Export & Import

ITC ကဒ်ဖြင့် တစ်ဦးချင်းနယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁၂ သန်းအထိ ရရှိထား

ITC ကဒ်ဖြင့် တစ်ဦးချင်းနယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁၂ သန်းအထိ ရရှိထား google

အောက်တိုဘာလတွင် စတင်ခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမလေးလအတွင်း ITC(Individual Trading Card) ကဒ်အသုံးပြုပြီး နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်းကုန်သွယ်မှုပမာဏ ကျပ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ သန်း) ကျော်လွန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇန်နဝါရီလအထိ ITC ကဒ် (၃၂) ခုထုတ်ပေးခဲ့ပါတယ်။

 

၎င်းကဒ်များအသုံးပြု၍ နယ်စပ်ဂိတ်များမှတဆင့် တင်ပို့မှုမှ ကျပ် (၁ ဒသမ ၇၈) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်း) ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ ကျပ် (၁၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃) သန်းကျော်ခဲ့ပါတယ်။၎င်းကာလအတွင်း မြဝတီနယ်စပ်ဂိတ်မှ ITC ကဒ်ဖြင့် ကုန်သွယ်မှုမှ ကျပ် (၁၁ ဒသမ ၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅) သန်းဖြင့် အမြင့်ဆုံးမှတ်တမ်းတင်ခဲ့ပါတယ်။

 

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစပြီး ဝန်ကြီးဌာနမှ ITC ကဒ် စုစုပေါင်း (၁၇၁၉) ကဒ်ထုတ်ပေးခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ကျပ် (၁၈၈) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၃ သန်း) မှတ်ပုံတင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ အဓိကအားဖြင့် နိုင်ငံခြားကုန်သွယ်ဖက်နိုင်ငံများသို့ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ အဏ္ဏဝါထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ကုန်များ၊ ကုန်ထုတ်ပစ္စည်းများနှင့် အခြားပစ္စည်းများကို တင်ပို့ပြီး ပြည်ပနိုင်ငံများမှ အရင်းအနှီးကုန်စည်ပစ္စည်းများ၊ ကြားခံပစ္စည်းများနှင့် စားသုံးကုန်စည်ပစ္စည်းများကို တင်သွင်းပါတယ်။မြန်မာနိုင်ငံက အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်နှင့် ကျိုင်းတုံနယ်စပ်ဂိတ်များမှတဆင့် ကုန်သွယ်မှုပြုလုပ်ပြီး တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မော်ထန် နယ်စပ်ဂိတ်များမှတဆင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုကို စစ်တွေ၊ မောင်းတောနယ်စပ်ဂိတ်များမှတဆင့် ပြုလုပ်ပြီး တမူးနှင့် ရိဒ်နယ်စပ်ဂိတ်များမှတဆင့် အိန္ဒိနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ပါတယ်။

 

>>>Zawgyi<<<

 

ITC ကဒ္ျဖင့္ တစ္ဦးခ်င္းနယ္စပ္ကုန္သြယ္မႈမွ ေဒၚလာ ၁၂ သန္းအထိ ရရွိထားေအာက္တုိဘာလတြင္ စတင္ခဲ့ေသာ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ပထမေလးလအတြင္း ITC (Individual Trading Card) ကဒ္အသံုးျပဳၿပီး နယ္စပ္ကုန္သြယ္မႈမွ စုစုေပါင္းကုန္သြယ္မႈပမာဏ က်ပ္ ၁၈ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၂ သန္း) ေက်ာ္လြန္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ကိန္းဂဏန္းမ်ားအရ သိရပါတယ္။

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ယခုဘ႑ာႏွစ္ ေအာက္တုိဘာလမွ ဇန္နဝါရီလအထိ ITC ကဒ္ (၃၂) ခုထုတ္ေပးခဲ့ပါတယ္။၎ကဒ္မ်ားအသံုးျပဳ၍ နယ္စပ္ဂိတ္မ်ားမွတဆင့္ တင္ပို႔မႈမွ က်ပ္ (၁ ဒသမ ၇၈) ဘီလီယံ (အေမရိကန္ေဒၚလာ ၁ ဒသမ ၁၈ သန္း) ရရွိခဲ့ၿပီး သြင္းကုန္တင္သြင္းမႈမွာ က်ပ္ (၁၇) ဘီလီယံ (အေမရိကန္ေဒၚလာ ၁၁ ဒသမ ၃) သန္းေက်ာ္ခဲ့ပါတယ္။၎ကာလအတြင္း ျမဝတီနယ္စပ္ဂိတ္မွ ITC ကဒ္ျဖင့္ ကုန္သြယ္မႈမွ က်ပ္ (၁၁ ဒသမ ၃) ဘီလီယံ (အေမရိကန္ေဒၚလာ ၇ ဒသမ ၅) သန္းျဖင့္ အျမင့္ဆံုးမွတ္တမ္းတင္ခဲ့ပါတယ္။

 

၂၀၁၂-၂၀၁၃ ဘ႑ာေရးႏွစ္မွစၿပီး ဝန္ႀကီးဌာနမွ ITC ကဒ္ စုစုေပါင္း (၁၇၁၉) ကဒ္ထုတ္ေပးခဲ့ၿပီး ကုန္သြယ္မႈတန္ဖုိး က်ပ္ (၁၈၈) ဘီလီယံေက်ာ္ (အေမရိကန္ေဒၚလာ ၁၂၅ ဒသမ ၃ သန္း) မွတ္ပံုတင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ကိန္းဂဏန္းမ်ားအရ သိရပါတယ္။

 

ျမန္မာႏုိင္ငံအေနနဲ႔ အဓိကအားျဖင့္ ႏုိင္ငံျခားကုန္သြယ္ဖက္ႏုိင္ငံမ်ားသို႔ လယ္ယာထြက္ကုန္မ်ား၊ တိရစၦာန္ထြက္ကုန္မ်ား၊ အဏၰဝါထြက္ကုန္မ်ား၊ ဓာတ္သတၱဳမ်ား၊ သစ္ေတာထြက္ကုန္မ်ား၊ ကုန္ထုတ္ပစၥည္းမ်ားႏွင့္ အျခားပစၥည္းမ်ားကို တင္ပို႔ၿပီး ျပည္ပႏုိင္ငံမ်ားမွ အရင္းအႏွီးကုန္စည္ပစၥည္းမ်ား၊ ၾကားခံပစၥည္းမ်ားႏွင့္ စားသံုးကုန္စည္ပစၥည္းမ်ားကို တင္သြင္းပါတယ္။

 

ျမန္မာႏိုင္ငံက အိမ္နီးခ်င္းတ႐ုတ္ႏုိင္ငံနဲ႔ မူဆယ္၊ လြယ္ဂ်ယ္၊ ကန္ပိုက္တီး၊ ခ်င္းေရႊေဟာ္ႏွင့္ က်ိဳင္းတံုနယ္စပ္ဂိတ္မ်ားမွတဆင့္ ကုန္သြယ္မႈျပဳလုပ္ၿပီး တာခ်ီလိတ္၊ ျမဝတီ၊ ေကာ့ေသာင္း၊ ၿမိတ္၊ ထီးခီး၊ ေမာ္ထန္ နယ္စပ္ဂိတ္မ်ားမွတဆင့္ ထိုင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈျပဳလုပ္ပါတယ္။ဘဂၤလားေဒ့ရွ္ႏုိင္ငံႏွင့္ ကုန္သြယ္မႈကို စစ္ေတြ၊ ေမာင္းေတာနယ္စပ္ဂိတ္မ်ားမွတဆင့္ ျပဳလုပ္ၿပီး တမူးႏွင့္ ရိဒ္နယ္စပ္ဂိတ္မ်ားမွတဆင့္ အိႏိၵႏုိင္ငံႏွင့္ ကုန္သြယ္မႈျပဳလုပ္ပါတယ္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ 

 

Ref: Xinhuanet.com

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)