Local Industry

စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ

စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ google.com

စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ သူတို့ရဲ့ အောက်ပါကွာခြားချက်တွေကို သတိထားမိပါရဲ့လား။

#ကွာခြားချက် (၁)
– စီးပွားရေးသမားတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချလို့ စွန့်စားကြတယ်။
– ဝန်ထမ်းတွေကတော့ ကြောက်ရွံ့စိုးရိမ်မှုကြောင့် မစွန့်စားကြဘူး။

 

#ကွာခြားချက် (၂)
– စီးပွားရေးသမားတွေဟာ အနာဂတ်ကို ရှုမြင်တတ်ကြတယ်။
– ဝန်ထမ်းတွေဟာ အတိတ်ကာလကနေ ရုန်းမထွက်နိုင်ကြဘူး။

 

#ကွာခြားချက် (၃)
– စီးပွားရေးသမားတွေဟာ လင်းယုန်ငှက်တွေ အမြင့်မှာ ပျံသန်းပြီး အစာရှာသလို အပေါ်စီးကနေ အခွင့်အလမ်းကို ရှာနေကြတယ်။
– ဝန်ထမ်းတွေဟာ ကြက်ကလေးတွေလို မြေကြီးမှာပဲ အစာယက်ရှာဖွေနေကြတယ်။

 

#ကွာခြားချက် (၄)
– စီးပွားရေးသမားတွေက ကြွယ်ဝချမ်းသာမှုကို ရှာနေကြတယ်။
– ဝန်ထမ်းတွေက ပိုက်ဆံရဖို့ ရှာနေကြတယ်။

 

#ကွာခြားချက် (၅)
– စီးပွားရေးသမားက ပြောတယ်။ “ခုလိုဖြစ်တာ ငါ့မှာ တာဝန်ရှိတယ်”တဲ့။
– ဝန်ထမ်းက ပြောတယ်။ “အဲ့ဒါ ကျနော့်အမှား မဟုတ်ဘူးနော်”တဲ့။

 

#ကွာခြားချက် (၆)
– စီးပွားရေးသမားတွေဟာ ကောင်းတာ တွေ့ရင် ချီးကျူးကြတယ်။ သူတို့ မှားရင်လည်း ပြင်ကြတယ်။
– ဝန်ထမ်းတွေဟာ သူများတော်ရင် မချီးကျူးဘူး။ သူတို့ မှားရင် ပြင်ဖို့ ဝန်လေးတယ်။

 

#ကွာခြားချက် (၇)
– စီးပွားရေးသမားတွေဟာ အများကြီးရဲ့ နည်းနည်းစီပဲ သိကြတယ်။
– ဝန်ထမ်းတွေဟာ နည်းနည်းလေးရဲ့ အများကြီးကို သိကြတယ်။ သူတို့ကိုယ်သူတို့ expert, specialist လို့ အပြောခံတာကို ဂုဏ်ယူနေကြတယ်။

 

# ကွာခြားချက် (၈)
– စီးပွားရေးသမားတွေဟာ ပြဿနာကို အခွင့်အလမ်းလို့ မြင်တတ်ကြတယ်။
– ဝန်ထမ်းတွေဟာ အခွင့်အလမ်းကို ပြဿနာလို့ပဲ မြင်တတ်ကြတယ်။

 

# ကွာခြားချက် (၉)
– စီးပွားရေးသမားတွေဟာ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး ထပ်ကြိုးစားကြတယ်။
– ဝန်ထမ်းတွေဟာ ရှုံးနိမ့်မှု ကြုံလာရင် စိတ်ဓါတ်ကျပြီး ထပ်မကြိုးစားတော့ဘူး

 

# ကွာခြားချက် (၁၀)
– စီးပွားရေးသမားတွေဟာ ဖျော်ဖြေမှုတွေကို ခံစားဖို့ထက် သူတို့အရည်အချင်း တိုးတက်အောင် အမြဲလုပ်နေကြတယ်။
– ဝန်ထမ်းတွေကတော့ သူတို့အရည်အချင်းတိုးတက်ဖို့ထက် ဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေကြတယ်။

 

“ဝန်ထမ်းဟာ စီးပွားရေးသမားလို စိတ်ဓါတ်မျိုး ဖြစ်လာအောင် ကြိုးစားလိုက်မယ်ဆိုရင် သူ့ဘဝဟာ အကြီးအကျယ် တိုးတက် ပြောင်းလဲသွားမှာ သေချာပါတယ်”။

 

Credit : Original Uploder

 

ReadMore  : ဒီအချက်တွေရှိလို့ကတော့ ကြီးပွားမှာ မဟုတ်ဘူး

Read times
Rate this item
(1 Vote)