Local Industry

Tuesday, 25 October 2022 05:38

RCEP Co Form အား ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်ထုတ်ပေးသွားမည်

အသိပေးကြေညာချက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ် သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ သက်ဝင်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် CO Form RCEP ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ထို့အပြင်သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System https://onlineco.myanmartradenet.com/ တွင် ၁-၁၁-၂၀၂၂ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ကုန်သွယ်ရေးဦးစီးဌာန

Saturday, 08 October 2022 16:43

၂၀၂၃-၂၄ တွင် ကွန်တိန်နာ သင်္ဘောအသစ်များ အလုံးအရင်းဖြင့် တိုးလာမည်

၂၀၂၃-၂၄ တွင် ကွန်တိန်နာ သင်္ဘောအသစ်များ အလုံးအရင်းဖြင့် တိုးလာမည်

Friday, 07 October 2022 07:03

Trafigura ၏ Puma Energy သည် မြန်မာ့စီးပွားရေးလုပ်ငန်းကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီသို့ ရောင်းချမည်

Trafigura ၏ လက်လီလက်ကားကုမ္ပဏီ Puma Energy သည် ၎င်း၏ မြန်မာ့စီးပွားရေးလုပ်ငန်းကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ ရောင်းချရန် သဘောတူညီခဲ့ကြောင်း Puma က ထုတ်ပြန်ခဲ့သည်။

Tuesday, 27 September 2022 07:37

ရန်ကုန် ရေပေါ် ဘတ်စ် ၅ နှစ်ပြည့် အောက်တိုဘာလ ၆ ရက်တွင် အခမဲ့ စီးနင်းခွင့်ဖြင့် ပြန်လည်ပြေးဆွဲမည်

ရန်ကုန် ရေပေါ် ဘတ်စ် ၅ နှစ်ပြည့် အောက်တိုဘာလ ၆ ရက်တွင် အခမဲ့ စီးနင်းခွင့်ဖြင့် ပြန်လည်ပြေးဆွဲမည်

Wednesday, 14 September 2022 03:24

တတိယအကြိမ် မြန်မာ - တရုတ်နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲကျင်းပရန်အတွင်ပြင်ဆင်မှုများပြုလုပ်

တတိယအကြိမ် "မြန်မာ (လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး နှင့် ကုန်စည်ပြပွဲ" ကျင်းပရန် ကြိုတင်လုင်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ စီးပွားရေးနှင့် သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်စဉ်စီးပွားရေးနှင့် ကုန်စည်ပြပွဲများကို မြန်မာနိုင်ငံ လားရှိုမြို့နှင့် တရုတ်နိုင်ငံ လင်ချန်းမြို့တို့၌ နှစ်စဉ်အလှည့်ကျ ကျင်းပနိုင်ရေးလက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုစာချွန်လွှအရ ပထမအကြိမ်နှင်ဒုတိယအကြိမ်ပြပွဲများကို အောင်မြင်စွာ ကျင်းပနိင်ခဲ့ပြီးဖြစ် ကြောင်း ယခုတတိယအကြိမ် ကျင်းပမည့် "မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ"ကို မြန်မာနိုင်ငံက ဦးဆောင်၍အွန်လိုင်းဖြင့် အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ကုန်စည်ပြပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲညွှန်ကြားရေးမှူးက Myanmar Online Expo Park တွင် ကုန်စည်ပြပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်းရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ Source : Myanmar Alinn

Monday, 08 August 2022 03:53

ပြည်တွင်း ရွှေ နှင့် ငွေဈေးတည်ငြိမ်မှုရှိစေရန် ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်း

ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်ရွှေနှင့် ငွေကြေးစျေးကွက်တည်ငြိမ်မှုသည် များစွာအရေးပါသည့်အတွက် ပြည်တွင်းရွှေနှင့် ငွေကြေးစျေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းကော်မတီသည် ပြည်တွင်းငွေကြေးစျေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်း ကြပ်မတ်ရာတွင်အထောက်အကူဖြစ်စေရန် တိုင်ကြားစာစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်၍ငွေကြေးစျေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သောဆောင်ရွက်မှုများဖြစ်သည့် နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်း အဝယ်ပြုလုပ်ခြင်း၊ စျေးကစားခြင်း ပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှုမရှိသူများ; ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ရာခိုင်နှုန်းယူ၍ငွေသားထုတ်ပေးခြင်း; ဘဏ်ပြင်ပတွင် ငွေသား | လက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထား သည့်ကျပ်ငွေများကိုရာခိုင်နှုန်းယူရွ်ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတွင် ပါဝင်ပတ်သက်သူများကို သိရှိပါက ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆ဂု-၃၄၀၉၄၆၃|လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃ နှင့် Email လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloakf090f9cc09e1a5b22c2c8839e5fa43de').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addyf090f9cc09e1a5b22c2c8839e5fa43de = 'gmm.complaint' + '@'; addyf090f9cc09e1a5b22c2c8839e5fa43de = addyf090f9cc09e1a5b22c2c8839e5fa43de + 'cbm' + '.' + 'gov' + '.' + 'mm'; var addy_textf090f9cc09e1a5b22c2c8839e5fa43de = 'gmm.complaint' + '@' + 'cbm' + '.' + 'gov' + '.' + 'mm';document.getElementById('cloakf090f9cc09e1a5b22c2c8839e5fa43de').innerHTML += ''+addy_textf090f9cc09e1a5b22c2c8839e5fa43de+''; သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။ Source: ရွှေနှင့် ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ

Wednesday, 03 August 2022 07:05

ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်အပါအဝင် အခြား ပြည်နယ်မြို့တော်များအတွက် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းများ

(၃-၈-၂၀၂၂) အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများ - ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ Source: PPRD_Ref_FuelPrice, MOE, PPRD, pprd_announcement, MOPS

Monday, 01 August 2022 03:59

ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်အပါအဝင် အခြား ပြည်နယ်မြို့တော်များအတွက် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းများ

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများ - ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ Source: PPRD_Ref_FuelPrice, MOE, PPRD, pprd_announcement, MOPS

Thursday, 28 July 2022 05:17

ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် သီလဝါရှိ ဆူဇူကီးစက်ရုံ ကားထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားရ

သီလဝါရှိ ဆူဇူကီးစက်ရုံ ပိတ်သိမ်းခြင်းမရှိသေးဘဲ ယာဉ်အပိုပစ္စည်းတင်သွင်းရသည့်အခက်အခဲများ ကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်ပြီး ပစ္စည်းများ တင်သွင်းခြင်း အဆင်ပြေသွားပါက စက်ရုံ ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း SUZUKI (MYANMAR) MOTOR CO.,Ltd မှ Managing Officer ဦးမျိုးမင်းထွန်းက ပြောကြားခဲ့ပါတယ်။ “ကောလာဟလပြောနေကြသလို ဆူဇူကီးစက်ရုံ ပိတ်သိမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ တစ်စီး၊ နှစ်စီး ထုတ်တာ မျိုးကလည်း ဒီလကုန်ရင် မရှိတော့ဘူးဗျ။ ဆူဇူကီးက သုံးစွဲသူတွေ အတွက် ကျွန်တော်တို့ဘက်က ဆူဇူကီးကားတွေ ပြန်လည်ထုတ်လုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်’’ ဟုပြောသည်။ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် နိုင်ငံတကာ ကားကုမ္ပဏီများသည် ပြည်ပမှ ယာဉ်အပိုပစ္စည်းများ တင်သွင်းခွင့်မရတော့သည့်အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လထဲတွင် ၎င်းတို့၏ ထုတ်လုပ်ရေးလုပ်ငန်း အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ “ဂျပန်ကားစက်ရုံတွေ ပိတ်သိမ်းတယ်ဆိုတာ တရားဝင်ပိတ်သိမ်းတာမျိုးမဟုတ်ပါဘူး။ ကားစက်ရုံတွေ အကုန်လုံးကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကစပြီး ဘယ်စက်ရုံမှ မလည်ပတ်နိုင်ပါဘူး။ ကားထုတ်လုပ်ဖို့ ပစ္စည်းသွင်းတဲ့ Import လိုင်စင် မရလို့ စက်ရုံတွေက ယာယီပိတ်ရတာပါ။ လုပ်ငန်းလုံးဝပိတ်ပြီးပြန်သွားတာမဟုတ်ပါဘူး။ Import လိုင်စင်ရရင်တော့ ပြန်ပြီး လည်ပတ်ကြမှာပါ။ လက်ရှိတော့ ကားနဲ့ပတ်သက်ပြီးပေါ်လစီတစ်ခုဆွဲနေတယ်လို့ကြားတယ်။ မကြာမီ ဒီပေါ်လစီကို ထုတ်ပြန်ပြီး တစ်ခုခုဆောင်ရွက်ပေးမယ်လို့ကြားပါတယ်။ လတ်တလောမှာတော့ ကားဈေးတွေ တက်နေပါတယ်။’’ ဟု ဒေါက်တာစိုးထွန်းကပြောသည်။ ရန်ကုန်၊ သီလဝါဆိပ်ကမ်း၌ တပ်ဆင်ထုတ်လုပ်နေသည့် ဂျပန် SUZUKI ကားကုမ္ပဏီဟာ ယာဉ်အပိုပစ္စည်းတွေ တင်သွင်းခွင့်မရတာကြောင့် ၎င်းတို့၏ ကားထုတ်လုပ်ရေးကို သည်ရက်ပိုင်းအတွင်း ရပ်လိုက်ရခြင်း ဖြစ်ပြီး SUZUKI ကဲ့သို့ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေသော ကားကုမ္ပဏီများလည်း အလားတူ အခက်အခဲမျိုး ရင်ဆိုင်နေရကြောင်း သိရသည်။ ဒေါက်တာစိုးထွန်းက “လက်ရှိတော့ ကားနဲ့ပတ်သက်ပြီးပေါ်လစီတစ်ခုဆွဲနေတယ်လို့ကြားတော့ ဒီပေါ်လစီ ကို ထုတ်ပြန်ပြီးရင်တော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်ရပါတယ်’’ ဟု ပြောသည်။လတ်တလောတွင် ပြည်တွင်းကားပွဲစားတန်းနှင့် ကားအဟောင်း ဈေးကွက်တွင် ကားဈေးများ မြင့်တက်သွားကြောင်း သိရသည်။မော်တော်ယာဉ်ဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးထွန်းခိုင် က “ဟာရီရာတို့ ၊ ကလူဂါ တို့ဆိုလည်း ဈေးတွေက အရမ်းတက်သွားတယ်။ ၂၀၀၁ ကလူဂါကားတောင် ၃၅၇ သိန်း လောက်ပေါက်ဈေးရှိနေပြီ။ စီးတဲ့ ပိုင်ရှင် ကပြန်ရောင်းတဲ့ စီးပြီးသား Suzuki Ciaz ၂၀၂၀ မော်ဒယ်ဆိုရင် သိန်း ၅၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ Suzuki Ertiga Type 4 တွေဆိုရင် သိန်း ၅၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ကားထုတ်တဲ့ ကုမ္ပဏီ တွေက ကားတွေ ပုံမှန် ထွက်နိုင်ရင်တော့ ကားဈေးတွေ ပြန်ကျမယ်လို့ထင်ပါတယ်’’ ဟု ပြောသည်။ Source: Xinhua