Local Industry

Monday, 02 December 2019 10:39

ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံးရက်ကိုထုတ်ပြန်ကြေညာ

ကုမ္ပဏီတည်ထောင်ထားပြီးလုပ်ငန်းမလုပ်သေးသည့်သူများ လည်းဒဏ်ကြေးကင်းလွတ်နိုင်ရန်ဝင်ငွေခွန်ကြေညာလွှာအချိန်မီတင်သွင်းဖို့လိုအပ်ပါကြောင်းသိရှိနိုင်ပါရန်တင်ပြအပ်ပါတယ်။ ဝင်ငွေကြေညာလွှာတင်သွင်းရမည့်နောက်ဆုံးရက်သည်၂-၁-၂၀၂၀ဖြစ်ပါသည်။ ခင်မင်လေးစားစွာဖြင့် MTO4ဌာနမှူး Source; AYK Automobile News MyanmarLogisticsGuide

Monday, 02 December 2019 10:14

မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၆၄၂ ဆိုင်အထိရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေးတိုင်းဒေသကြီးတို့တွင် စက်သုံးဆီဆိုင် ၁၇၂၀ ကျော်ရှိနေ

မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိက စက်သုံးဆီပေါင်း ၂၆၄၂ ဆိုင်အထိရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာ ဝတီ၊ ရန်ကုန်၊ မကွေးတိုင်းဒေသကြီးတို့တွင် စက်သုံးဆီဆိုင် ၁၇၂၆ ဆိုင် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနမှ သိရတယ်။၂၀၁၉ ခုနှစ် ၁၀ လဝန်းကျင်အတွင်း စက်သုံးဆီဆိုင် ၂၅၀ ကျော် ခွင့် ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၆၄၂ ဆိုင်အထိ ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့် ဖြူး ရောင်းချခွင့်လိုင်စင် ထုတ်ပေးထားသောစာရင်းများအရ သိရှိခဲ့ရပါတယ်။

Thursday, 28 November 2019 10:44

ကျဆင်းလာသော ရေနံဈေး

သွင်းကုန်အခွန်များဖယ်ရှားရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ဆွေးနွေးမှုများ တိုးတက်လာမှု နည်းပါးနေသည့်အတွက် ဈေးကွက်အတွင်း စိုးရမ်မှုများပေါ်ပေါက်နေသောကြောင့် အမေရိကန်‌ ရေနံဈေး နှစ်ရက်ဆက်တိုက် ဈေးကျသွားခဲ့ပါတယ်။West Texas Intermediate (WTI)‌ ရေနံဈေးသည့် တစ်စည်လျှင် အမေရိကန်ဒေါ်လာသို့ ကျသွားခဲ့ရာ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁၈ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။

Thursday, 28 November 2019 09:43

၂၀၁၉ ခုနှစ်တွင် တိုးတက်လာ ဘဏ်အရေအတွက်

၂၀၁၉ ခုနှစ် ဇွန်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်က ဖွင့်လှစ်ထားသော ဘဏ်ခွဲ အရေအတွက် ၁၈၅၂ ဘဏ်ရှိပြီး သုံးနှစ်အတွင်း ဘဏ်ခွဲ အရေအတွက် ၅၄၆ ဘဏ် တိုးတက်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume 1) အရ သိရပါတယ်။၂၀၁၆ ခုနှစ် ဇွန်လစာရင်းများအရ မြန် မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်မှ ဘဏ်ခွဲ ၅၁၅ ဘဏ်၊ အေတီအမ်စက် ၆၂ ခု၊ ပုဂ္ဂလိကဘဏ် ၂၄ ဘဏ်မှ ဘဏ်ခွဲ ၁၃၀၆ ဘဏ်၊ အေတီအမ်စက် ၁၅၈၆ ခု၊ နိုင်ငံခြား ဘဏ် ဘဏ်ခွဲ ၁၀ ခု၊ နိုင်ငံခြားဘဏ္ဍာရေး ကုမ္ပဏီ ၁၅ ခု၊ နိုင်ငံခြားဘဏ်ကိုယ်စားလှယ် ရုံး ၄၅ ခု ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

Wednesday, 27 November 2019 10:51

မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်သစ်ကုမ္ပဏီများကို ဖိတ်ခေါ်

ပြင်သစ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Mouvement des Enterprises de France (MEDEF)၌ ကျင်းပသည့် ပြင်သစ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ဖိတ်ခေါ်ခဲ့သည်။

Wednesday, 27 November 2019 08:03

ယနေ့ ဒေါ်လာဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း

အောက်ဖော်ပြပါ ဈေးနှုန်းများသည် အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

Monday, 25 November 2019 10:24

မော်တော်ယာဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များအတွက် ဒေတာဘဏ်တစ်ခု လုပ်ဆောင်မည်

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ပြည်သူများနှင့် အသင်းသား၊ အသင်းသူများ သတင်းအချက်အလက် ဖလှယ်နိုင်ရန် ရည်ရွယ်၍ ဒေတာဘဏ်တစ်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်လွင်၏ ပြောဆိုချက်အရ သိရပါတယ်။

Monday, 25 November 2019 03:12

ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် သုံးရက်အတွင်း တစ်လီတာလျှင် ကျပ် ၃၀ (တစ်ဂါလန် ၁၃၅ ကျပ်)စီ မြင့်တက်ခဲ့ပါတယ်။စက်သုံးဆီဈေးသည် နိုဝင်ဘာ ၂၁ ရက်အထိ တည်ငြိမ်နေသော်လည်း ၂၂ ရက်ကစ၍ ဆက်တိုက်မြင့်တက်ခြင်း ဖြစ်ပါတယ်။

Saturday, 23 November 2019 08:38

လုပ်ငန်ရှင်များအတွက် MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သောကုမ္ပဏီများအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)နှင့်အညီရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှုများ ဆောင်ရွက်နိုင်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးရုံးဖြစ် သည်နှင့် အညီ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာ လျှောက်ထားခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ကုမ္ပဏီသို့မဟုတ်အဖွဲ့အစည်းတစ်ခုသည်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် ၁၉၅၀ ခုနှစ်၊ အထူးကုမ္ပဏီအက်ဥပဒေနှင့် အညီ MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်ပါသည်။ MYCO မှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်နိုင်သောကုမ္ပဏီနှင့် အဖွဲ့အစည်းအမျိုးအစားများမှာ အောက်ပါ အတိုင်း ဖြစ်သည် −