Investment

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက် google

ရန်ကုန်တိုင်းသို့ လက်ရှိဘဏ္ဍာနှစ်တွင် ၀င်ရောက်လာသည့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း၏ ထက်ဝက်ကျော်သည် တရုတ်စီးပွားရေးလုပ်ငန်း များဖြစ်ကြောင်း တိုင်းရင်းနှီးမြှုပ်နှံ မှုကော်မရှင်အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ပြောခဲ့ပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အ တွင်း ရန်ကုန်တိုင်းသို့ ၀င်ရောက် လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၁၃ ခုတွင် တရုတ်နိုင်ငံမှ လုပ်ငန်းပေါင်း ၆၅ ခုပါဝင်နေခြင်းဖြစ်ပါတယ်။‘‘ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ တရုတ်က အများ ဆုံးပဲ’’ ဟု ဦးမျိုးခိုင်ဦးက ပြောခဲ့ပါတယ်။

 

ရန်ကုန်တိုင်းကို ယခုဘဏ္ဍာ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုစုစုပေါင်း ဒေါ်လာသန်း ၂၀၀ ကျော် ၀င်ရောက်လာကြောင်း ၎င်း က ဆိုခဲ့ပြီး အများစုက စက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်။

 

ရန်ကုန်မြို့ကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ချင်စရာ နေရာတစ်ခုဖြစ်အောင် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားခဲ့ပါတယ်။ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် နိုင်ငံခြားသားလုပ်ငန်းရှင်များကို မြေရောင်းချပေးမည့် အစီအစဉ် အကောင်အထည်ဖော် မည်ဟု ၎င်းက ဆိုထားခဲ့ပါတယ်။

 

ယခုဘဏ္ဍာနှစ် ကိုးလကျော် အတွင်း မြန်မာနိုင်ငံသို့ ၀င်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ထပ်မံတိုးမြှင့်သည့် ရင်းနှီးမြှုပ်နှံမှုများအပါအ၀င် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ရှိလာခဲ့ပါတယ်။

 

ယခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက ထက်ဝက်ကျော် ရှိသော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် ဒေါ်လာသန်း ၄၀၀ ကျော်သာ ရင်း နှီးမြှုပ်နှံထားခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းတွင် စင်ကာပူနိုင်ငံက အများဆုံးဖြစ် ပြီး ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားခဲ့ခြင်း ဖြစ်ပါတယ်။

 

ပြည်တွင်းစွမ်းအင်ကုမ္ပဏီတစ်ခုတွင် ကိုရီးယားကုမ္ပဏီ ၂ခုက ဒေါ်လာသန်း ၁၃၀နီးပါးရင်းနှီးမြှုပ်နှံ

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items