Investment

တစ်ဒေါ်လာကို ဆယ်နှစ်တာ ရင်းနှီးမြှုပ်နှံပြီးသောအခါ

တစ်ဒေါ်လာကို ဆယ်နှစ်တာ ရင်းနှီးမြှုပ်နှံပြီးသောအခါ google

၂၀၂၀ ခုနှစ်သည် ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသည့်နှစ် ဖြစ်သည်။ ဆယ်စုနှစ်တစ်ခု အစပြုသည့် နှစ်ဟုလည်း ဆိုနိုင်သည်။

 

၂၀၁၀ ခုနှစ်၌ အမေရိကန် ၁ ဒေါ်လာကို ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ရာ မည်သို့ ရင်းနှီးမြှုပ်နှံခဲ့လျှင် ယခု ၂၀၁၉ ခုနှစ် အကုန်တွင် အရှုံးအမြတ် မည်သို့ ရှိမည်ဆိုသည်ကို CNN Business တွင် ရှာရှာဖွေဖွေ တင်ပြထားရာ မြန်မာနိုင်ငံတွင် ကျပ်ငွေကို ၁ ဒေါ်လာဖိုး ၂၀၁၀ ခုနှစ်တွင် ဝယ်ယူခဲ့သည်ဆိုပါက ယခု ၂၀၂၀ နှစ်စတွင် မည်သို့ အရှုံးအမြတ် ရှိမည်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

 

ယခု ဆယ်စုနှစ်၌ ဘစ်ကွိုင်တွင် ရင်းနှီးမြှုုပ်နှံခြင်းသည် ဆတိုးပွားခြင်း အမြင့်မားဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဆယ်စုနှစ်အစတွင် အမေရိကန် တစ်ဒေါ်လာကို ဘစ်ကွိုင်တွင် ရင်းနှီးမြှုပ်နှံခဲ့သည်ဆိုပါက ယခုအခါ အမေရိကန်ဒေါ်လာ ကိုးသောင်းကျော် တန်ဖိုး ရှိနေမည် ဖြစ်သည်။

 

တစ်ဘစ်ကွိုင်သည် ယခုအခါ အမေရိကန်ဒေါ်လာ ခုနစ်ထောင် တန်ဖိုးရှိသည်။ လွန်ခဲ့သည့် နှစ်နှစ်တုန်းက အမြင့်မားဆုံး အထွတ်အထိတ်သို့ ရောက်ရှိခဲ့ရာ အမေရိကန်ဒေါ်လာ နှစ်သောင်းအထိ ရောက်ရှိခဲ့ပြီး တန်ဖိုးပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ်ကတန်ဖိုးထက် များစွာမြင့်မားနေဆဲဖြစ်သည်။

 

ဘစ်ကွိုင် ဈေးတက်ပြီးရင် တက်မည်ဟု မျှော်လင့်ထားပြီး ရင်းနှီးမြှုပ်နှံကြသဖြင့် ဈေးတက်ခဲ့သည်မှာ အကြောင်း တစ်ချက် ဖြစ်သော်လည်း ဘစ်ကွိုင်သည် ရေပန်းစားသည့်ငွေကြေးတစ်မျိုး ဖြစ်လာခြင်း၊ cryptocurrency အဖြစ် တရားဝင် လက်ခံသုံးစွဲလာကြခြင်းတို့သည်လည်း ဈေးတက်စေသည့် အကြောင်းအချက်များ ဖြစ်သည်။

 

လက်လီ အရောင်းသမားများသည် ဘစ်ကွိုင်ဖြင့် ပေးချေသည်ကို လက်ခံလာကြသဖြင့် ကုန်သွယ်မှုတွင် သုံးစွဲသည့် ငွေကြေးအသစ်တစ်မျိုး အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ တရားဝင်ငွေကြေး ဖြစ်လာစေခဲ့သည်။

 

Facebook က ဒစ်ဂျစ်တယ်ငွေကြေးဖြစ်သော Libra ကို သုံးဖို့ စိုင်းပြင်းနေပေရာ ဘစ်ကွိုင်နှင့် အခြား cryptocurrency များ တရားဝင်အဖြစ် လက်ခံလာစေသည်။ အထူးသဖြင့် နိုင်ငံသုံး ငွေကြေးများ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံသူများ ထည့်သွင်းစဉ်းစားရသည့် ငွေကြေးအဖြစ် ရောက်ရှိသည်။

 

ထိုသို့ နိုင်ငံသုံး ငွေကြေး ဝယ်ယူမည်ဆိုပါက မြန်မာကို လက်ရှောင်ခဲ့သင့်သည်။ မြန်မာကျပ်ငွေကို လွန်ခဲ့သည့် တစ်နှစ်တုန်းက ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံခဲ့သည်ဆိုပါက ပျော်စရာကောင်းမည် မဟုတ်ပေ။ အမေရိကန် တစ်ဒေါ်လာဖိုး ကျပ်ငွေ ဝယ်ယူခဲ့ပါက ယခုအခါ ရရှိမည့် အမေရိကန်ဒေါ်လာသည် တစ်ပြား (cent) ၏ ၁၀ ပုံ ၄ ပုံ မျှသာ ရှိမည် ဖြစ်သည်။

စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဂရိကို လက်ရှောင်ခဲ့သင့်သည်။ မြေထဲပင်လယ်မှ နိုင်ငံတစ်ခုဖြစ်သော ဂရိနိုင်ငံတွင် ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်တစ်ဒေါ်လာဖိုး စတော့ရှယ်ယာ ဝယ်ယူခဲ့လျှင် ယခုအခါ ရရှိမည့် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇ ပြား(cent) မျှသာ ရှိလိမ့်မည်။

 

ဘဏ်အတိုးနှုန်းများ ကျဆင်းခြင်းသည် ရွှေမှာ ရင်းနှီးမြှုပ်နှံဖို့ အခြေအနေ ကောင်းနေစေသည်။ တိုင်းပြည်စီးပွားရေး မလှုပ်မယှက် နှေးကွေးနေသဖြင့် ဘဏ်များသည် အတိုးနှုန်းကို သုံညအောက်သို့ သတ်မှတ်ကြသည်။ သာဓကအားဖြင့် Bank of Japan သည် ကာလတိုအတွက် အတိုးနှုန်းသည် (-)ဝ.၁ % ဟု ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ဘဏ်မှာ ငွေအပ်နှံထားလျှင် နှစ်စဉ် အနုတ်ပြမည်။

 

သို့ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုပြုကြသူတို့သည် ရွှေဖက်သို့ ခြေဦးလှည့်ကြသည်။ ၂၀၁၀ ခုနှစ်တွင် ရွှေကို အမေရိကန်တစ်ဒေါ်လာဖိုး ဝယ်ယူထားမည်ဆိုပါက ယခုအခါ အမေရိကန်ဒေါ်လာ ၁.၃၄ တန်ဖိုး ရှိမည်ဖြစ်သည်။

 

ကုန်စည်များတွင် ရေနံစိမ်းသည် ရင်းနှီးမြှုပ်နှံမှုပြုရန် အဆိုးဝါးဆုံး ဖြစ်သည်။ တိုင်းပြည်များ စီးပွားရေးတုံဆိုင်းသဖြင့် ရေနံစိမ်း အဝယ်မလိုက်သည့်အပြင် အမေရိကန်ပြည်တွင်း ထုတ်လုပ်မှု မြင့်မားသဖြင့် ရေနံစိမ်းများ ပိုလျှံသည်။ ၂၀၁၀ ခုနှစ်က ရေနံစိမ်း တစ်ဒေါ်လာသည် ယခုအခါ အမေရိကန်ဒေါ်လာ ၇၄ ဆင့်သာ တန်ဖိုး ရှိတော့သည်။

 

Zawgyi ျဖင့္ဖက္ရႈ့လိုပါက
>>>>>>>>>>>>

 

တစ္ေဒၚလာကို ဆယ္ႏွစ္တာ ရင္းႏွီးျမႇဳပ္ႏွံၿပီးေသာအခါ

 

၂၀၂၀ ခုႏွစ္သည္ ဆယ္စုႏွစ္တစ္ခု ကုန္ဆုံးသည့္ႏွစ္ ျဖစ္သည္။ ဆယ္စုႏွစ္တစ္ခု အစျပဳသည့္ ႏွစ္ဟုလည္း ဆိုႏိုင္သည္။

 

၂၀၁၀ ခုႏွစ္၌ အေမရိကန္ ၁ ေဒၚလာကို ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳခဲ့ရာ မည္သို႔ ရင္းႏွီးျမႇဳပ္ႏွံခဲ့လွ်င္ ယခု ၂၀၁၉ ခုႏွစ္ အကုန္တြင္ အရႈံးအျမတ္ မည္သို႔ ရွိမည္ဆိုသည္ကို CNN Business တြင္ ရွာရွာေဖြေဖြ တင္ျပထားရာ ျမန္မာႏိုင္ငံတြင္ က်ပ္ေငြကို ၁ ေဒၚလာဖိုး ၂၀၁၀ ခုႏွစ္တြင္ ၀ယ္ယူခဲ့သည္ဆိုပါက ယခု ၂၀၂၀ ႏွစ္စတြင္ မည္သို႔ အရႈံးအျမတ္ ရွိမည္ကိုလည္း ထည့္သြင္းေဖာ္ျပထားသည္။

 

ယခု ဆယ္စုႏွစ္၌ ဘစ္ကြိဳင္တြင္ ရင္းႏွီးျမႇုဳပ္ႏွံျခင္းသည္ ဆတိုးပြားျခင္း အျမင့္မားဆုံး ျဖစ္ေၾကာင္း ေတြ႕ရသည္။ ဆယ္စုႏွစ္အစတြင္ အေမရိကန္ တစ္ေဒၚလာကို ဘစ္ကြိဳင္တြင္ ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္ဆိုပါက ယခုအခါ အေမရိကန္ေဒၚလာ ကိုးေသာင္းေက်ာ္ တန္ဖိုး ရွိေနမည္ ျဖစ္သည္။

 

တစ္ဘစ္ကြိဳင္သည္ ယခုအခါ အေမရိကန္ေဒၚလာ ခုနစ္ေထာင္ တန္ဖိုးရွိသည္။ လြန္ခဲ့သည့္ ႏွစ္ႏွစ္တုန္းက အျမင့္မားဆုံး အထြတ္အထိတ္သို႔ ေရာက္ရွိခဲ့ရာ အေမရိကန္ေဒၚလာ ႏွစ္ေသာင္းအထိ ေရာက္ရွိခဲ့ၿပီး တန္ဖိုးျပန္လည္က်ဆင္းလာခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ၂၀၁၀ ခုႏွစ္ကတန္ဖိုးထက္ မ်ားစြာျမင့္မားေနဆဲျဖစ္သည္။

 

ဘစ္ကြိဳင္ ေဈးတက္ၿပီးရင္ တက္မည္ဟု ေမွ်ာ္လင့္ထားၿပီး ရင္းႏွီးျမႇဳပ္ႏွံၾကသျဖင့္ ေဈးတက္ခဲ့သည္မွာ အေၾကာင္း တစ္ခ်က္ ျဖစ္ေသာ္လည္း ဘစ္ကြိဳင္သည္ ေရပန္းစားသည့္ေငြေၾကးတစ္မ်ဳိး ျဖစ္လာျခင္း၊ cryptocurrency အျဖစ္ တရား၀င္ လက္ခံသုံးစြဲလာၾကျခင္းတို႔သည္လည္း ေဈးတက္ေစသည့္ အေၾကာင္းအခ်က္မ်ား ျဖစ္သည္။

 

လက္လီ အေရာင္းသမားမ်ားသည္ ဘစ္ကြိဳင္ျဖင့္ ေပးေခ်သည္ကို လက္ခံလာၾကသျဖင့္ ကုန္သြယ္မႈတြင္ သုံးစြဲသည့္ ေငြေၾကးအသစ္တစ္မ်ဳိး အျဖစ္သို႔ ေရာက္ရွိလာခဲ့သည္။ တရား၀င္ေငြေၾကး ျဖစ္လာေစခဲ့သည္။

 

Facebook က ဒစ္ဂ်စ္တယ္ေငြေၾကးျဖစ္ေသာ Libra ကို သုံးဖို႔ စိုင္းျပင္းေနေပရာ ဘစ္ကြိဳင္ႏွင့္ အျခား cryptocurrency မ်ား တရား၀င္အျဖစ္ လက္ခံလာေစသည္။ အထူးသျဖင့္ ႏိုင္ငံသုံး ေငြေၾကးမ်ား ၀ယ္ယူၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ထည့္သြင္းစဥ္းစားရသည့္ ေငြေၾကးအျဖစ္ ေရာက္ရွိသည္။

 

ထိုသို႔ ႏိုင္ငံသုံး ေငြေၾကး ၀ယ္ယူမည္ဆိုပါက ျမန္မာကို လက္ေရွာင္ခဲ့သင့္သည္။ ျမန္မာက်ပ္ေငြကို လြန္ခဲ့သည့္ တစ္ႏွစ္တုန္းက ၀ယ္ယူၿပီး ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္ဆိုပါက ေပ်ာ္စရာေကာင္းမည္ မဟုတ္ေပ။ အေမရိကန္ တစ္ေဒၚလာဖိုး က်ပ္ေငြ ၀ယ္ယူခဲ့ပါက ယခုအခါ ရရွိမည့္ အေမရိကန္ေဒၚလာသည္ တစ္ျပား (cent) ၏ ၁၀ ပုံ ၄ ပုံ မွ်သာ ရွိမည္ ျဖစ္သည္။

 

စေတာ့ရွယ္ယာတြင္ ရင္းႏွီးျမႇဳပ္ႏွံမည္ဆိုပါက ဂရိကို လက္ေရွာင္ခဲ့သင့္သည္။ ေျမထဲပင္လယ္မွ ႏိုင္ငံတစ္ခုျဖစ္ေသာ ဂရိႏိုင္ငံတြင္ ၂၀၁၀ ခုႏွစ္တုန္းက အေမရိကန္တစ္ေဒၚလာဖိုး စေတာ့ရွယ္ယာ ၀ယ္ယူခဲ့လွ်င္ ယခုအခါ ရရွိမည့္ တန္ဖိုးသည္ အေမရိကန္ေဒၚလာ ၇ ျပား(cent) မွ်သာ ရွိလိမ့္မည္။

 

ဘဏ္အတိုးႏႈန္းမ်ား က်ဆင္းျခင္းသည္ ေရႊမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ အေျခအေန ေကာင္းေနေစသည္။ တိုင္းျပည္စီးပြားေရး မလႈပ္မယွက္ ေႏွးေကြးေနသျဖင့္ ဘဏ္မ်ားသည္ အတိုးႏႈန္းကို သုံညေအာက္သို႔ သတ္မွတ္ၾကသည္။ သာဓကအားျဖင့္ Bank of Japan သည္ ကာလတိုအတြက္ အတိုးႏႈန္းသည္ (-)၀.၁ % ဟု ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ေၾကညာခဲ့သည္။ ဘဏ္မွာ ေငြအပ္ႏွံထားလွ်င္ ႏွစ္စဥ္ အႏုတ္ျပမည္။

 

သို႔ျဖစ္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳၾကသူတို႔သည္ ေရႊဖက္သို႔ ေျခဦးလွည့္ၾကသည္။ ၂၀၁၀ ခုႏွစ္တြင္ ေရႊကို အေမရိကန္တစ္ေဒၚလာဖိုး ၀ယ္ယူထားမည္ဆိုပါက ယခုအခါ အေမရိကန္ေဒၚလာ ၁.၃၄ တန္ဖိုး ရွိမည္ျဖစ္သည္။

 

ကုန္စည္မ်ားတြင္ ေရနံစိမ္းသည္ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳရန္ အဆိုးဝါးဆုံး ျဖစ္သည္။ တိုင္းျပည္မ်ား စီးပြားေရးတုံဆိုင္းသျဖင့္ ေရနံစိမ္း အ၀ယ္မလိုက္သည့္အျပင္ အေမရိကန္ျပည္တြင္း ထုတ္လုပ္မႈ ျမင့္မားသျဖင့္ ေရနံစိမ္းမ်ား ပိုလွ်ံသည္။ ၂၀၁၀ ခုႏွစ္က ေရနံစိမ္း တစ္ေဒၚလာသည္ ယခုအခါ အေမရိကန္ေဒၚလာ ၇၄ ဆင့္သာ တန္ဖိုး ရွိေတာ့သည္။

 

Myanmar Logistics Guide

 

 
Read times
Rate this item
(0 votes)