Local Industry

Wednesday, 24 July 2019 03:46

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တိုးတက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းပထမ ခြောက်လပတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်(၉/၂၀၁၉)တွင် ဖော်ပြထားခဲ့ပါတယ်။

Tuesday, 23 July 2019 03:14

Logistics အချက်အချာ ဖြစ်လာနိုင်သည့် ထားဝယ်

ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်ကို စတင်ခဲ့ရာ၌ အကြီးစား စက်မှုလုပ်ငန်းနှင့် ဓာတုပစ္စည်း စက်ရုံများ ထူထောင်ရန် ရည်ရွယ်ခဲ့ပြီး ယခုအခါ logistics နှင့် ရေနက်ဆိပ်ကမ်းတို့ကို ဦးစားပေး အကောင်အထည် ဖော်မည် ဖြစ်သည်။ ထိုသို့ အကောင်အထည် ဖော်ပြီးပါက ထားဝယ်သည် logistics အချက်အချာ နေရာ ဖြစ်လာလိမ့်မည်။

Thursday, 18 July 2019 07:18

ဒေါ်လာတန်ဖိုး ပြန်လည်ကျဆင်း

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုး နှစ် ပတ်အတွင်း ဒုတိယအကြိမ် ပြန် လည်ကျဆင်းပြီး ဇူလိုင် ၁၇ ရက် ၌ တစ်ဒေါ်လာလျှင် ၁,၅၁၀ ကျပ် ပေါက်ဈေးရှိပါတယ်။

Wednesday, 17 July 2019 08:34

ယနေ့ ဒေါ်လာဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း

အောက်ဖော်ပြပါ ဈေးနှုန်းများသည် အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။ ယနေ့ဒေါ်လာဈေး( July 17 , 2019 ) >>>>>>>>>>>>>>>>>>>>>>>> ယနေ့ စက်သုံးဆီဈေးနှုန်း( July 17 , 2019 ) >>>>>>>>>>>>>>>>>>>>>>>>> MyanmarLogisticsGuide

Monday, 15 July 2019 08:25

နိုင်ငံခြားသားများကို အစုရှယ်ယာရောင်းဝယ်ခြင်းကို ခွင့်ပြုလိုက်ခြင်းကြောင့် စတော့ရှယ်ယာဈေးကွက် အရှိန်အဟုန်ဖြင့် တိုးတက်လာ

ရှယ်ယာအရောင်းအ၀ယ်အေးစက်နေသည့် စတော့ဈေးကွက်ကို ကုစားနိုင်ရေးအတွက် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံခွင့်ပြုပေးလိုက်ခြင်းကြောင်း အစုရှယ်ယာဈေးကွက်အရောင်းအ၀ယ် အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်ကြောင်း စတော့ဈေးကွက်ကျွမ်းကျင်သူအချို့ကဆိုသည်။

Monday, 15 July 2019 06:56

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်အတွင်း ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၂ သန်းကျော်တင်သွင်းမှု

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၂ သန်း ကျော်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် ၅၆၀,၀၀၀ ခန့် လျော့ကျပြီး ဒေါ်လာသန်း ၃၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောပြချက်အရ သိရပါတယ်။

Saturday, 13 July 2019 05:32

တစ်​ဆင့်​ခံဝယ်​လိုအား၏ ​ဈေးနှုန်းအ​ပြောင်းအလဲ​ပေါ်လိုက်​၍​ တုန့်ပြန်​​ပြော​င်းလဲနိုင်​မှု

ရှေးဦးစွာ ​ဈေးနှုန်းအ​ပေါ်လိုက်​၍ ဝယ်​လိုအား​ပြောင်းလဲမှု(Demand Elasticity) ကိုအနည်းငယ်​ရှင်းပြလိုပါတယ်​ ။ ကုန်​စည်​တစ်​ခု၏ ​ဈေးနှုန်း​ပြောင်းလဲမှု ရာခိုင်​နှုန်းနှင့်​ ထိုသို့​ဈေးနှုန်း​ပြောင်းလဲမှု​ကြောင့်​ ထိုကုန်​စည်​အ​ပေါ်ဝယ်​လိုအား​ပြောင်းလဲမှုရာခိုင်​နှုန်း တို့၏ အချိုးကို Demand Elasticity ဟု​ခေါ်ပါသည်​။

Saturday, 13 July 2019 04:11

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများဆောင်ရာတွင် ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ကြီးကြီးမားမားရှိနေ

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုပိုင်းဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ စိုးရိမ်မှုများ ရှိနေကြောင်း Oxford Business Group ( OBG) ၏ ၂၀၁၉ ခုနှစ်အတွက် Business Barometer : Myanmar CEO Survey စစ်တမ်းအရ သိရပါတယ်။

Thursday, 11 July 2019 04:35

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့် နှင့် လုပ်ငန်းစဉ်များ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ပင်လယ်ကူးသင်္ဘောကြီးများ ဆိပ်ကမ်းသို့ ၀င်ထွက်၊ ဆိုက်ကပ်နိုင်ရေးနှင့် ကုန်တင်/ကုန်ချ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးတို့အတွက် ဝန်ဆောင်မှု ပေးရသော ဌာနတစ်ခုပဲ ဖြစ်ပါတယ်။အဓိကအားဖြင့် ဆိပ်ခံတံတားများ၊ သိုလှောင်ရုံများ၊ ကုန်သို လှောင်ရန် လွင်ပြင်များနှင့် ကုန်ကိုင်တွယ် ကိရိယာများကို ပံ့ပိုးပေးရခြင်း၊ ကုန်တင်/ချ ဆောင် ရွက်ပေးရခြင်းနှင့် ဆိပ်ကမ်းသို့ ဝင်/ထွက်သည့် ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေးအတွက် ရေကြောင်းပြလုပ်ငန်း စီစဉ်ပေးရခြင်းများကို အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်မှ ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိခဲ့ပါတယ်။