Local Industry


ပြည်တွင်း စက်သုံးဆီဈေး တစ်လီတာ ၃၀ ကျပ်စီ ပြန်ကျ google


 


 


 


 


 


 

Unicode ဖြင့်ဖက်ရှုရန်
>>>>>>>>>

 

ပြည်တွင်း စက်သုံးဆီဈေး တစ်လီတာ ၃၀ ကျပ်စီ ပြန်ကျ

 

ပြည်တွင်းစက်သုံးဆီ ဈေးသည် အောက်တိုဘာ ၁ ရက် အထိ ဆက်တိုက်မြင့်တက်ပြီး နောက် သုံးရက်အတွင်း တစ်လီ တာလျှင် ၃၀ ကျပ်စီပြန်လည်ကျ ဆင်းခဲ့ပါတယ်။

 

အောက်တိုဘာ ၄ ရက်က အောက်တိန်း-92 တစ်လီတာ လျှင် ၈၂၅ ကျပ်၊ အောက်တိန်း- 95 တစ်လီတာလျှင် ၉၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၉၂၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၉၃၀ ဈေးရှိခဲ့ပါတယ်။

 

‘‘ကမ္ဘာ့ရေနံစိမ်းဈေးဒီရက် ပိုင်းနည်းနည်းပြန်ကျတော့ ပြည် တွင်းဈေးနှုန်းပါ ပြန်ချရတဲ့သ ဘောပါ။ နည်းနည်းတော့ အ တက်၊ အကျကြမ်းသလိုဖြစ်သွား တယ်’’ ဟု စက်သုံးဆီရောင်းဝယ် ရေးဈေးကွက်ကျွမ်းကျင်သူတစ် ဦးကပြောခဲ့ပါတယ်။

 

ကမ္ဘာ့ရေနံစိမ်းဈေးသည် အောက်တိုဘာ ၄ ရက်က တစ် စည်လျှင် ၅၃ ဒေါ်လာရှိပြီး တစ် ပတ်အတွင်း တစ်ဒေါ်လာခန့်ကျ ဆင်းခဲ့ပါတယ်။

 

ထိုသို့ စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းချိန်သည် သီ တင်းကျွတ်ပိတ်ရက်နှင့်တိုက်နေ ခြင်းကြောင့် ခရီးသည်ပို့ဆောင် ရေးလုပ်ငန်းများ အဆင်ပြေ ကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ခံအချို့က ဆိုပါတယ်။

 

ယမန်နှစ်က သီတင်းကျွတ် ပိတ်ရက်အတွင်း စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်၍ အဝေးပြေးယာဉ်လိုင်းအချို့ယာဉ် စီးခတိုးမြှင့်တောင်းယူမှုများ ပြု လုပ်ခဲ့ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)