Investment

လက်ရှိ ဘဏ္ဍာနှစ် (၁၀)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၃ ဒသမ ၇)ဘီလီယံနီးပါးအထိ ခွင့်ပြုထား

လက်ရှိ ဘဏ္ဍာနှစ် (၁၀)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၃ ဒသမ ၇)ဘီလီယံနီးပါးအထိ ခွင့်ပြုထား google

လက်ရှိဘဏ္ဍာနှစ် (၁၀)လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရကိန်ဒေါ်လာ ( ၃ ဒသမ ၇ ) ဘီလီယံ နီးပါး ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

 

သြဂုတ်လ ၅ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်မောင်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

“ လက်ရှိအချိန်ထိတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၂၂၄ ခုခွင့်ပြုထားပေးပြီးတော့ လက်ကျန် ကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ထပ်မံခွင့်ပြုဖို့ ရှိနေပါတယ်။ ဒီနှစ်ဝင်ရောက်မှုကတော့ မျှော်မှန်းချက်ကို ပြည့်မှီနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောခဲ့ပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ အမေရိကန်ဒေါ်လာ (၂၂၁၇ ဒသမ ၁၀၇)သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၃၅၂၆ ဒသမ ၂၁၅)သန်းဖြစ်ပါတယ်။

 

အဆိုပါကာလအတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၂၂၁ ဒသမ ၄၃၀) သန်းဖြစ်ပါတယ်။ယင်းကြောင့် လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ (၁)ရက်မှ ဇူလိုင်လ (၃၁) ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ (၃၇၄၇ ဒသမ ၆၄၅)သန်းဖြစ်ကြောင်း သိရပါတယ်။

 

ထို့အပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၃၉)ခု၊ အမေရိကန်ဒေါ်လာ (၃၂၉ ဒသမ ၇၈၄)သန်းအပါ အ၀င် ကျပ် (၁၀၄၃၉၁၉ ဒသမ ၆၂၆) သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၃၉၅ ဒသမ ၉၂၂)သန်းအပြင် ကျပ် (၁၂၆၂၃၆၆ ဒသမ ၄၃၅) သန်းကို ခွင့်ပြု/အတည်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

 

Source : BETV

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items