Export & Import

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် စက်သုံးဆီတန်ချိန် ၄ ဒသမ ၆ သန်းကျော် တင်သွင်းမှု

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် စက်သုံးဆီတန်ချိန် ၄ ဒသမ ၆ သန်းကျော် တင်သွင်းမှု google

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ဒသမ၆ သန်း ကျော် တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် ၄၄၀၀၀၀ ကျော်နှင့် ဒေါ်လာသန်း ၃၂၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၆၄၇ သန်း ကျော်တင်သွင်းထားပြီး တန်ဖိုးအမေရိကန် ဒေါ် လာ ၂ ဒသမ ၇၅၇ ဘီလျံအထိရှိခဲ့သည်။ယခင်နှစ်ကာလတူတွင် တန်ချိန် ၅ ဒသမ ၀၉၁ သန်းကျော်တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈၃ ဘီလျံအထိရှိခဲ့သည်။

 

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လ ကျော်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု သည် ယခင်နှစ်ကာလတူထက် တန်ချိန် ၄၄၄၃၅၉ လျော့ကျခဲ့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၃၂၆ ဒသမ ၃၃၈ သန်းလျော့ကျခဲ့ ခြင်းဖြစ်သည်။လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ဒီဇယ်တန်ချိန် ၂ ဒသမ ၈၈၈ သန်းတင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသ မ ၆၈၆ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၆၂၀၆၅၇ လျော့ကျခဲ့ပြီး တန်ဖိုးအ မေရိကန်ဒေါ်လာ ၃၄၆ သန်း ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အတူ ဓာတ်ဆီ တန်ချိန်၁ဒသမ ၇၅၈ သန်း တင်သွင်းထားပြီး တန်ဖိုးအမေရိ ကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင် နှစ်ကာလတူထက် တန်ချိန် ၁၇၈၄၉၈ ပိုမို တင်သွင်းထားပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် ပိုမိုတင်သွင်းထား ကြောင်း သိရသည်။

 

သြဂုတ် ၁၆ ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်လက်လီ တစ်လီတာ ကျပ် ၈၅၀ မှ ၈၉၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၈၃၀ ကျပ်မှ ၈၃၅ ကြား၊ Premium ဒီဇယ်လက်လီတစ်လီတာ ကျပ် ၈၆၀ မှ ၉၀၀ ကြား၊ လက်ကားတစ်လီတာ ကျပ် ၈၄၀ မှ ၈၄၅ ကျပ် ကြားရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းမှ ထုတ်ပြန်ချက်အရ သိရ သည်။ ထို့အတူ ဓာတ်ဆီ(RON 92) လက် လီတစ်လီတာ ကျပ် ၇၅၀ မှ ၇၉၅ကြား၊ လက်ကားတစ်လီတာ ကျပ် ၇၂၅ မှ ၇၃၅ကြားနှင့် ဓာတ်ဆီ(RON 95) လက်လီတစ်လီတာ ကျပ် ၈၄၀ မှ ၈၈၅ ကြား၊ လက်ကားတစ်လီတာ ကျပ် ၇၇၀ ရှိခဲ့သည်။

 

ကမ္ဘာ့ ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိမြင့်တက် ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာ ဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်း ကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်း ကျော်ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှမေလကုန် အထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့် တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစား အလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော် အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှစ၍ ပြန် လည်ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

 

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်း ဆက်လက်မြင့်တက်ခဲ့ပြီး မေလတွင် အတက် အကျနည်းပါးကာ ဇွန်လဆန်းမှစတင်ကာ ဈေးနှုန်းများ ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။

 

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန် တင်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။

 

Source :Eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)