Export & Import

တရုတ်နိုင်ငံက အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံမည့် အကောက်ခွန်နှုန်းများ ပြင်ဆင်မည်

တရုတ်နိုင်ငံက အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံမည့် အကောက်ခွန်နှုန်းများ ပြင်ဆင်မည် google

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ အချို့သော ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းများအား ပြင်ဆင်မှာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ဆိုင်ရာကော်မရှင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများတင်သွင်းမှု ပိုမိုတိုးတက်လာစေရန်နှင့် တင်သွင်းမှုပုံစံ ပိုမိုကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိသည့် ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်း အမျိုးအမည် (၈၅၀) ကျော်အား ပုံမှန်ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းထက် နိမ့်ကျသည့် အကောက်ခွန်နှုန်းဖြင့် ကောက်ခံသွားရန်အတွက် ယာယီအကောက်ခွန်နှုန်းများအား သတ်မှတ်သွားမှာဖြစ်ပါတယ်။

 

အလားတူပင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစတင်၍ သတင်းအချက်အလက်၊ နည်းပညာဆိုင်ရာ ကုန်ပစ္စည်း (၁၇၆) မျိုးအတွက် ကောက်ခံလျက်ရှိသည့် ပုံမှန်အကောက်ခွန်နှုန်းအား ဖယ်ရှားပေးမှာဖြစ်ကြောင်း၊ အဆိုပါ ကုန်ပစ္စည်းများအနက် အချို့သောကုန်ပစ္စည်းများအပေါ် ယာယီအကောက်ခွန်နှုန်းများ သတ်မှတ်ပေးမှာဖြစ်ကြောင်း၊ပြည်တွင်းဈေးကွက်အတွင်းတွင် ဝက်သားဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့် ဝက်သားရောင်းလိုအား မြင့်တက်လာစေရန် ရည်ရွယ်၍ အေးခဲဝက်သားများအပေါ် ကောက်ခံသည့် အကောက်ခွန် နှုန်းအား (၁၂) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းသို့လည်းကောင်း၊ တီဘီနှင့် ဆီးချိုရောဂါအတွက် ထုတ်လုပ်သည့် ဆေးဝါးများအတွက် ကုန်ကြမ်းပစ္စည်းအချို့အား အကောက်ခွန်နှုန်း သုညသို့လည်းကောင်း အသီးသီး လျှော့ချသွားမှာဖြစ်ပါတယ်။

 

အလားတူပင် တစ်ဝက်တစ်ပျက် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်မည့် ကိရိယာနှင့် အစိတ်အပိုင်းများအားလည်း ယာယီအကောက်ခွန်နှုန်း သတ်မှတ်သည့်စာရင်းတွင် ထည့်သွင်းထားကြောင်း၊ ထိုကဲ့သို့ အကောက်ခွန်နှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းသည် တင်သွင်းမှုကုန်ကျစရိတ် သက်သာစေရန်သာမက ပြည်တွင်း၊ ပြည်ပ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ စနစ်တကျ လွတ်လပ်စွာ တိုးတက်မှုရရှိစေရန်ဖြစ်ကြောင်း၊ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ တည်ဆောက်ရာတွင် အရှိန်အဟုန်ရရှိစေရန်၊ အရည် အသွေးမြင့်မားသည့် ဖွင့်လှစ်ပေးမှုများ ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရန်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်မှုရရှိစေရန်ဖြစ်ကြောင်း ဆိုပါတယ်။

 

>>>Zawgyi<<<

 

တ႐ုတ္ႏိုင္ငံက အခ်ိဳ႕ေသာ ကုန္ပစၥည္းမ်ား တင္သြင္းမႈအေပၚ ေကာက္ခံမည့္ အေကာက္ခြန္ႏႈန္းမ်ား ျပင္ဆင္မည္

 

တ႐ုတ္ႏိုင္ငံအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁ ရက္မွစတင္၍ အခ်ိဳ႕ေသာ ကုန္ပစၥည္းမ်ား တင္သြင္းမႈအေပၚ ေကာက္ခံလ်က္ရွိသည့္ အေကာက္ခြန္ႏႈန္းမ်ားအား ျပင္ဆင္မွာျဖစ္ေၾကာင္း ႏိုင္ငံေတာ္ေကာင္စီ၏ အေကာက္ခြန္ဆိုင္ရာေကာ္မရွင္မွ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၂၃ ရက္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

 

ထိုကဲ့သို႔ ေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံအတြင္းသို႔ ကုန္ပစၥည္းမ်ားတင္သြင္းမႈ ပိုမိုတိုးတက္လာေစရန္ႏွင့္ တင္သြင္းမႈပုံစံ ပိုမိုေကာင္းမြန္လာေစရန္ ျဖစ္ေၾကာင္း၊ ႏိုင္ငံအတြင္းသို႔ တင္သြင္းလ်က္ရွိသည့္ ကုန္ပစၥည္းမ်ားအနက္ ကုန္ပစၥည္း အမ်ိဳးအမည္ (၈၅၀) ေက်ာ္အား ပုံမွန္ေကာက္ခံလ်က္ရွိသည့္ ပုံမွန္အေကာက္ခြန္ႏႈန္းထက္ နိမ့္က်သည့္ အေကာက္ခြန္ႏႈန္းျဖင့္ ေကာက္ခံသြားရန္အတြက္ ယာယီအေကာက္ခြန္ႏႈန္းမ်ားအား သတ္မွတ္သြားမွာျဖစ္ပါတယ္။

 

အလားတူပင္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္ ၁ ရက္မွစတင္၍ သတင္းအခ်က္အလက္၊ နည္းပညာဆိုင္ရာ ကုန္ပစၥည္း (၁၇၆) မ်ိဳးအတြက္ ေကာက္ခံလ်က္ရွိသည့္ ပုံမွန္အေကာက္ခြန္ႏႈန္းအား ဖယ္ရွားေပးမွာျဖစ္ေၾကာင္း၊ အဆိုပါ ကုန္ပစၥည္းမ်ားအနက္ အခ်ိဳ႕ေသာကုန္ပစၥည္းမ်ားအေပၚ ယာယီအေကာက္ခြန္ႏႈန္းမ်ား သတ္မွတ္ေပးမွာျဖစ္ေၾကာင္း၊ျပည္တြင္းေဈးကြက္အတြင္းတြင္ ဝက္သားေဈးႏႈန္း တည္ၿငိမ္မႈရွိေစရန္ႏွင့္ ဝက္သားေရာင္းလိုအား ျမင့္တက္လာေစရန္ ရည္႐ြယ္၍ ေအးခဲဝက္သားမ်ားအေပၚ ေကာက္ခံသည့္ အေကာက္ခြန္ ႏႈန္းအား (၁၂) ရာခိုင္ႏႈန္းမွ (၈) ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ တီဘီႏွင့္ ဆီးခ်ိဳေရာဂါအတြက္ ထုတ္လုပ္သည့္ ေဆးဝါးမ်ားအတြက္ ကုန္ၾကမ္းပစၥည္းအခ်ိဳ႕အား အေကာက္ခြန္ႏႈန္း သုညသို႔လည္းေကာင္း အသီးသီး ေလွ်ာ့ခ်သြားမွာျဖစ္ပါတယ္။

 

အလားတူပင္ တစ္ဝက္တစ္ပ်က္ ကုန္ၾကမ္းပစၥည္းမ်ား ထုတ္လုပ္မည့္ ကိရိယာႏွင့္ အစိတ္အပိုင္းမ်ားအားလည္း ယာယီအေကာက္ခြန္ႏႈန္း သတ္မွတ္သည့္စာရင္းတြင္ ထည့္သြင္းထားေၾကာင္း၊ ထိုကဲ့သို႔ အေကာက္ခြန္ႏႈန္းမ်ား ျပင္ဆင္သတ္မွတ္ျခင္းသည္ တင္သြင္းမႈကုန္က်စရိတ္ သက္သာေစရန္သာမက ျပည္တြင္း၊ ျပည္ပ ထုတ္လုပ္ျခင္းႏွင့္ ပတ္သက္၍ စနစ္တက် လြတ္လပ္စြာ တိုးတက္မႈရရွိေစရန္ျဖစ္ေၾကာင္း၊ထိုကဲ့သို႔ ေဆာင္႐ြက္ျခင္းျဖင့္ လြတ္လပ္ေသာ ကုန္သြယ္ေရးဇုန္မ်ား တည္ေဆာက္ရာတြင္ အရွိန္အဟုန္ရရွိေစရန္၊ အရည္ အေသြးျမင့္မားသည့္ ဖြင့္လွစ္ေပးမႈမ်ား ပိုမိုအဆင္ေျပေခ်ာေမြ႕မႈရွိေစရန္၊ ကမာၻလုံးဆိုင္ရာ ကုန္သြယ္မႈပတ္ဝန္းက်င္ တိုးတက္မႈရရွိေစရန္ျဖစ္ေၾကာင္း ဆိုပါတယ္။

 

Myanmar Logistics Guide

 

 
Read times
Rate this item
(0 votes)