Local Industry

အစိုးရဈေးနဲ့ ပြည်တွင်းဈေးကွက်ကို ဖြန့် ဖြူးရောင်းချပေးနေတဲ့ ဒီဇယ် နှင့် ဓါတ်ဆီ

အစိုးရဈေးနဲ့ ပြည်တွင်းဈေးကွက်ကို ဖြန့် ဖြူးရောင်းချပေးနေတဲ့ ဒီဇယ် နှင့် ဓါတ်ဆီ kumudra

          နေပြည်တော်၊စက်တင်ဘာလ(၁၃)ရက်။ပြည်တွင်းစက်သုံးဆီဈေးနှုန်းကြီးမြင့်နေခြင်းကို လျှော့ချနိုင်ဖို့ အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး

ဌာနအနေနဲ့ ဒီဇယ်ဂါလန်နှစ်သန်း နဲ့ ဓာတ်ဆီဂါလန်သုံးသန်းတို့ ကို သည်လကစပြီးဖြန့် ဖြူးရောင်းချပေးနေပြီလို့ သိရပါတယ်။

 

          ဝန်ကြီးဌာနအနေနဲ့ အခုလို ဖြန့် ဖြူးရောင်းချရာမှာ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းကနေတဆင့် ပြည်တွင်းဈေးကွက်ကို ဖြန့် ဖြူးရောင်းချပေးနေတာဖြစ်ပြီး ဓာတ်ဆီဂါလန်သုံးသန်းအထိ ဖြန့် ဖြူးရောင်းချပေးတာကတော့ သည်အကြိမ်ပါဆိုရင် လေးကြိမ်မြောက်ဖြစ်ပါတယ်။ဒီဇယ်ဆီရောင်းချပေးတာကတော့သည်လမှ စတင်တာဖြစ်တယ်လို့ သိရပါတယ်။

 

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှဦးဆောင်ညွှန်ကြားရေးမှူးဦးအောင်မြင့်က`စက်သုံးဆီအထိုက်အလျောက်တက်လာတဲ့အချိန်မှာ အခုလိုဈေးကွက်ထဲကို စီးဆင်းတဲ့အချိန်မှာ တက်သင့်တာလောက်တော့မတက်ပဲနဲ့ အထိုက်အလျှောက်တော့ ထိန်းသွားပါတယ် ။ ဥပမာ ကျွန်တော်တို့သည် လက်ရှိဈေးနှုန်းထဲကို ဈေးကွက်ထဲကို ဆယ်ရာခိုင်နှုန်းဝင်သွားရင် ဆယ်ရာခိုင်နှုန်းလောက်တော့သက်သာပါတယ် ကျွန်တော်တို့ ဒီလိုသာထုတ်ပြီး မရောင်းပေးဘူး လက်ကျန်တွေထဲက မရောင်းပေးဘူးဆိုရင် ကမ္ဘာ့ဈေးထက်ပိုပြီးတော့တက်မှာဖြစ်ပါတယ်`လို့ ပြောပါတယ်။

 

          ဝန်ကြီးဌာနကနေတဆင့် အသင်းကိုရောင်းချရမှာ ဓာတ်ဆီတစ်ဂါလန်ကို ၃၆၀၀ ကျပ်နဲ့ ရောင်းချပေးတာဖြစ်ပြီး အသင်းကနေ စက်သုံးဆီအရောင်းဆိုင်တွေကို ပြန်လည်ရောင်းချပေးရာမှာတော့ တစ်ဂါလန်ကို ၃၉၅၀ ကျပ်ဖြစ်ပါတယ်။ ဒီဇယ်ဆီကိုတော့ အသင်းထံ တစ်ဂါလန်ကို ၄၀၀၀ ကျပ်နဲ့ ရောင်းချပေးပြီး အသင်းကနေတဆင့်စက်သုံးဆီးအရောင်းဆိုင်တွေကို ရောင်းချပေးရာမှာတော့ တစ်ဂါလန်ကို ၄၄၀၀ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

 

          ပြန်ရောင်းမယ့်ဈေးကို ၃၅၀ ပဲထပ်ဆောင်းပြီးရောင်းရမယ်လို့ အသင်းကနေတစ်ဆင့် စီစစ်ပြီးတော့အသင်းကနေပဲ ဆိုင်တွေကိုရောင်းပေးတာဖြစ်ပါတယ်။ ဒီဇယ်ကိုတော့ ၄၄၀၀ ရောင်းရမယ်လို့ ပြောထားပါတယ်။စက်တင်ဘာမှာ စတင်ရောင်းချနေပါပြီ ဓာတ်ဆီဆိုလို့ ရှိရင် ဝယ်လိုအားက လေးသန်းလောက်ရှိပါတယ်။ကျွန်တော်တို့ ရောင်းတာ သုံးသန်းလောက်ပါ။ဒီဇယ်ဆိုလို့ ရှိရင်လည်း ရောင်းမှာက နှစ်သန်းပါ ဝယ်လိုအားက လေးသန်းလောက်ရှိပါတယ်။ဒါကိုအသင်းကနေ ကိုယ်စားတွေနဲ့ ခွဲတမ်းချပြီး ရောင်းပေးနေပါတယ်`လို့ ဦးအောင်မြင့်ကပြောပါတယ်။

 

          လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီအသုံးပြုမှုဟာ တစ်လကို ဂါလန် သန်း ၄၀ ခန့် ရှိပြီး ဒီဇယ်ကတော့ တစ်လကို ဂါလန် သန်း ၇၀ ခန့် အသုံးပြုနေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ပြည်တွင်းစက်သုံးဆီဈေးတွေဟာ တစ်လီတာကို ကျပ် ၁၀၀၀ ပတ်ချာလည်မှာရှိနေပါတယ်။

 

Source : kumudra

Read times
Rate this item
(0 votes)