Investment

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်မရှိခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်မရှိခဲ့ google.com

          ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုရှိ သည့်အနက် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

အသစ်များမရှိခဲ့ခြင်းကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀ဝခန့် လျော့နည်းရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက သြဂုတ် ၃၀ ရက် နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ်၊ မတ် လ ၃၁ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းစဉ် ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

          “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀ဝ ခန့် လျော့နည်းရခြင်းရဲ့ အဓိကအကြောင်းအရင်းများအနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုရှိသည့်အနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်များမရှိခဲ့ခြင်းဟာလည်း အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်”ဟု ပြောခဲ့ပါတယ်။

 

          လက်ရှိတွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ချေရှိသော သဘာဝဓာတ်ငွေ့ထွက်ရှိနိုင်သည့် ကမ်းလွန်လုပ်ကွက် တို့၏ အခြေအနေကိုသက်ဆိုင်ရာကုမ္ပဏီများက အသေးစိတ်စူးစမ်းမှုများဆောင်ရွက်နေကြောင်း၊ စူးစမ်းနေသည့် အဆိုပါ ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် အခြေအ နေရှိကြောင်း အတည်ပြုလာပါက လာမည့်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာဖွယ်ရှိကြောင်း ပြောခဲ့ပါတယ်။

 

          “ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ယခင်နှစ်ထက်နည်းပါးခဲ့သော်လည်း နိုင်ငံအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသာမက လုပ်ငန်းအရေအတွက်ပါ တိုးတက်လာသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်”ဟု ပြောခဲ့ပါတယ်။

 

          ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာနှစ်များအတွင်း နိုင်ငံအလိုက် နိုင်ငံခြားသားရင်း နှီးမြှုပ်နှံမှုများကို နှိုင်းယှဉ်ရာပါက စင်္ကာပူနိုင်ငံက နှစ်နှစ်လုံးတွင် အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ယူနိုက်တက်ကင်းတန်းနိုင်ငံနှင့် အမေရိကန်ပြည် ထောင်စုတို့ကလည်း ယခင်၂၀၁၆-၂၀၁၇ခု ဘဏ္ဍာနှစ်ကထက် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခဲ့ပါတယ်။

 

          ထို့အတူ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွင်း တိုင်းဒေသကြီးနှင့် ပြည် နယ်များအလိုက် ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့ က ရင်းနှီးမြှုပ်နှံမှုအများဆုံးရရှိခဲ့သည်ကို တွေ့ရကြောင်း ဦသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

 

Source ; Myanmar Time

Read times
Rate this item
(1 Vote)