Investment

လက်ရှိဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ

လက်ရှိဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ google

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၀ ဒသမ ၈ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြပြီး အနောက်နိုင်ငံများက တစ်ဆင့်ခံဝင် ရောက်လျက်ရှိသည့် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှု အခြေအနေကိုလေ့လာကြည့်ပါက စင်ကာပူက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက ဒေါ်လာ ၂၀ ဒသမ ၆၈ ဘီလျံကျော်ဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၁ ဒသမ ၃၀၉ ဘီလျံ ကျော်၊ စုစုပေါင်းနိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေခဲ့ပါတယ်။

 

<<<<<<< မန္တလေးတိုင်းအတွင်း အိန္ဒိယနိုင်ငံမှရင်းနှီးမြှပ်နှံမှုများပိုမိုပြုလုပ်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဖိတ်ခေါ် >>>>>>>

 

ဟောင်ကောင်က ဒေါ်လာ ၈ ဒသမ ၁၆၅ ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၀ ဒသမ ၀၉ ရာခိုင်နှုန်း၊ U.Kက ဒေါ်လာ ၄ ဒသမ ၅၂၅ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၅၉ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံက ဒေါ်လာ ၃ ဒသမ ၉၆၂ ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၁၆၅ ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ် နှံမှု၏ ၂ ဒသမ ၆၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ ၁ ဒသမ ၉၆၃ ဘီလျံကျော်၊ စုစု ပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၂ ဒသမ ၄၃ ရာခိုင်နှုန်း၊ နယ်သာလန်က ဒေါ်လာ ၁ ဒသမ ၅၅၄ ဘီလျံကျော်၊ စုစုပေါင်းနိုင်ငံခြားရင်းနှီး မြှုပ်နှံမှု၏ ၁ ဒသမ ၉၂ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ က ဒေါ်လာ ၁ ဒသမ ၂၀၈ ဘီလျံကျော်၊ စုစု ပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁ ဒသမ ၄၉ ရာခိုင်နှုန်းစသည်ဖြင့် မြှုပ်နှံထားခဲ့ပါတယ်။

 

နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅- ၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆- ၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်သွားမည်လဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ် (Base case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိတွင် နှစ်စဉ် ဒေါ်လာ ၅ဒသမ၈ဘီလျံ၊ကာလလတ် ငါးနှစ်ဖြစ်သည့်၂၀၂၁-၂၀၂၂ခုနှစ်မှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ၈ ဒသမ၅ဘီလျံ၊ ၂၀၂၆-၂၀၂ရခုနှစ်မှ ၂၀၃၀ -၂၀၃၁ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ဒသမ ၃ဘီလျံ၊၂၀၃၁-၂၀၃၁ခုနှစ်မှ ၂၀၃၅-၂၀၃၆ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ် လာ ၁ရဒသမ၆ဘီလျံအထိ ရရှိရန် အသီးသီး ခန့်မှန်းထားကြောင်း သိရပါတယ်။

 

ReadMore - မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများ အဆင်ပြေလွယ်ကူပြီး အခက်အခဲ မရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း

 

Source : Eleven

 

Myanmar Logistics Guide

 

 

 

 

 

 

 

 

Read times
Rate this item
(0 votes)

Related items