Local Industry

ကိုရီးယားအကူအညီဖြင့် ဆိပ်ကြီးခနောင်တို-ဒလတံတားစီမံကိန်း ဖြစ်နိုင်ခြေလေ့လာနေ

ကိုရီးယားအကူအညီဖြင့် ဆိပ်ကြီးခနောင်တို-ဒလတံတားစီမံကိန်း ဖြစ်နိုင်ခြေလေ့လာနေ google

ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်သို့ ဆက်သွယ်ပေးမည့်တံတား တည်ဆောက်ရန် ကိုရီးယားအကူအညီဖြင့် စီမံကိန်း ဖြစ်နိုင်ခြေကို လေ့လာနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။

 

‘‘ဒလတံတားကြီးပြီးသွားရင် ဆိပ်ကြီးခနောင်တိုနဲ့ တိုက်ရိုက် ဆက်သွားလို့ရအောင်ပါ။ အခုက စီမံကိန်းဖြစ်နိုင်ခြေ လေ့လာနေ တာပါ’’ဟု ၎င်းကပြောသည်။

 

အဆိုပါလေ့လာမှုကို အချိန် သုံးလယူထားပြီး မကြာမီအစီရင် ခံစာ ထွက်လာမည်ဖြစ်ကြောင်း၊ တံတားကုန်ကျစရိတ်ပေါ်မူတည်၍ ကိုရီးယားနိုင်ငံ၏ အကူအညီရယူခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဦးကျော်ကောင်းချိုက ပြောသည်။

 

အဆိုပါတံတား တည် ဆောက်ရန် တိုင်းဒေသကြီးလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးထားကြောင်း ဆိပ် ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ပြောသည်။ လက်ရှိလေ့လာတိုင်းတာမှုသည် ဆိပ်ကြီးခနောင်တို၊ တွံတေးနှင့် ဒလမြို့နယ်အကြား တည်ရှိသည်ဟု ၎င်းကဆိုသည်။

 

စီမံကိန်းဖြစ်နိုင်ခြေလေ့လာ မှုကို ဇူလိုင် ၄ ရက်တွင် စတင်ခဲ့ သည်။ ရန်ကုန်-ဒလတံတားကို ကိုရီးယားနိုင်ငံမှ ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

 

Source: 7daydaily

 

ReadMore - သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချရန်လိုအပ်

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)