Export & Import

ပြီးခဲ့သော ခြောက်နှစ်တာကာလအတွင်းရှိ ပထမဆုံး ကုန်သွယ်မှုအကျပ်အတည်း

ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်းတွင် ကုန်သွယ်မှု အကျပ်အတည်းဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စီအင်န်ဘီသတင်းဌာန၏ ရေးသားဖော်ပြထား ချက်အရသိခဲ့ရပါတယ်။

 

အမေရိကန်နိုင်ငံအနေဖြင့် ထိုကဲ့သို့ ကုန်သွယ်မှု အကျပ်အတည်းဖြင့် ကြုံတွေ့ခဲ့ရခြင်းမှာ ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကြုံတွေ့ခဲ့ ရခြင်းဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဒေါ်နယ်ထရန့် တက်လာချိန်တွင် အမေရိကန် နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ပါတယ်။၂၀၁၈-၂၀၁၉ နောက်ပိုင်းကာလများတွင် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန် သွယ်ရေးကဏ္ဍများတွင် တင်းမာမှုများ ရှိလာခဲ့ပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအသွင် ဆောင်ခဲ့ခြင်းကြောင့် ယင်းကာလများတွင် အမေ ရိကန်နိုင်ငံ၏ ကုန်သွယ်မှုမှာ ကျဆင်းခဲ့ရခြင်းဖြစ်ပါတယ်။၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍမှာ သိသိသာသာ ပြောင်းလဲမှုမရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ကျဆင်းလာခဲ့သည်မှာ သိသာမှု ရှိလာခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍမှာ ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ တန်ဖိုးငွေပမာဏအရဆိုလျှင် အမေရိကန် ဒေါ်လာ ၆၁၆ ဒသမ ၈ ဘီလီယံခန့်အထိ ဆုံးရှုံး နစ်နာခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ၏ ကုန်သွယ်ရေးကဏ္ဍများမှာလျော့ကျပြီး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေခဲ့ရသလို ယခု ၂၀၂၀ ပြည့်နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့ချိန်တွင်လည်း အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေး မှာ သိသိသာသာ တိုးတက်လာဖွယ် မရှိသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် လတ်တလော ကာလတွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခက်အခဲရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးကဏ္ဍ ရည်မှန်းချက် ပြည့်မီရေးအတွက် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း စီးပွားရေးကျွမ်း ကျင်သူများက သုံးသပ်ထားခဲ့ပါတယ်။

 

Moving Services ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၆၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

---Zawgyi---

 

ျပီးခဲ့ေသာ ေျခာက္ႏွစ္တာကာလအတြင္းရိွ ပထမဆုံး ကုန္သြယ္မႈအက်ပ္အတည္း

 

ကမာၻ႔စီးပြားေရးအင္အား အႀကီးမားဆုံး ႏိုင္ငံျဖစ္သည့္ အေမရိကန္ႏိုင္ငံသည္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ တစ္ႏွစ္တာအတြင္းတြင္ ကုန္သြယ္မႈ အက်ပ္အတည္းျဖင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရေၾကာင္း စီအင္န္ဘီသတင္းဌာန၏ ေရးသားေဖာ္ျပထား ခ်က္အရသိခဲ့ရပါတယ္။

 

အေမရိကန္ႏိုင္ငံအေနျဖင့္ ထိုကဲ့သို႔ ကုန္သြယ္မႈ အက်ပ္အတည္းျဖင့္ ႀကဳံေတြ႕ခဲ့ရျခင္းမွာ ေျခာက္ႏွစ္အတြင္း ပထမဦးဆုံးအႀကိမ္ ႀကဳံေတြ႕ခဲ့ ရျခင္းျဖစ္ခဲ့ျပီး ၂၀၁၆ ခုႏွစ္ သမၼတ ေဒၚနယ္ထရန္႔ တက္လာခ်ိန္တြင္ အေမရိကန္ ႏိုင္ငံ၏ စီးပြားေရးမွာ ျပန္လည္ဦးေမာ့လာခဲ့ပါတယ္။၂၀၁၈-၂၀၁၉ ေနာက္ပိုင္းကာလမ်ားတြင္ ကမာၻ႔စီးပြားေရး ဒုတိယအင္အား အႀကီးမားဆုံးႏိုင္ငံျဖစ္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္ သြယ္ေရးက႑မ်ားတြင္ တင္းမာမႈမ်ား ရွိလာခဲ့ၿပီး အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲအသြင္ ေဆာင္ခဲ့ျခင္းေၾကာင့္ ယင္းကာလမ်ားတြင္ အေမ ရိကန္ႏိုင္ငံ၏ ကုန္သြယ္မႈမွာ က်ဆင္းခဲ့ရျခင္းျဖစ္ပါတယ္။၂၀၁၈ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ၏ ကုန္သြယ္ေရးက႑မွာ သိသိသာသာ ေျပာင္းလဲမႈမရွိခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္တြင္ က်ဆင္းလာခဲ့သည္မွာ သိသာမႈ ရွိလာခဲ့ပါတယ္။

 

အေမရိကန္ႏိုင္ငံ၏ ကုန္သြယ္မႈက႑မွာ ၂၀၁၉ ခုႏွစ္တြင္ ၁ ဒသမ ၇ ရာခိုင္ႏႈန္း က်ဆင္းခဲ့ရာ တန္ဖိုးေငြပမာဏအရဆိုလွ်င္ အေမရိကန္ ေဒၚလာ ၆၁၆ ဒသမ ၈ ဘီလီယံခန္႔အထိ ဆုံးရႈံး နစ္နာခဲ့ေၾကာင္း သိရပါတယ္။

 

၂၀၁၉ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ ၏ ကုန္သြယ္ေရးက႑မ်ားမွာေလ်ာ့က်ၿပီး အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ႀကဳံေတြခဲ့ရသလို ယခု ၂၀၂၀ ျပည့္ႏွစ္အတြင္းသို႔ ခ်င္းနင္းဝင္ေရာက္လာခဲ့ခ်ိန္တြင္လည္း အေမရိကန္ႏိုင္ငံ၏ ကုန္သြယ္ေရး မွာ သိသိသာသာ တိုးတက္လာဖြယ္ မရွိေသးေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ လတ္တေလာ ကာလတြင္ တ႐ုတ္ႏိုင္ငံမွ စတင္ျဖစ္ပြားခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကမာၻလုံးဆိုင္ရာ စီးပြားေရး အခက္အခဲရွိေနျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ ကုန္သြယ္ေရးက႑ ရည္မွန္းခ်က္ ျပည့္မီေရးအတြက္ အခ်ိန္ကာလ အတိုင္းအတာတစ္ခုအထိ ေစာင့္ဆိုင္းရဦးမည္ျဖစ္ေၾကာင္း စီးပြားေရးကြၽမ္း က်င္သူမ်ားက သုံးသပ္ထားခဲ့ပါတယ္။

 

Moving Services ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေရး၀န္ေဆာင္မႈ ၆၁ ခုကုိရွာေဖြရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)