Investment

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၄ ဒသမ ၁) ဘီလီယံကျော် ၀င်ရောက်

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၄ ဒသမ ၁) ဘီလီယံကျော် ၀င်ရောက် google

လက်ရှိဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄ ဒသမ ၁)ဘီလီယံကျော်ဝင်ရောက် ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှု မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၅၂)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၅၅၀ ဒသမ ၇၃၃)သန်းဖြစ်ပါတယ်။

 

>>>Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ<<<

 

ရင်းနှီးမြှုပ်နှံမှုတိုးမြှုင့်ခြင်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၈၇၆ ဒသမ ၃၅၂)သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုချက်အရ သိရပါတယ်။

 

"အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈-၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၂၃ ဒသမ ၆၈၀)သန်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ပြီးခဲ့တဲ့ MIC အစည်းအဝေး စက်တင်ဘာ ၅ ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄ဒသမ ၁)ဘီလီယံ ဖြစ်ပါတယ်" ဟု ဦးသန့်စင်လွင်က ပြောခဲ့ပါတယ်။

 

>>>  Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ။ <<<

 

အလားတူ အဆိုပါကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ လုပ်ငန်း (၁၅၂)ခု၊ အမေရိကန်ဒေါ်လာ (၃၃၅ ဒသမ ၈၃၄)သန်း အပါအ၀င် ကျပ် (၁၁၁၆၆၁၉ ဒသမ ၄၇၆)သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၂၅ ဒသမ ၅၀၁)သန်း အပါအ၀င် ကျပ် (၁၃၇၃၆၁၉ ဒသမ ၅၁၅)သန်း ဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

 

Source : BETV

 

 

Read times
Rate this item
(0 votes)