Export & Import

၂၀၂၀ ပြည့်နှစ် ထိုင်းနိုင်ငံရဲ့ ပို့ကုန်အခြေအနေ

၂၀၂၀ ပြည့်နှစ် ထိုင်းနိုင်ငံရဲ့ ပို့ကုန်အခြေအနေ google

ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲများအဆိုအရ အမေရိကန်-အီရန်တင်မာမှုများနှင့် ထိုင်းဘတ် ငွေတန်ဖိုးမြင့်တက် နေမှုတို့အပါအဝင် စွန်ု့စားရမှုအချက်အလက်မျာနှင့်အတူ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွက် ကျဆင်းဖွယ်ရာ ရှိနေပါသည်။ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလေ့လာရေး စင်တာမှ ညွှန်ကြာရေးမှူး Aat Pisanwinich က တိုင်းပြည်၏ ပို့ကုန်တင်ပို့မှုအပေါ် ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ နောက်ဆုံးလေ့လာ သုံးသပ်မှုအရ ၂၀၂၀ ပြည့်နှစ် တွင် ပို့ကုန်တင်ပို့မှု (ဝ.၉%) ကျဆင်းနိုင်သည်ဟု တွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။

 

အဆိုပါခန့်မှန်းတွက်ချက်မှုအား ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု(၃.၂%)၊ ရေနံစိမ်းဈေးအား တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၀)နှင့် ဘတ်ငွေလဲနှုန်းအားတစ်ဒေါ်လာလျှင်(၃၀)ဘတ်နှုန်းတို့အပေါ် အခြေခံ၍ခန့်မှန်းတွက်ချက် ထာခြင်းဖြစ်ပါတယ်။ ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်က ပို့ကုန်တင်ပိုမှုမှာ ၂၀၁၈ ခုနှစ်တွင် (၇.၅%) တိုးတက်ခဲ့ပြီးနောက်၊ ၂၀၁၇ ခုနှစ်တွင် (၉.၅%) တိုးတက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် ပို့ကုန်တင်ပို့မှု (၂.၆%)ကျဆင်း လိမ့်မည်ဖြစ်ကြောင်း၊ တန်ဆိုးအားဖြင့် အမေရိကန်ဒေါ်လာ(၂၄၆)ဘီလီယံဖြစ်ကြောင်း ခန့်မှန်းထားခဲ့ပါတယ်။

 

သို့ရာတွင် အဆိုးဆုံးအနေဖြင့် အမေရိကန်-တရုတ် ကန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများမတိုးတက်ခဲ့လျှင် သော်လည်း ကောင်း၊ အမေရိကန်-အီရန် ပဋိပက္ခ အရှိန်မြင့်တက်ခဲ့သော်လည်းကောင်း၊ ရေနံစိမ်းဈေးနှုန်းပျှမ်းမျှတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၀)နှင့် အမေရိကန်တစ်ဒေါ်လာလျှင်ဘတ်ငွေ (၂၉)ဘတ် အထိဖြစ်ခဲ့သော် ယခုနှစ်အတွက် ပို့ကုန်တင်ပို့မှု(၂.၄%)ကျဆင်းနိုင်ကြောင်း Mr.Aat ကပြောကြားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံ၏ ပို့ကုန်များအတွက် အများဆုံးစွန့်စားရမှုတွင် နည်းပညာနှင့် ငွေကြေးတို့ လွမ်းခြုံစေရန်အတွက် အမေ ရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး စစ်ပွဲတိုးချဲ့ခြင်း၊ ဘတ်ငွေ တန်ဖိုးဆက်လက် မြင့်မားနေခြင်းနှင့် အမေရိကန်-အီရန် အကျပ်အတည်းနှင့်ရုန်းကန်နေသော ကမ္ဘာစီးပွားရေးတို့ပါဝင်နေခဲ့ပါတယ်။

 

Mr.Aat ၏ ပြောကြားချက်အရ ကြိုတင်မျှော်မှန်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်သောမိုးခေါင်မှုက ထိုင်းပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်နေကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်အနေဖြင့် မိုးခေါင်မှုက စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှု၏ (၃၀% -၄၀%)ကို ကျဆင်းစေနိုင်ပြီး လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းကို (၂၅%- ၃၀%) အထိမြင့်တက်စေနိုင်သည်ဟု ခန့်မှန်းပြောကြားခဲ့ပါတယ်။

 

ထိုင်းစီးပွားရေးအနေဖြင့် စိတ်ပျက်စရာကောင်းသော ပို့ကုန်ဦးဆောင်မှုဖြင့် ဆက်လက်နှေးကွေးနေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ စီးပွားရေးကိုအားပေးလှုံ့ဆော်မည့် ကရိယာတစ်ခုမှာ အစိုးရ၏များပြားလှစွာသော အသုံးစရိတ်နှင့် ပုဂ္ဂိလိက ၏ ရင်းနှီးမြှုပ်နှံမှုတို့ပင်ဖြစ်ကြောင်း Mr.Aat ပြောကြားချက်အရ သိရပါတယ်။

 

၎င်းက အစိုးရအနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို တိုးမြှင့်ရန် အဆိုပြုခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ ပို့ကုန်ဝေစု (၅၀%) အောက်ရှိသော အရှေ့အလယ်ပိုင်း ဈေးကွက်သို့ ပို့ကုန်ပိုမိုတိုးချဲ့တင်ပို့ရန် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ဥရောပဈေးကွက်၊ တရုတ်ပြည်၏ ဒုတိယအဆင့်ပြည်နယ်များနှင့် အိန္ဒိယ၏ ပြည်နယ်အားလုံးတို့မှာ ထိုင်းပို့ကုန်များ တိုးမြှင်တင်ပို့ရန်အတွက် ပိုမိုတက်ကြွသော ဈေးကွက်ရှာဖွေရေးနှင့် လူထုဆက်ဆံရေးလှုပ်ရှားမှုများ ပြုလုပ်ရန်လိုအပ် ကြောင်း Mr.Aat ပြောကြားခဲ့ပါတယ်။

 

ကုန်သွယ်ရေးကော်မရှင်များအပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသများသို့ ထိုင်းပြည်ပပို့ကုန်များကို မြှင့်တင်ရန် ပိုမိုဝင်ရောက်နိုင်ရန်အတွက် ဗီဒီယိုကလစ်များနှင့် အွန်လိုင်းပလက်ဖောင်းများကို အသုံးချနိုင်ပါတယ်။Mr.Aat က ထိုင်း ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိန်များကို ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်သင့် ကြောင်း၊ ထုတ်ကုန်ဈေးနှုန်းသတ်မှတ်ခြင်းကို ထုတ်ကုန်၏ အရည်အသွေးနှင့် ကိုက်ညီစေရန်နှင့် ထုတ်ကုန်လုံခြုံ စိတ်ချမရမှု စံချိန်စံညွှန်းများကို မြှင့်တင်ရန်တို့အားအကြံပြုခဲ့ပါတယ်။

 

>>>Zawgyi<<<

 

၂၀၂၀ ျပည့္ႏွစ္ ထိုင္းႏိုင္ငံရဲ႕ ပို႔ကုန္အေျခအေန

 

ဆက္လက္ျဖစ္ပြားေနေသာ ကုန္သြယ္ေရးစစ္ပြဲမ်ားအဆိုအရ အေမရိကန္-အီရန္တင္မာမႈမ်ားႏွင့္ ထိုင္းဘတ္ ေငြတန္ဖိုးျမင့္တက္ ေနမႈတို႔အပါအဝင္ စြႏ္ု႔စားရမႈအခ်က္အလက္မ်ာႏွင့္အတူ ထိုင္းႏိုင္ငံ၏ ပို႔ကုန္သည္ ယခုႏွစ္အတြက္ က်ဆင္းဖြယ္ရာ ရွိေနပါသည္။ ထိုင္းကုန္သည္ႀကီးမ်ားအသင္း တကၠသိုလ္၏ အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈေလ့လာေရး စင္တာမွ ၫႊန္ၾကာေရးမႉး Aat Pisanwinich က တိုင္းျပည္၏ ပို႔ကုန္တင္ပို႔မႈအေပၚ ထိုင္းကုန္သည္ႀကီးမ်ားအသင္း တကၠသိုလ္၏ ေနာက္ဆုံးေလ့လာ သုံးသပ္မႈအရ ၂၀၂၀ ျပည့္ႏွစ္ တြင္ ပို႔ကုန္တင္ပို႔မႈ (၀.၉%) က်ဆင္းႏိုင္သည္ဟု ေတြ႕ရွိရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

အဆိုပါခန္႔မွန္းတြက္ခ်က္မႈအား ကမာၻလုံးဆိုင္ရာ စီးပြားေရးတိုးတက္မႈ(၃.၂%)၊ ေရနံစိမ္းေစ်းအား တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၆၀)ႏွင့္ ဘတ္ေငြလဲႏႈန္းအားတစ္ေဒၚလာလွ်င္(၃၀)ဘတ္ႏႈန္းတို႔အေပၚ အေျခခံ၍ခန္႔မွန္းတြက္ခ်က္ ထာျခင္းျဖစ္ပါတယ္။ ထိုင္းကုန္သည္ႀကီးမ်ားအသင္းတကၠသိုလ္က ပို႔ကုန္တင္ပိုမႈမွာ ၂၀၁၈ ခုႏွစ္တြင္ (၇.၅%) တိုးတက္ခဲ့ၿပီးေနာက္၊ ၂၀၁၇ ခုႏွစ္တြင္ (၉.၅%) တိုးတက္ခဲ့ေၾကာင္း၊ ၂၀၁၉ ခုႏွစ္အတြက္ ပို႔ကုန္တင္ပို႔မႈ (၂.၆%)က်ဆင္း လိမ့္မည္ျဖစ္ေၾကာင္း၊ တန္ဆိုးအားျဖင့္ အေမရိကန္ေဒၚလာ(၂၄၆)ဘီလီယံျဖစ္ေၾကာင္း ခန္႔မွန္းထားခဲ့ပါတယ္။

 

သို႔ရာတြင္ အဆိုးဆုံးအေနျဖင့္ အေမရိကန္-တ႐ုတ္ ကန္သြယ္ေရးေစ့စပ္ညႇိႏႈိင္းမႈမ်ားမတိုးတက္ခဲ့လွ်င္ ေသာ္လည္း ေကာင္း၊ အေမရိကန္-အီရန္ ပဋိပကၡ အရွိန္ျမင့္တက္ခဲ့ေသာ္လည္းေကာင္း၊ ေရနံစိမ္းေဈးႏႈန္းပွ်မ္းမွ်တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၈၀)ႏွင့္ အေမရိကန္တစ္ေဒၚလာလွ်င္ဘတ္ေငြ (၂၉)ဘတ္ အထိျဖစ္ခဲ့ေသာ္ ယခုႏွစ္အတြက္ ပို႔ကုန္တင္ပို႔မႈ(၂.၄%)က်ဆင္းႏိုင္ေၾကာင္း Mr.Aat ကေျပာၾကားခဲ့ပါတယ္။

 

ထိုင္းႏိုင္ငံ၏ ပို႔ကုန္မ်ားအတြက္ အမ်ားဆုံးစြန္႔စားရမႈတြင္ နည္းပညာႏွင့္ ေငြေၾကးတို႔ လြမ္းၿခဳံေစရန္အတြက္ အေမ ရိကန္ႏွင့္ တ႐ုတ္တို႔အၾကား ကုန္သြယ္ေရး စစ္ပြဲတိုးခ်ဲ႕ျခင္း၊ ဘတ္ေငြ တန္ဖိုးဆက္လက္ ျမင့္မားေနျခင္းႏွင့္ အေမရိကန္-အီရန္ အက်ပ္အတည္းႏွင့္႐ုန္းကန္ေနေသာ ကမာၻစီးပြားေရးတို႔ပါဝင္ေနခဲ့ပါတယ္။

 

Mr.Aat ၏ ေျပာၾကားခ်က္အရ ႀကိဳတင္ေမွ်ာ္မွန္းထားသည့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ က်ယ္ျပန႔္ေသာမိုးေခါင္မႈက ထိုင္းပို႔ကုန္တင္ပို႔မႈအေပၚ သက္ေရာက္ေနေၾကာင္း ထိုင္းကုန္သည္ႀကီးမ်ားအသင္းတကၠသိုလ္အေနျဖင့္ မိုးေခါင္မႈက စိုက္ပ်ိဳးေရးထြက္ကုန္ထုတ္လုပ္မႈ၏ (၃၀% -၄၀%)ကို က်ဆင္းေစႏိုင္ၿပီး လယ္ယာထြက္ကုန္သီးႏွံေဈးႏႈန္းကို (၂၅%- ၃၀%) အထိျမင့္တက္ေစႏိုင္သည္ဟု ခန႔္မွန္းေျပာၾကားခဲ့ပါတယ္။

 

ထိုင္းစီးပြားေရးအေနျဖင့္ စိတ္ပ်က္စရာေကာင္းေသာ ပို႔ကုန္ဦးေဆာင္မႈျဖင့္ ဆက္လက္ေႏွးေကြးေနမည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္ရာ စီးပြားေရးကိုအားေပးလႈံ႕ေဆာ္မည့္ ကရိယာတစ္ခုမွာ အစိုးရ၏မ်ားျပားလွစြာေသာ အသုံးစရိတ္ႏွင့္ ပုဂၢိလိက ၏ ရင္းႏွီးျမႇဳပ္ႏွံမႈတို႔ပင္ျဖစ္ေၾကာင္း Mr.Aat ေျပာၾကားခ်က္အရ သိရပါတယ္။

 

၎က အစိုးရအေနျဖင့္ ပို႔ကုန္ျမႇင့္တင္ေရးကို တိုးျမႇင့္ရန္ အဆိုျပဳခဲ့ပါတယ္။ အထူးသျဖင့္ ထိုင္းႏိုင္ငံ၏ ပို႔ကုန္ေဝစု (၅၀%) ေအာက္ရွိေသာ အေရွ႕အလယ္ပိုင္း ေဈးကြက္သို႔ ပို႔ကုန္ပိုမိုတိုးခ်ဲ႕တင္ပို႔ရန္ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပင္ ဥေရာပေဈးကြက္၊ တ႐ုတ္ျပည္၏ ဒုတိယအဆင့္ျပည္နယ္မ်ားႏွင့္ အိႏၵိယ၏ ျပည္နယ္အားလုံးတို႔မွာ ထိုင္းပို႔ကုန္မ်ား တိုးျမႇင္တင္ပို႔ရန္အတြက္ ပိုမိုတက္ႂကြေသာ ေဈးကြက္ရွာေဖြေရးႏွင့္ လူထုဆက္ဆံေရးလႈပ္ရွားမႈမ်ား ျပဳလုပ္ရန္လိုအပ္ ေၾကာင္း Mr.Aat ေျပာၾကားခဲ့ပါတယ္။

 

ကုန္သြယ္ေရးေကာ္မရွင္မ်ားအျပင္ ထိုင္း၊ တ႐ုတ္ႏွင့္ အိႏၵိယ၊ အေရွ႕အလယ္ပိုင္းေဒသမ်ားသို႔ ထိုင္းျပည္ပပို႔ကုန္မ်ားကို ျမႇင့္တင္ရန္ ပိုမိုဝင္ေရာက္ႏိုင္ရန္အတြက္ ဗီဒီယိုကလစ္မ်ားႏွင့္ အြန္လိုင္းပလက္ေဖာင္းမ်ားကို အသုံးခ်ႏိုင္ပါတယ္။Mr.Aat က ထိုင္း ထုတ္လုပ္သူမ်ားအေနျဖင့္ ထုတ္လုပ္မႈကုန္က်စရိန္မ်ားကို ထိေရာက္စြာ စီမံခန႔္ခြဲေဆာင္႐ြက္သင့္ ေၾကာင္း၊ ထုတ္ကုန္ေဈးႏႈန္းသတ္မွတ္ျခင္းကို ထုတ္ကုန္၏ အရည္အေသြးႏွင့္ ကိုက္ညီေစရန္ႏွင့္ ထုတ္ကုန္လုံၿခဳံ စိတ္ခ်မရမႈ စံခ်ိန္စံၫႊန္းမ်ားကို ျမႇင့္တင္ရန္တို႔အားအႀကံျပဳခဲ့ပါတယ္။

 

Myanmar Logistics Guide

 

 

 
 
Read times
Rate this item
(0 votes)