး စသည်ဖြင့် အသီးသီးရှိကြောင်း တွေ့ရပါတယ်။

 

မြန်မာနယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ မြဝတီ၊ တာချီလိတ်တို့မှ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ လုပ်ငန်းသုံးယာဉ်/ယန္တရားများ တင်သွင်းခွင့်ပြုထားရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပြည်ပမှ လုပ်ငန်းသုံးယာဉ် တင်သွင်းခြင်းကို ကုမ္ပဏီလိုင်စင်ဖြင့် တင်သွင်းခွင့်မပြုတော့ဘဲ ကားအရောင်းစင်တာဖွင့်လှစ်မှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်၍ မူဆယ်နယ်စပ်ဒေသမှ တစ်ပိုင်တစ်နိုင် ရောင်းဝယ်သူများအနေဖြင့် အခက်အခဲရှိလာနိုင်တယ်ဟု တစ်ပိုင်တစ်နိုင်မော်တော်ယာဉ် တင်သွင်းရောင်းချသူတစ်ဦးက သုံးသပ်ပြောကြားထားပါတယ်။

 

ကုန်သွယ်ရေးဦးစီးဌာန မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတစ်ဦးကတော့ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ နိုင်ငံတော်က အဆင့်ဆင့်ဖြေလျော့ပေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုထုတ်ပြန်ထားသည့် တင်သွင်းခွင့်နှစ် သတ်မှတ်ချက်များသည် အသုံးပြုမည့် ပြည်သူများ အရည်အသွေးမီပစ္စည်းများ အသုံးပြုစေလိုခြင်း၊ အသုံးပြုသူ လုံခြုံမှုရှိစေရန် ဆောင်ရွက်ထားခြင်းဖြစ်၍ ဝယ်ယူအသုံးပြုသူများအနေဖြင့် လွတ်လပ်စွာစိတ်ကြိုက်ရွေးချယ်နိုင်သည့် ဈေးကွက်ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းနှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယာဉ်/ယန္တရား တင်သွင်းမှုများအတွက်လည်း One Stop Service အဖွဲ့ဖြင့် စစ်ဆေးခြင်း၊ အခွန်စည်းကြပ်ခြင်းများကို လွယ်ကူလျင်မြန်စွာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားထားပါတယ်။

 

>>>Zawgyi<<<

 

မူဆယ္နယ္စပ္မွ လုပ္ငန္းသုံးယာဥ္/ယႏၲရား တင္သြင္းမႈ

 

ျမန္မာႏိုင္ငံ၌ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ မူဝါဒကို ၁၉၉၆ ခုႏွစ္က စတင္ခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွစတင္ကာ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံပါမစ္ႏွင့္ အသက္ ၁၈ ျပည့္ၿပီးသူ ႏုိင္ငံသားတိုင္းအား လူစီးေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္မ်ား ေပးခဲ့ၿပီး ယခုအခါ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဥကၠ႒အျဖစ္ ေဆာင္႐ြက္သည့္ ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းႏွင့္ သက္ဆိုင္ေသာလုပ္ငန္းမ်ား ႀကီးၾကပ္ေရးေကာ္မတီသည္ ျပည္ပမွ ေမာ္ေတာ္ယာဥ္ တင္သြင္းျခင္းအတြက္ သတ္မွတ္ခ်က္မ်ားကို ႏွစ္စဥ္ထုတ္ျပန္၍ ျပည္ပမွ တင္သြင္းခြင့္ျပဳထားလ်က္ရွိပါတယ္။

 

ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္အတြက္ ပင္လယ္ေရေၾကာင္းမွ တင္သြင္းျခင္းအျပင္ လူစီးယာဥ္မွအပ လုပ္ငန္းသုံးယာဥ္ႏွင့္ ယာဥ္/ယႏၲရားမ်ားကို ျမန္မာ-တ႐ုတ္ႏိုင္ငံ နယ္စပ္ေပါက္ မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္၊ ျမန္မာ-ထိုင္းႏိုင္ငံနယ္စပ္ေပါက္ ျမဝတီကုန္သြယ္ေရးဇုန္ႏွင့္ တာခ်ီလိတ္ ကုန္သြယ္ေရးစခန္းေနရာ သုံးခုတို႔မွလည္း တင္သြင္းခြင့္ျပဳထားပါတယ္။

 

ျမန္မာ-တ႐ုတ္နယ္စပ္ မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္မွ လုပ္ငန္းသုံး ယာဥ္/ ယႏၲရား တင္သြင္းမႈမ်ားအေနျဖင့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ တန္ဖိုးအေမရိကန္ေဒၚလာ (၃၂၅ ဒသမ ၃၆၆) သန္း ၊ ၂၀၁၈ (Mini Budget) တန္ဖိုးအေမရိကန္ေဒၚလာ (၈၇ ဒသမ ၄၃၇) သန္း ၊ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ တန္ဖိုးအေမရိကန္ေဒၚလာ (၁၅၁ ဒသမ ၆၁၅) သန္း၊ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ တန္ဖိုးအေမရိကန္ေဒၚလာ (၄၇ ဒသမ ၂၂၈) သန္းထိ တင္သြင္းခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုတင္သြင္းလာခဲ့ေၾကာင္း သိရပါတယ္။

 

ျမန္မာ-တ႐ုတ္နယ္စပ္ မူဆယ္ (၁၀၅) မိုင္ကုန္သြယ္ေရးဇုန္မွ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ ယာဥ္/ယႏၲရားတင္သြင္းမႈကို ၾကည့္လွ်င္ ျပည္တြင္းလုပ္ငန္း လိုအပ္ခ်က္အေပၚ မူတည္၍ Light Truck (၇၀၅) စီး၊ Brand New Dumper Truck (၁၁၄၉) စီး၊ Express Bus (၂၁၃) စီး၊ Prime Mover Head (၂၉၅) စီး၊ Wheel LoaderRoad/ Excavator (၁၉၅) စီး၊ Trawllergy (၇၃၆) စီး Three Wheel Motorcycle (၄၅၇၈) စီး စုစုေပါင္း (၇၈၇၁) စီး စသည္ျဖင့္ အသီးသီးရွိေၾကာင္း ေတြ႕ရပါတယ္။

 

ျမန္မာနယ္စပ္ေဒသမ်ားျဖစ္သည့္ မူဆယ္၊ ျမဝတီ၊ တာခ်ီလိတ္တို႔မွ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ႏွင့္ ပတ္သက္၍ လုပ္ငန္းသုံးယာဥ္/ယႏၲရားမ်ား တင္သြင္းခြင့္ျပဳထားရာ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁ ရက္မွစ၍ ျပည္ပမွ လုပ္ငန္းသုံးယာဥ္ တင္သြင္းျခင္းကို ကုမၸဏီလိုင္စင္ျဖင့္ တင္သြင္းခြင့္မျပဳေတာ့ဘဲ ကားအေရာင္းစင္တာဖြင့္လွစ္မွသာ တင္သြင္းခြင့္ျပဳေတာ့မည္ျဖစ္၍ မူဆယ္နယ္စပ္ေဒသမွ တစ္ပိုင္တစ္ႏိုင္ ေရာင္းဝယ္သူမ်ားအေနျဖင့္ အခက္အခဲရွိလာႏိုင္တယ္ဟု တစ္ပိုင္တစ္ႏိုင္ေမာ္ေတာ္ယာဥ္ တင္သြင္းေရာင္းခ်သူတစ္ဦးက သုံးသပ္ေျပာၾကားထားပါတယ္။

 

ကုန္သြယ္ေရးဦးစီးဌာန မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္ တာဝန္ရွိသူတစ္ဦးကေတာ့ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္က အဆင့္ဆင့္ေျဖေလ်ာ့ေပးမႈမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ ယခုထုတ္ျပန္ထားသည့္ တင္သြင္းခြင့္ႏွစ္ သတ္မွတ္ခ်က္မ်ားသည္ အသုံးျပဳမည့္ ျပည္သူမ်ား အရည္အေသြးမီပစၥည္းမ်ား အသုံးျပဳေစလိုျခင္း၊ အသုံးျပဳသူ လုံၿခဳံမႈရွိေစရန္ ေဆာင္႐ြက္ထားျခင္းျဖစ္၍ ဝယ္ယူအသုံးျပဳသူမ်ားအေနျဖင့္ လြတ္လပ္စြာစိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္သည့္ ေဈးကြက္ျဖစ္ေပၚႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္မွတစ္ဆင့္ ယာဥ္/ယႏၲရား တင္သြင္းမႈမ်ားအတြက္လည္း One Stop Service အဖြဲ႕ျဖင့္ စစ္ေဆးျခင္း၊ အခြန္စည္းၾကပ္ျခင္းမ်ားကို လြယ္ကူလ်င္ျမန္စြာျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေျပာၾကားထားပါတယ္။

 

Source: Ministry Of Commerce

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)